ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးသို႔ ပါတီဥကၠ႒ ဦးခင္ရီ တက္ေရာက္



ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးသို႔ ပါတီဥကၠ႒ ဦးခင္ရီ တက္ေရာက္
=============
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဇြန္လ(၂၆)ရက္ေန႔၊ ေန႔လည္(၂)နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္၊ အစည္းအေဝးခန္းမ (၁)၌ ျပဳလုပ္ေသာ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးသို႔ တက္ေရာက္ခဲ့ပါသည္။
အစည္းအေဝးတြင္ ပါတီ ဥကၠ႒မွ အဖြင့္အမွာစကားေျပာၾကားရာ ဘယ္လာ႐ုစ္ႏိုင္ငံတြင္ က်င္းပခဲ့သည့္ဖိုရမ္သို႔ တက္ေရာက္ခဲ့သည့္ အေတြ႕အႀကဳံမ်ား၊ ႏွစ္ႏိုင္ငံပါတီခ်င္း ပါတီလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားႏိုင္ေရးႏွင့္ ပါတီလုပ္ငန္းမ်ားစဥ္ဆက္မျပတ္လုပ္ေဆာင္ေနေရးတို႔ကို ေဆြးေႏြးမွာၾကားခဲ့ပါသည္။
ထို႔ေနာက္ ဒုတိယဥကၠ႒ဦးလွထြန္းႏွင့္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊တြဲဖက္အေထြေထြအတြင္းေရးဦးတင္ေအာင္ခ်စ္တို႔မွ ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ေနမႈ အေျခအေနကိုရွင္းလင္းေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာေသာ ဗဟိုအလုပ္အမႈေဆာင္မ်ားကလည္း သက္ဆိုင္ရာေရးရာက႑မ်ားအလိုက္ တင္ျပေဆြးေႏြးကာ ညေန(၅)နာရီအခ်ိန္တြင္ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝး ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါအစည္းအေဝးသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်
=============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဇွန်လ(၂၆)ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် ပါတီဌာနချုပ်၊ အစည်းအဝေးခန်းမ (၁)၌ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပခဲ့သည့်ဖိုရမ်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများ၊ နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေးနှင့် ပါတီလုပ်ငန်းများစဥ်ဆက်မပြတ်လုပ်ဆောင်နေရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌဦးလှထွန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊တွဲဖက်အထွေထွေအတွင်းရေးဦးတင်အောင်ချစ်တို့မှ ပါတီလုပ်ငန်းများလုပ်ဆောင်နေမှု အခြေအနေကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်များကလည်း သက်ဆိုင်ရာရေးရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကာ ညနေ(၅)နာရီအချိန်တွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။




