ယူကရိန္းက ေမာ္စကိုၿမိဳ႕ေပၚသို႔ ဒ႐ုန္းအစင္း ၂၀၀ ခန႔္ျဖင့္တိုက္ခိုက္ဟု ႐ုရွားေျပာ

ယူကရိန္းက ေမာ္စကိုၿမိဳ႕ေပၚသို႔ ဒ႐ုန္းအစင္း ၂၀၀ ခန႔္ျဖင့္တိုက္ခိုက္ဟု ႐ုရွားေျပာ
=========================
ယူကရိန္းစစ္ဘက္က ေမာ္စကိုၿမိဳ႕ေပၚသို႔ ဒ႐ုန္းအစင္း ၂၀၀ ခန႔္ျဖင့္ တိုက္ခိုက္မႈလုပ္ေဆာင္ေၾကာင္းႏွင့္ ယင္းတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ ၁၇ ဦး ဒဏ္ရာရရွိေၾကာင္း ႐ုရွားတာဝန္ရွိသူမ်ားက ထုတ္ျပန္သည္။

ယူကရိန္းစစ္ဘက္သည္ ဇြန္လ ၁၇ ရက္ညပိုင္းတြင္ ေမာ္စကိုၿမိဳ႕ကို ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ ဒ႐ုန္းမ်ားအနက္ ၁၉၄ စင္းကို ႐ုရွားေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕က ဟန႔္တား ပစ္ခ်လိုက္ႏိုင္ေၾကာင္း၊ အခ်ိဳ႕ေသာဒ႐ုန္းမ်ား

သည္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မွ လြတ္ေျမာက္ကာ ပစ္မွတ္မ်ားေပၚသို႔ က်ေရာက္၍ ေပါက္ကြဲမႈျဖစ္ပြားေၾကာင္း ဒ႐ုန္းမ်ားစြာသည္ ေမာ္စကိုေရနံခ်က္စက္႐ုံအေပၚ က်ေရာက္ေသာေၾကာင့္ ေပါက္ကြဲမႈမ်ားႏွင့္ မီးေလာင္မႈမ်ား ျဖစ္ေၾကာင္း ေမာ္စကိုၿမိဳ႕ေတာ္ဝန္ႏွင့္ မီးသတ္တပ္ဖြဲ႕မွတာဝန္ရွိသူမ်ားက ဇြန္လ ၁၈ ရက္တြင္ေျပာသည္။

အဆိုပါ ဒ႐ုန္းတိုက္ခိုက္မႈမ်ားေၾကာင့္ ဒဏ္ရာရရွိသူမ်ားတြင္ ကေလးငယ္ႏွစ္ဦးပါဝင္ေၾကာင္း၊ ဒ႐ုန္းတိုက္ခိုက္မႈျဖစ္စဥ္ျဖစ္ပြားစဥ္ ေမာ္စကိုၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာေလဆိပ္ေလးခုစလုံးကို ပိတ္လိုက္ရေၾကာင္းႏွင့္ ေလေၾကာင္းခရီးစဥ္ ၅၂၇ ခုကို ဖ်က္သိမ္းျခင္း သို႔မဟုတ္ ေစာင့္ဆိုင္းျခင္းတို႔ လုပ္ေဆာင္လိုက္ရေၾကာင္း ေလေၾကာင္းတာဝန္ရွိသူမ်ားကေျပာသည္။

Ref: RT


ယူကရိန်းက မော်စကိုမြို့ပေါ်သို့ ဒရုန်းအစင်း ၂၀၀ ခန့်ဖြင့်တိုက်ခိုက်ဟု ရုရှားပြော
=========================
ယူကရိန်းစစ်ဘက်က မော်စကိုမြို့ပေါ်သို့ ဒရုန်းအစင်း ၂၀၀ ခန့်ဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ကြောင်းနှင့် ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၇ ဦး ဒဏ်ရာရရှိကြောင်း ရုရှားတာဝန်ရှိသူများက ထုတ်ပြန်သည်။

ယူကရိန်းစစ်ဘက်သည် ဇွန်လ ၁၇ ရက်ညပိုင်းတွင် မော်စကိုမြို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဒရုန်းများအနက် ၁၉၄ စင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ဟန့်တား ပစ်ချလိုက်နိုင်ကြောင်း၊ အချို့သောဒရုန်းများ

သည် လေကြောင်းရန်ကာကွယ်ရေးစနစ်မှ လွတ်မြောက်ကာ ပစ်မှတ်များပေါ်သို့ ကျရောက်၍ ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒရုန်းများစွာသည် မော်စကိုရေနံချက်စက်ရုံအပေါ် ကျရောက်သောကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ကြောင်း မော်စကိုမြို့တော်ဝန်နှင့် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများက ဇွန်လ ၁၈ ရက်တွင်ပြောသည်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသူများတွင် ကလေးငယ်နှစ်ဦးပါဝင်ကြောင်း၊ ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားစဉ် မော်စကိုမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်လေးခုစလုံးကို ပိတ်လိုက်ရကြောင်းနှင့် လေကြောင်းခရီးစဉ် ၅၂၇ ခုကို ဖျက်သိမ်းခြင်း သို့မဟုတ် စောင့်ဆိုင်းခြင်းတို့ လုပ်ဆောင်လိုက်ရကြောင်း လေကြောင်းတာဝန်ရှိသူများကပြောသည်။

Ref: RT