ေပၚတူဂီအသင္းႏွင့္ ဒီအာရ္ကြန္ဂိုအသင္းတို႔ သ ေရ က်

ေပၚတူဂီအသင္းႏွင့္ ဒီအာရ္ကြန္ဂိုအသင္းတို႔ သ ေရ က်
=====================
မေန႔က ၂၀၂၆ ဖီဖာ ကမာၻ႔ဖလား အုပ္စု (K) ပြဲစဥ္အျဖစ္ ေပၚတူဂီအသင္းနဲ႔ ဒီအာရ္ကြန္ဂိုအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာ တဖက္ ၁ ဂိုးစီနဲ႔ သေရက်သြားပါတယ္။ အုပ္စုအဖြင့္ပြဲစဥ္မွာ နည္းျပေရာ္ဘတ္တို မာတီးနက္ဇ္ရဲ႕ ေပၚတူဂီအသင္းဟာ ၇၅ ရာခိုင္ႏႈန္းအထိ ေဘာလုံးပိုင္ဆိုင္မႈရွိခဲ့ေပမဲ့ စိတ္ပ်က္ဖြယ္ သေရရလဒ္နဲ႔ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။
ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာလည္း ပြဲထြက္လူစာရင္းမွ ပါဝင္ခဲ့ေပမဲ့ ႐ုန္းကန္ခဲ့ရၿပီး ေမွ်ာ္မွန္းထားသလို သက္ေရာက္မႈမ်ိဳး မျပႏိုင္ခဲ့ဘဲ အခြင့္အေရး ၂ ႀကိမ္ကို လြဲေခ်ာ္ခဲ့ကာ အဓိကၿပိဳင္ပြဲႀကီးေတြမွာ ဂိုးမသြင္းႏိုင္တာ ၁၀ ပြဲအထိရွိသြားၿပီျဖစ္ပါတယ္။ ကမာၻ႔အဆင့္ ၄၆ ရွိ ဒီအာရ္ ကြန္ဂိုအသင္းဟာ ခံစစ္ကို ေကာင္းမြန္စြာ ကစားႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ေတြနဲ႔ ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ေတြအတြက္ ပိုမိုခက္ခဲတဲ့ အသင္း ျဖစ္လာဖို႔ ရွိပါတယ္။ ေပၚတူဂီအသင္းဟာ ဇြန္ ၂၃ ရက္မွာ ဟူစတန္ၿမိဳ႕မွာ ဥဇဘက္ကစၥတန္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ဒီအာရ္ ကြန္ဂိုအသင္းကေတာ့ ကိုလံဘီယာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။
ပေါ်တူဂီအသင်းနှင့် ဒီအာရ်ကွန်ဂိုအသင်းတို့ သရေကျ
=====================
မနေ့က ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (K) ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနဲ့ ဒီအာရ်ကွန်ဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်မှာ နည်းပြရော်ဘတ်တို မာတီးနက်ဇ်ရဲ့ ပေါ်တူဂီအသင်းဟာ ၇၅ ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်မှုရှိခဲ့ပေမဲ့ စိတ်ပျက်ဖွယ် သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာလည်း ပွဲထွက်လူစာရင်းမှ ပါဝင်ခဲ့ပေမဲ့ ရုန်းကန်ခဲ့ရပြီး မျှော်မှန်းထားသလို သက်ရောက်မှုမျိုး မပြနိုင်ခဲ့ဘဲ အခွင့်အရေး ၂ ကြိမ်ကို လွဲချော်ခဲ့ကာ အဓိကပြိုင်ပွဲကြီးတွေမှာ ဂိုးမသွင်းနိုင်တာ ၁၀ ပွဲအထိရှိသွားပြီဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၄၆ ရှိ ဒီအာရ် ကွန်ဂိုအသင်းဟာ ခံစစ်ကို ကောင်းမွန်စွာ ကစားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေအတွက် ပိုမိုခက်ခဲတဲ့ အသင်း ဖြစ်လာဖို့ ရှိပါတယ်။ ပေါ်တူဂီအသင်းဟာ ဇွန် ၂၃ ရက်မှာ ဟူစတန်မြို့မှာ ဥဇဘက်ကစ္စတန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီအာရ် ကွန်ဂိုအသင်းကတော့ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။




