မော်ရင်ဟိုကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တဲ့ ရီးယဲလ်အသင်း

==================================
ရီးယဲလ်အသင်းက မော်ရင်ဟိုကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း မနေ့က အတည်ပြုကြေညာခဲ့ပါတယ်။

ရီးယဲလ်အသင်းက မော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲဖို သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ကြေညာထားပေမဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်းကိုတော့ မနေ့ကမှ အတည်ပြုခဲ့တာပါ။

ရီးယဲလ်အသင်းက ပေါ်တူဂီနည်းပြ မော်ရင်ဟိုနဲ့ ၂၀၁၀ ကနေ ၂၀၁၃ အထိ တစ်ကြိမ်လက်တွဲခဲ့ဖူးပြီး အခု ဒုတိယအကြိမ် ပြန်လည်လက်တွဲတာပါ။

အသက်(၆၃)နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုက ချယ်လ်ဆီး၊ အင်တာမီလန်၊ မန်ယူ၊ စပါး၊ ရိုးမား စတဲ့ ဥရောပထိပ်သီးအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး နောက်ဆုံးကိုင်တွယ်ခဲ့တာကတော့ ဘင်ဖီကာအသင်းပါ။

မော်ရင်ဟိုက ဘင်ဖီကာနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် ရီးယဲလ်အသင်းအနေနဲ့ ဘင်ဖီကာအသင်းကို လျော်ကြေးယူရို(၁၅)သန်း ပေးချေခဲ့ရကြောင်းလည်း သိရပါတယ်။

ရီးယဲလ်အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်မှုကို ဇူလိုင်(၁၃)မှာ စတင်မှာဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ တစ်ကျော့ပြန်ရီးယဲလ်နည်းပြဘဝကို အဲဒီနေ့မှာ အစပြုမှာဖြစ်ကြောင်း သိရပါတယ်။

မော်ရင်ဟိုက ရီးယဲလ်အသင်းကို ပထမအကြိမ် ကိုင်တွယ်စဉ်က မရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ဒီတစ်ကြိမ်မှာ ရယူနိုင်ဖို မျှော်လင့်နေကြောင်း သိရပါတယ်။