၂၀၂၇ အတြက္ သူနာျပဳ-သားဖြားဒီပလိုမာသင္တန္းမ်ား စတင္ေလွ်ာက္ထားႏိုင္ၿပီ

၂၀၂၇ အတြက္ သူနာျပဳ-သားဖြားဒီပလိုမာသင္တန္းမ်ား စတင္ေလွ်ာက္ထားႏိုင္ၿပီ
=======================
၂၀၂၇ ခုႏွစ္ ဇန္နဝါရီ ၅ ရက္တြင္ ဖြင့္လွစ္မည့္ သူနာျပဳ-သားဖြားဒီပလိုမာ (၃) ႏွစ္သင္တန္းႏွင့္ ဘက္စုံသားဖြားဒီပလိုမာ (၂) ႏွစ္သင္တန္းမ်ားအတြက္ ေလွ်ာက္လႊာမ်ားကို စတင္လက္ခံေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းမ်ားသို႔ ျမန္မာႏိုင္ငံသားျဖစ္ၿပီး တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္ထားသူမ်ား ေလွ်ာက္ထားႏိုင္ကာ ၂၀၂၆ ခုႏွစ္မတိုင္မီ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ထားသူမ်ားသာ ေလွ်ာက္ထားခြင့္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ေလွ်ာက္ထားသူသည္ ေလွ်ာက္လႊာပိတ္ရက္ျဖစ္သည့္ ၂၀၂၆ ခုႏွစ္ ဩဂုတ္ ၂၈ ရက္တြင္ အသက္ (၂၅) ႏွစ္ထက္ မေက်ာ္လြန္သူ၊ ျပစ္မႈကင္းရွင္းသူ၊ အက်င့္စာရိတၱေကာင္းမြန္သူ၊ အိမ္ေထာင္မရွိသူျဖစ္ရမည္ျဖစ္ၿပီး အနည္းဆုံး အရပ္ (၅) ေပရွိကာ က်န္းမာေရးေကာင္းမြန္သူ ျဖစ္ရမည္ဟု သိရသည္။

သင္တန္းဝင္ခြင့္ေ႐ြးခ်ယ္ရာတြင္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ သခ်ၤာဘာသာရပ္ (၃) ခု၏ စုစုေပါင္းရမွတ္အေပၚ မူတည္၍ ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို က်န္းမာေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၏ ဝက္ဘ္ဆိုက္မ်ားမွ ရယူႏိုင္ၿပီး လိုအပ္ေသာ အေထာက္အထားစာ႐ြက္စာတမ္းမ်ားႏွင့္အတူ တကၠသိုလ္ဝင္တန္းေအာင္ျမင္ခဲ့သည့္ စာစစ္ဌာနတည္ရွိရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနသို႔ ၂၀၂၆ ခုႏွစ္ ဩဂုတ္ ၂၈ ရက္ ေနာက္ဆုံးထား၍ ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္သည္။

သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ား၏ အမည္စာရင္းကို ၂၀၂၆ ခုႏွစ္ ႏိုဝင္ဘာ ၂၇ ရက္တြင္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၊ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမ်ား၊ သင္တန္းေက်ာင္းမ်ား၌ ထုတ္ျပန္ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အေသးစိတ္အခ်က္အလက္မ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမ်ားႏွင့္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန (သူနာျပဳဌာန) သို႔ ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။


၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ
=======================
၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများသို့ မြန်မာနိုင်ငံသားဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်ကာ ၂၀၂၆ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာ လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လျှောက်ထားသူသည် လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် အသက် (၂၅) နှစ်ထက် မကျော်လွန်သူ၊ ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ အိမ်ထောင်မရှိသူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး အရပ် (၅) ပေရှိကာ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဟု သိရသည်။

သင်တန်းဝင်ခွင့်ရွေးချယ်ရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် (၃) ခု၏ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်များမှ ရယူနိုင်ပြီး လိုအပ်သော အထောက်အထားစာရွက်စာတမ်းများနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် စာစစ်ဌာနတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ သင်တန်းကျောင်းများ၌ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (သူနာပြုဌာန) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။