အာမိုရင္မ္ကို နည္းျပသစ္အျဖစ္ (၂)ႏွစ္စာခ်ဳပ္နဲ႔ ေအစီမီလန္အသင္း ခန႔္အပ္

အာမိုရင္မ္ကို နည္းျပသစ္အျဖစ္ (၂)ႏွစ္စာခ်ဳပ္နဲ႔ ေအစီမီလန္အသင္း ခန႔္အပ္
===========================
ေအစီမီလန္အသင္းက မန္ယူနည္းျပေဟာင္း အာမိုရင္မ္ကို နည္းျပသစ္အျဖစ္ (၂)ႏွစ္စာခ်ဳပ္နဲ႔ ခန႔္အပ္လိုက္ေၾကာင္း သိရပါတယ္။

ေအစီမီလန္အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ရာသီအဆုံးသတ္ၿပီးရက္ပိုင္းအတြင္းမွာပဲ နည္းျပ အယ္လီဂရီကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး အခု အာမိုရင္မ္ကို ခန႔္အပ္ခဲ့တာပါ။

အာမိုရင္မ္ကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ မန္ယူနည္းျပရာထူးက ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနခဲ့သူျဖစ္ၿပီး ေပၚတူဂီအသင္းေတြနဲ႔ သတင္းထြက္ခဲ့ေပမဲ့ ေအစီမီလန္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တာပါ။

ေအစီမီလန္အသင္းက အာမိုရင္မ္ကို ၂၀၂၈ ခုႏွစ္အထိ (၂)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

မန္ယူအသင္းက အာမိုရင္မ္နဲ႔ နည္းျပအဖြဲဝင္ေတြကို ထုတ္ပယ္ခဲ့ျခင္းအတြက္ ေလ်ာ္ေၾကးေပါင္(၁၅.၉)သန္း ေပးေခ်ရမွာျဖစ္ေပမဲ့ အခု အာမိုရင္မ္က သတ္မွတ္ကာလအတြင္းမွာ ေအစီမီလန္နည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရတာေၾကာင့္ ေလ်ာ္ေၾကးေပါင္ (၅.၉)သန္းသာ ေပးေခ်ရေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။


အာမိုရင်မ်ကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ အေစီမီလန်အသင်း ခန့်အပ်
===========================
အေစီမီလန်အသင်းက မန်ယူနည်းပြဟောင်း အာမိုရင်မ်ကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

အေစီမီလန်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ရာသီအဆုံးသတ်ပြီးရက်ပိုင်းအတွင်းမှာပဲ နည်းပြ အယ်လီဂရီကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အခု အာမိုရင်မ်ကို ခန့်အပ်ခဲ့တာပါ။

အာမိုရင်မ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မန်ယူနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး ပေါ်တူဂီအသင်းတွေနဲ့ သတင်းထွက်ခဲ့ပေမဲ့ အေစီမီလန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။

အေစီမီလန်အသင်းက အာမိုရင်မ်ကို ၂၀၂၈ ခုနှစ်အထိ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းက အာမိုရင်မ်နဲ့ နည်းပြအဖွဲဝင်တွေကို ထုတ်ပယ်ခဲ့ခြင်းအတွက် လျော်ကြေးပေါင်(၁၅.၉)သန်း ပေးချေရမှာဖြစ်ပေမဲ့ အခု အာမိုရင်မ်က သတ်မှတ်ကာလအတွင်းမှာ အေစီမီလန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာကြောင့် လျော်ကြေးပေါင် (၅.၉)သန်းသာ ပေးချေရတော့မှာဖြစ်ကြောင်း သိရပါတယ်။