
========================




ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ မျက်စိအတွင်းတိမ်လူနာများကို အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်
========================
ကျန်းမာရေးဝန်ကြီးဌာန၊ ပုသိမ်မြိုပြည်သူ့ဆေးရုံကြီး ၌ မျက်စိအတွင်းတိမ်လူနာများအား အခမဲ့စမ်းသပ်ခွဲ စိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြိုနယ်ရှိဒေသခံများနှင့် အနီးဝန်းကျင်ဒေသများမှ မျက်စိအတွင်းတိမ်လူနာ(၁၅၀)ဦးကို မျက်စိအ ထူးကုဆရာဝန်ကြီးများက အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အတွင်းတိမ်လူနာများစမ်းသပ်စစ်ဆေးခြင်းကို ဇွန် ၂၂ ရက်မှ ဇွန် ၂၄ ရက်အထိ၊ အတွင်းတိမ်လူနာများ ခွဲစိတ်ကုသခြင်းကို ဇွန် ၂၅ ရက်မှ ဇွန် ၂၈ ရက်အထိပြုလုပ်သွားမည်ဖြစ်ရာ ကုသမှုခံယူလိုသူများအနေဖြင့် ယနေ့ ဇွန် ၁၈ ရက်မှစ၍ ပုသိမ်မြိုပြည်သူ့ဆေးရုံကြီး၏ ဧည့်ကြိုဌာန၌ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။