ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီတာဝန်ရှိသူများ မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ရပ်ကျေးပါတီ ကော်မတီများ နှင့်တွေ့ဆုံ

 

မြိတ် သြဂုတ် ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိပြီး မြိတ်ခရိုင်၊ ကျွန်းစု၊ တနင်္သာရီ၊ မြိတ်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့သည်။

Read more

UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်သုံးဦးစာရင်းတွင် စီရိုနယ်ဒို၊ ဗန်ဒစ်နှင့် မက်ဆီတို့ မဲပေး ရွေးချယ်ခံရ

UEFA တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းကို ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ဂျူဗင်တပ်တိုက်စစ်မှူး စီရိုနယ်ဒို၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် လီဗာပူးခံစစ်မှူး ဗန်ဒစ်တို့ ရွေးချယ်ခံခဲ့ရသည်။ အဆိုပါသုံးဦးထဲမှ တစ်နှစ်တာအကောင်းဆုံးဆု ရရှိမည့်သူကို ချန်ပီယံလိဂ်အုပ်စု မဲခွဲပွဲကျင်းပမည့် ဩဂုတ် ၂၉ ရက်တွင် မဲခွဲပွဲနှင့်အတူပေးအပ်သွားမည်ဖြစ်သည်။

Read more

တန်ကြေးအကြီးဆုံးကစားသမားအဖြစ် PSG တိုက်စစ်မှူး အမ်ဘပ်ပီ ရပ်တည်

CIES Football Observatory အဖွဲ့မှ နောက်ဆုံးထုတ်ပြန်လိုက်သော လက်ရှိတန်ကြေးအကြီးဆုံး ဘောလုံးသမားများထဲတွင် PSGအသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘပ်ပီက တန်ကြေးအကြီးဆုံးကစား သမားအဖြစ် တန်ကြေး ပေါင်သန်း၂၃၀ဖြင့် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။

Read more

ဟောင်ကောင် ဆန္ဒပြပွဲ လူတစ်သန်းကျော် လမ်းပေါ်ထွက်လာ

ဟောင်ကောင်သားတွေဟာ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေမှာ လူတစ်သန်းကျော် ပြန်လည် ပါဝင်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးဘက်က ခြိမ်းခြောက်မှုတွေ လုပ်ဆောင် လာပြီးတဲ့နောက် မိုးထဲရေထဲမှာတောင် ဆန္ဒပြသူတွေ အင်အား တိုးလာခဲ့တာပါ။ ဆန္ဒပြပွဲ စီစဉ်သူတွေက ဆန္ဒပြသူ ၁ ဒသမ ၇ သန်းကျော် ရှိတယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က တော့ ဆန္ဒပြပွဲ စတင်တဲ့နေရာမှာ လူ ၁၂၈၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Read more

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုများ နိဗ္ဗာန်ရည်မှန်းပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ နံနက် ၁ဝ နာရီက ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

Read more

(၅၈) နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ပြည်ခိုင်ဖြိုးပါတီ တက်ရောက် လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၆) ရပ်ကွက်ပုလဲရတနာလမ်းရှိ ပိဋကသုံးပုံနိကာယ် စာသင်တိုက်တွင် ယမန်နေ့ နံနက် ၈ နာရီခန့်က နိုင်ငံတော်ဘာသာ သာသနာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်း (၅၈) နှစ်မြောက်အထိမ်း အမှတ်ကုသိုလ်ပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေး လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Read more

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ တက်ရောက် ကုသိုလ်ယူ

 

စစ်တွေ သြဂုတ် ၁၅

စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ တက်ရောက် ကုသိုလ်ယူခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာမြောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန် ကျောင်းတိုက်တွင် (ယမန်နေ့) ဝါခေါင်လပြည်နေ့ (ဥပုသ်နေ့) နံနက် ၉ နာရီက စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

Read more

ကလောမြို့နယ်ရှိ ကျေးရွာအချို့မှာ ပြည်ခိုင်ဖြိုးနယ်လှည့် ဆေးကုသပေး

 

ကလော၊ သြဂုတ် ၁၅

ပြည်ခိုင်ဖြိုးပါတီက ကလောမြို့နယ်မှာရှိတဲ့ ကျေးရွာအချို့မှာ အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းတွေကို သုံးရက်ကြာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့် ဦးဆောင်တဲ့ ဆေးကုသရေး အဖွဲ့က ဒုတိယမြှောက်နေ့မှာတော့ ကလောမြို့နယ် ဘော်နင်းကျေးရွာမှာ ကျေးရွာပေါင်း ၂၂ ရွာက ဒေသခံ သုံးရာဝန်းကျင်းက လာရောက်ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Read more