အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၉ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး

 

မြဝတီ၊ သြဂုတ် ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆာင်သော ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ဒေသတွင် ကျင်းပပြုလုပ်သော
အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၉ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့သည်။

Read more

အက်ဖရို အမျိုးသမီးဘတ်စကက်ဘောချန်ပီယံဆုကို နိုင်ဂျီးရီးယား(၂)နှစ်ဆက် ရရှိ

ဆီနီဂေါနိုင်ငံဒါကာမြို့မှာသြဂုတ်(၁၈)ရက်က ကျင်းပပြီးစီးတဲ့(၂၀၁၉) အက်ဖရိုအမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းက ချန်ပီယံဆုကို(၂)နှစ်ဆက်ရသွားပါတယ်။ ဗိုလ်လုပွဲမှာ နိုင်ဂျီးရီးယားအသင်းက အိမ်ရှင်ဆီနီဂေါအသင်းကို(၆၀)မှတ်(၅၅)မှတ်နဲ့ အနိုင်ရဗိုလ်စွဲံသွားတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အမျိုးသမီးအသင်းအနေနဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ (၄)ကြိမ်မြောက် ဗိုလ်စွဲနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း နိုင်ဂျီးရီးယားအသင်းသူ အီဇင်နီကာလူက ရသွားပါတယ်။ ကာလူဟာ အမေရိကန်မှာမွေးတဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်ဖြစ်ပါတယ်။ တတိယလုပွဲမှာတော့ မာလီအသင်းက မိုဇမ်ဘစ် အသင်းကို (၆၆)မှတ်(၅၄)မှတ်နဲ့နိုင်ပါတယ်။ ပဉ္စမနေရာ လုပွဲမှာတော့ အင်ဂိုလာက ကွန်ဂို အသင်းကို (၆၈)မှတ်(၄၈)မှတ်နဲ့ နိုင်ပါတယ်။ အဆင့်(၁)ကနေ(၆)အထိရတဲ့ အသင်း(၆)သင်းက (၂၀၂၀)တိုကျိုအိုလံပစ်ရဲ့ ပဏာမလက်ရည်စစ်ပွဲကို တက်ရောက်သွားပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် (၁၂)သင်းရှိပြီး သြဂုတ်(၁၀) ရက်ကနေ စတင်ယှဉ်ပြိုင်ပါတယ်။ Foxsport

Read more

စပိန်တွင် လောင်ကျွမ်းနေသည့် တောမီးကြောင့် လူ ၉၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

စပိန်နိုင်ငံ ကနေရီကျွန်းပေါ်က ဂရန်း ကနာရီယာမှာ သြဂုတ် ၁၉ ရက်နေ့အထိ တောမီး ဆက်လောင်နေပြီး လူပေါင်း ၉,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မီးတောက်တွေဟာ မီတာ ၅၀ လောက် မြင့်မားပြီး တောမီးကို လေယာဉ်နဲ့ ရဟတ်ယာဉ် ၁၆ စီး၊ မီးသတ်သမား ၁,၀၀၀ ကျော်နဲ့ ငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။ တောမီးကြောင့် သစ်တောဟက်တာ ၆၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး အခုဆိုရင် တောမီးဟာ အနောက်မြောက်ပိုင်း တမ်မာဒါဘာ အမျိုးသားဥယျာဉ်ကို ကူးစက်နေပါတယ်။ အဲဒီ အမျိုးသားဥယျာဉ်မှာ သက်တမ်းအရင့်ဆုံး ထင်းရှူးတောတွေရှိပြီး မီးငြှိမ်းသတ်ဖို့ ရှုပ်ထွေးတဲ့ နေရာတခုအဖြစ် ရှုမြင်ထားပါတယ်။ dvb

Read more

ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

သြဂုတ် ၂၀

ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုများ နိဗ္ဗာန်ရည်မှန်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

Read more

ပြည်ထောင်စုနယ်မြေ သီဟသွေးချစ်သူများ မွန်ပြည်နယ်အတွင်း ရေဘေးလှူဒါန်းမှုများ ဆောင်ရွက်

 

သြဂုတ် ၂၀၊ ကျိုက်မရော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (နေပြည်တော်) ပြည်ထောင်စုနယ်မြေမှ သီဟသွေးချစ်သူများအဖွဲ့ ပါတီဝင် လူငယ်များစုပေါင်းပြီး ၂၀-၈-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ် ကျိုတ်မရောမြို့နယ် အတွင်းရှိ အတ္ထရံ ပေါလောအုပ်စု ပေါလောကျေးရွာနှင့်ရွာခွဲ (၆)ရွာ အတွက် ဆန်များ၊ အသာင့်စားသုံးနိုင်သော အစားအစာများအား သွားရောက်လှူဒါန်း ခဲ့ကြပါသည်။

Read more

မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သာပေါင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေပေးအပ် လှူဒါန်း

 

သာပေါင်း သြဂုတ် ၁၉

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သာပေါင်းမြို့ နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် အလှူငွေများကို သာပေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကိုကိုဇင်၊ အတွင်းရေးမှူး ဦးစိုးမြင့်၊ ဘဏ္ဍာရေးမှူး ဦးဝင်းသန်းတို့က အလှူငွေနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းမည့် သာပေါင်းမြို့နယ်၏ ဦးဆောင် ဆရာတော်များထံသို့ ယမန်နေ့ ညနေ ၄ နာရီတွင် သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသ၏ ရုပ်ကလာပ်အား ဖူးမြော်

 

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား ဆန်များ ပေးအပ်လှူဒါန်း

 

တနင်္သာရီ သြဂုတ် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း ခဲ့သော ဆန်များအား ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ပါတီတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက တနင်္သာရီမြို့နယ်ရှိ ဇဝဲကျေးအုပ်စု ဇဝဲကျေးရွာ၊ ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်တွင် သြဂုတ်လ လဆန်းပိုင်းမှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လူနေအိမ် များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရအဆောက်အအုံများ၊ အဆောင်များ ရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။

Read more

အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ဆေးကုသမှု ဆောင်ရွက်

 

သြဂုတ် ၁၇၊ ရန်ကုန်

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဖြိုးစေတနာ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့သည် ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီက ဒဂုံမြို့သစ်​ (​မြောက်ပိုင်း) မြို့နယ်အမှတ် (၅၀) ရပ်ကွက်သာသနာ့ရောင်ခြည် ဓမ္မာရုံတွင် အထွေထွေရောဂါများကို အခမဲ့ကွင်းဆင်း ကုသဆောင်ရွ​က်​​ပေးခဲ့ ကြသည်​။

Read more

ပြည်ခိုင်ဖြိုးပါတီ (နေပြည်တော်) သီဟသွေးချစ်သူများ မွန်ပြည်နယ်ရေဘေးသို့ လှူဒါန်းရန် ထွက်ခွာ

 

ဩဂုတ် ၁၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သီဟသွေးချစ်သူများ စုပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေး လှူဒါန်းမှုများ ပြုလုပ်ရန် ၁၉-၈-၂၀၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စတင်ထွက်ခွာကြောင်း သတင်းရရှိ ပါသည်။


Read more