စာခ်ဳပ္စည္းကမ္းမ်ားကို မလိုက္နာပါက အီရန္အေပၚ အခ်ိန္မေ႐ြးဗုံးႀကဲမည္ဟု ထရမ့္သတိေပး

စာခ်ဳပ္စည္းကမ္းမ်ားကို မလိုက္နာပါက အီရန္အေပၚ အခ်ိန္မေ႐ြးဗုံးႀကဲမည္ဟု ထရမ့္သတိေပး
==================
အေမရိကန္ႏွင့္ အီရန္ႏိုင္ငံတို႔အၾကား ျဖစ္ပြားေနသည့္ စစ္ပြဲကိုအဆုံးသတ္ရန္ သေဘာတူညီခ်က္ကို လက္မွတ္မထိုးမီ ႏွစ္ရက္အလိုတြင္ အီရန္အေနျဖင့္သေဘာတူညီခ်က္ပါ ကတိကဝတ္မ်ားကိုလိုက္နာျခင္း မရွိပါက အီရန္အေပၚ အခ်ိန္မေ႐ြးဗုံးႀကဲမည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဇြန္လ ၁၇ ရက္တြင္ ျပင္းထန္စြာ သတိေပးလိုက္သည္။
ဇြန္လ ၁၉ ရက္တြင္ ဆြစ္ဇာလန္ႏိုင္ငံ၌ လက္မွတ္ထိုးရန္စီစဥ္ထားသည့္ သေဘာတူညီခ်က္ႏွင့္ပတ္သက္၍ “ဒါဟာ အၿပီးသတ္ဆုံးျဖတ္ခ်က္ မဟုတ္ေသးပါဘူး။ နားလည္မႈစာခြၽန္လႊာအဆင့္ပဲ ရွိပါေသးတယ္” ဟု ျပင္သစ္ႏိုင္ငံ၌က်င္းပေနသည့္G7 ထိပ္သီးအစည္းအေဝးအတြင္း ထရမ့္ကေျပာထားသည္။
အေမရိကန္ႏွင့္ အစၥေရး ပူးေပါင္းမႈျဖင့္ အီရန္ႏိုင္ငံအေပၚ စတင္ခဲ့သည့္ စစ္ပြဲသည္ ေဖေဖာ္ဝါရီလ၂၈ ရက္တြင္စတင္ ျဖစ္ပြားျခင္းျဖစ္ၿပီး ဧၿပီလတြင္ အပစ္အခတ္ ရပ္စဲေရးရရွိကာ ယခုအခါ အေမရိကန္ႏွင့္အီရန္တို႔ၾကား ၿငိမ္းခ်မ္းေရး ရရွိရန္ မူေဘာင္အျဖစ္ နားလည္မႈစာခြၽန္လႊာကို သေဘာတူထားၿပီျဖစ္သည္။ ထိုနားလည္မႈစာခြၽန္လႊာကို လက္မွတ္ထိုးၿပီးသည္ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုခ်က္ခ်င္းစတင္မည္ျဖစ္ၿပီး ရက္ေပါင္း ၆၀ အတြင္း အၿပီးသတ္ ေဆြးေႏြးရမည္ျဖစ္သည္။
_Ref: AGC
စာချုပ်စည်းကမ်းများကို မလိုက်နာပါက အီရန်အပေါ် အချိန်မရွေးဗုံးကြဲမည်ဟု ထရမ့်သတိပေး
==================
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကိုအဆုံးသတ်ရန် သဘောတူညီချက်ကို လက်မှတ်မထိုးမီ နှစ်ရက်အလိုတွင် အီရန်အနေဖြင့်သဘောတူညီချက်ပါ ကတိကဝတ်များကိုလိုက်နာခြင်း မရှိပါက အီရန်အပေါ် အချိန်မရွေးဗုံးကြဲမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၇ ရက်တွင် ပြင်းထန်စွာ သတိပေးလိုက်သည်။
ဇွန်လ ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ လက်မှတ်ထိုးရန်စီစဉ်ထားသည့် သဘောတူညီချက်နှင့်ပတ်သက်၍ “ဒါဟာ အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်သေးပါဘူး။ နားလည်မှုစာချွန်လွှာအဆင့်ပဲ ရှိပါသေးတယ်” ဟု ပြင်သစ်နိုင်ငံ၌ကျင်းပနေသည့်G7 ထိပ်သီးအစည်းအဝေးအတွင်း ထရမ့်ကပြောထားသည်။
အမေရိကန်နှင့် အစ္စရေး ပူးပေါင်းမှုဖြင့် အီရန်နိုင်ငံအပေါ် စတင်ခဲ့သည့် စစ်ပွဲသည် ဖေဖော်ဝါရီလ၂၈ ရက်တွင်စတင် ဖြစ်ပွားခြင်းဖြစ်ပြီး ဧပြီလတွင် အပစ်အခတ် ရပ်စဲရေးရရှိကာ ယခုအခါ အမေရိကန်နှင့်အီရန်တို့ကြား ငြိမ်းချမ်းရေး ရရှိရန် မူဘောင်အဖြစ် နားလည်မှုစာချွန်လွှာကို သဘောတူထားပြီဖြစ်သည်။ ထိုနားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပြီးသည်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုချက်ချင်းစတင်မည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် ဆွေးနွေးရမည်ဖြစ်သည်။
_Ref: AGC




