တ႐ုတ္က ေရဆူမွတ္အထက္တြင္ အလုပ္လုပ္ႏိုင္သည့္ ဘက္ထရီကိုတီထြင္

တ႐ုတ္က ေရဆူမွတ္အထက္တြင္ အလုပ္လုပ္ႏိုင္သည့္ ဘက္ထရီကိုတီထြင္
==============================
တ႐ုတ္ႏိုင္ငံမွသိပၸံပညာရွင္မ်ားသည္ ေရဆူမွတ္အထက္တြင္ပင္ေကာင္းစြာ အလုပ္လုပ္ႏိုင္စြမ္းရွိသည့္ လီသီယံ-အိုင္းယြန္းဘက္ထရီတစ္မ်ိဳးကို ဖန္တီးလိုက္ေၾကာင္းသိရသည္။

ထိုဘက္ထရီကိုအေပၚယံတြင္ ေႂကြအလႊာျဖင့္ကာကြယ္ေပးထားသည့္အတြက္ အလြန္ျပင္းထန္ေသာအပူခ်ိန္ကို ခံႏိုင္ရည္ရွိေသာေၾကာင့္ စမတ္ဆင္ဆာမ်ား၊ ေလေၾကာင္းအာကာသသုံးပစၥည္းမ်ားႏွင့္ စစ္ဘက္သုံးပစၥည္းမ်ားအတြက္ ေဘးကင္းစိတ္ခ်မႈရွိေသာ စြမ္းအင္အရင္းအျမစ္ကို ေပးစြမ္းႏိုင္မည္ျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ားကေျပာသည္။

ယခုဖန္တီးထားသည့္ဘက္ထရီသည္ အလြယ္တကူေပါက္ကြဲႏိုင္ေသာ သမား႐ိုးက် လီသီယံ-အိုင္းယြန္းဘက္ထရီမ်ားႏွင့္ မတူဘဲ အပူခ်ိန္ကို ၁၅၀ ဒီဂရီစင္တီဂရိတ္အထိခံႏိုင္ရည္ရွိကာ ၃၀၀ ဒီဂရီစင္တီဂရိတ္အထိအပူခ်ိန္ကို ေခတၱခံႏိုင္ရည္ရွိေသာေၾကာင့္ ၾကမ္းတမ္းျပင္းထန္ေသာ ပတ္ဝန္းက်င္အတြက္ သင့္ေလ်ာ္မႈရွိေၾကာင္းသိရသည္။

Ref: SCMP


တရုတ်က ရေဆူမှတ်အထက်တွင် အလုပ်လုပ်နိုင်သည့် ဘက်ထရီကိုတီထွင်
==============================
တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များသည် ရေဆူမှတ်အထက်တွင်ပင်ကောင်းစွာ အလုပ်လုပ်နိုင်စွမ်းရှိသည့် လီသီယံ-အိုင်းယွန်းဘက်ထရီတစ်မျိုးကို ဖန်တီးလိုက်ကြောင်းသိရသည်။

ထိုဘက်ထရီကိုအပေါ်ယံတွင် ကြွေအလွှာဖြင့်ကာကွယ်ပေးထားသည့်အတွက် အလွန်ပြင်းထန်သောအပူချိန်ကို ခံနိုင်ရည်ရှိသောကြောင့် စမတ်ဆင်ဆာများ၊ လေကြောင်းအာကာသသုံးပစ္စည်းများနှင့် စစ်ဘက်သုံးပစ္စည်းများအတွက် ဘေးကင်းစိတ်ချမှုရှိသော စွမ်းအင်အရင်းအမြစ်ကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များကပြောသည်။

ယခုဖန်တီးထားသည့်ဘက်ထရီသည် အလွယ်တကူပေါက်ကွဲနိုင်သော သမားရိုးကျ လီသီယံ-အိုင်းယွန်းဘက်ထရီများနှင့် မတူဘဲ အပူချိန်ကို ၁၅၀ ဒီဂရီစင်တီဂရိတ်အထိခံနိုင်ရည်ရှိကာ ၃၀၀ ဒီဂရီစင်တီဂရိတ်အထိအပူချိန်ကို ခေတ္တခံနိုင်ရည်ရှိသောကြောင့် ကြမ်းတမ်းပြင်းထန်သော ပတ်ဝန်းကျင်အတွက် သင့်လျော်မှုရှိကြောင်းသိရသည်။

Ref: SCMP