Author: USDP 2016
ပက်ကွီအိုနှင့်ထိုးသတ်ခွင့်ရရန့် မျှော်လင့်ထားသည်ဟု အီရိုးစပန့်ဂျူနီယာပြောကြား

(IBF)ဝယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ အမေရိကန်နိုင်ငံသား အီရိုးစပန့်ဂျူနီယာက ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနဲ့ ထိုးသတ်ဖို့မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု လော့စ်အန်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့အမေရိကန်နိုင်ငံသား ရှောင်ပေါ်တာနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲအပြီးမှာ အီရိုးစပန့်ဂျူနီယာက အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။ အီရိုးစပန့်ဂျုနီယာဟာလာမယ့် စက်တင်ဘာ(၂၈)ရက်နေ့မှာ (WBC)ဝယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ ရှောင်ပေါ်တာနဲ့ထိုးသတ်ရမှာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာအီရိုးစပန့်ဂျူနီယာ အနေနဲ့ (IBF)ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ် ရမှာဖြစ်သလို(WBC)ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ရေးအတွက်ပါ ထိုးသတ်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာရှောင်ပေါ်တာနဲ့ ပွဲအပေါ် အပြည့်အဝ အာရုံစိုက်ထားမှာဖြစ်ပေမယ့် တစ်ချိန်ချိန်မှာ ပက်ကွီအိုနဲ့ထိုးသတ်ဖို့ကိုလည်း မျှော်လင့်နေပါတယ်လို့ အီရိုးစပန့်ဂျူနီယာကပြောခဲ့ပါတယ်။ အသက်(၄၀)အရွယ်ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုကတော့ ဇူလိုင်လတုန်းက အမေရိကန်နိုင်ငံသား ကိတ်သာမန်ကို အနိုင်ယူပြီး(WBA)ဝယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။
Read moreဟောင်ကောင်အရေး ဘေးမှထိုင်ကြည့်နေမည်မဟုတ်ဟု တရုတ်ဆို

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ဘေးကနေ ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံက အခုလ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဟောင်ကောင် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခံရမှာ စိုးရိမ်တဲ့ သဘောမျိုး ပြောလိုက်ပြီးတဲ့နောက်မှာ တရုတ်က အဲဒီလို တုံ့ပြန်လိုက်တာပါ။ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လျူရှောင်မင်က “တရုတ်နိုင်ငံအနေနဲ့ ဘေးကနေ ထိုင်ကြည့်နေမှာမဟုတ်ဘူး။ တရုတ်အစိုးရမှာ လုံလောက်တဲ့ ဖြေရှင်းချက်တွေနဲ့ ဆန္ဒပြပွဲတွေကို ခပ်မြန်မြန် အဆုံးသတ်ဖို့ အင်အား လုံလုံလောက် လောက်ရှိတယ်”လို့ ကြာသပတေးနေ့က ပြောခဲ့ တာဖြစ်ပါတယ်။
Read more၀င်ငွေအကောင်းဆုံးအင်္ဂလန် ကစားသမားဖြစ်လာတော့မယ့် စတာလင်

ဘောလုံးသမားတွေထဲမှာ စီရော်နယ်ဒို၊မက်ဆီ တို့လို ကစားသမားတွေဟာ သူတို့ရဲ့ကျော်ကြားမူနဲ့ ခြေစွမ်း ကြောင့် စီးပွားရေးကုမ္ပဏီကြီးတွေရဲ့ စပွန်ဆာရရှိလေ့ရှိပြီး ၀င်ငွေအများဆုံး ဘောလုံးသမားစာရင်းမှာ ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းမှာ ခြေစွမ်း ပြသနေတဲ့ အင်္ဂလန် တောင်ပံ ကစားသမား စတာလင်ဟာလည်း ကွင်းတွင်းမှာ ခြေစွမ်းပြသ နိုင်မူနဲ့ အတူ ပရိသတ်တွေရဲ့ နူတ်ဖျားမှာ ရေပန်းစားလာခဲ့ပြီး ပေါင်သန်း၁၀၀ တန်ကြေးရှိ စပွန်ဆာ တစ်ခုရဖို့ ရှိနေတာဖြစ်ပါတယ်။
Read moreသဲဖြူကုန်းကျေးရွာမြေပြိုမှုတွင် သေဆုံးသူ ၅၉ဦးထိရှိလာ ရှာဖွေမှုများဆက်လက်လုပ်ဆောင်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမြေပြိုမှုဖြစ်စဉ်မှာ သေဆုံးသူ (၅၉)ယောက်အထိ ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သြဂုတ်(၁၂)ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ သြဂုတ်(၉)ရက်ကနေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရာ သြဂုတ်(၁၂)ရက် ညနေအထိ စုစုပေါင်းသေဆုံးသူ(၅၉)ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သြဂုတ်(၉)ရက်မနက်ပိုင်းက တောင်စောင်းပြိုကျတဲ့ ဖြစ်စဉ်ကြောင့် နေအိမ်(၂၀)လောက် မြေကြီးအောက် နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read moreရော်ဂျာဖလားပွဲမှာ အမျိုးသားချန်ပီယံဆုကို နာဒယ်(၅)ကြိမ်မြောက် ရရှိ

ကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ (၂၀၁၉)ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲမှာ စပိန်တင်းနစ်သမား နာဒယ်က ဆီဒင်အဆင့်(၈)ရရုရှားတင်းနစ်သမား မက်ဗီဒက်ကို(၆း၃၊၆းဝ)နဲ့နိုင်ပါတယ်။ အမျိုးသားချန်ပီယံဆုကို (၅)ကြိမ်မြောက်နဲ့နှစ်နှစ်ဆက် ရသွားပါတယ်။ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆီဒင်အဆင့်(၁)ရ နာဒယ်က ဆီဒင် အဆင့်(၈)ရရုရှား တင်းနစ်သမား မက်ဗီဒက်ကို(၆း၃၊၆းဝ)နဲ့နိုင်ပါတယ်။ နာဒယ်ကအသက်(၃၃)နှစ်ရှိပြီး မက်ဗီဒက်က(၂၃)နှစ်ပဲရှိသေးလို့ နာဒယ်အနေနဲ့သူ့ထက်(၁၀)နှစ်ငယ်တဲ့ တင်းနစ် သမားကို မိနစ်(၇၀)တည်းနဲ့ နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်(၂)ဖြစ်တဲ့ နာဒယ်ဟာပြီးခဲ့တဲ့လက ၀င်ဘယ်ဒန် ဆီမီးဖိုင်နယ်မှာ ဆွစ်ဇာလန်တင်းနစ်သမားဖက်ဒရာကို ရှုံးပြီးနောက်ပိုင်းမှာ ဒီပွဲကသူပထမဆုံး ပြန်လည် ကစားတာဖြစ်ပါတယ်။ ဒီကနေဒါပြိုင်ပွဲမှာလည်း နာဒယ်ဟာဒီကနေဒါ ပြိုင်ပွဲမှာ (၂၀၀၅၊၂၀၀၈၊၂၀၁၃) တို့မှာ သုံးကြိမ်နဲ့ (၂၀၁၈နဲ့၂၀၁၉))မှာ နှစ်ကြိမ်ဆက် ဗိုလ်စွဲသွားတာဖြစ်ပါတယ်။ ဒီရော်ဂျာဖလားပွဲက ချန်ပီယံကို ရမှတ် (၁၀၀၀)ပေးတဲ့ မာစတာပြိုင်ပွဲဖြစ်လို့ နာဒယ်အနေနဲ့ မာစတာ(၁၀၀၀)အဆင့်ပြိုင်ပွဲတွေမှာတော့ (၃၅)ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။ ဂရင်းစလမ်းချန်ပီယံဆုကိုတော့နာဒယ်ကစုစုပေါင်း(၁၈)ခုရထားပါတယ်။
Read moreဟောင်ကောင်လေဆိပ် ပုံမှန်ပြန်လည် လည်ပတ်

ဆန္ဒပြသူတွေကြောင့် အခုလ ၁၂ ရက်နေ့(မနေ့)က ပိတ်ထားရတဲ့ ဟောင်ကောင်လေဆိပ်ဟာ အခုလ ၁၃ ရက်နေ့(ဒီနေ့) မနက် အစောပိုင်းမှာ ပုံမှန်ပြန်လည် သက်ဝင်လှုပ်ရှားလာပါတယ်။ စစ်ဆေးရေး ဂိတ်တွေမှာ ခရီးသည်တွေကို တွေ့မြင်လာရသလို ဆိုင်းဘုတ်တွေမှာလည်း လေကြောင်းခရီးစဉ် တော်တော်များများဟာ ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဟောင်ကောင်လေဆိပ်ဟာ ကမ္ဘာ့ တတိယမြောက် လူဝင်လူထွက်အများဆုံး လေဆိပ်ဖြစ်ပြီး တစ်နေ့ကို ခရီးသည် အယောက် နှစ်သိန်းလောက် ဝင်ထွက်နေတဲ့နေရာဖြစ်ပါတယ်။ အင်အားများပြားတဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေဟာ မနေ့တုန်းက လေဆိပ်ထဲကိုဝင်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကြောင့် လေဆိပ်လုပ်ငန်းစဉ်တွေ မလုပ်နိုင်ဘဲ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ AFP
Read moreHELLAS OPEN 2019 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယရရှိ

ဂရိနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ HELLAS OPEN 2019 ပြိုင်ပွဲ ဗိုလ်လုပှဲမှာ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မလေးရှားကစားသမား ကီဆိုနာကို ၂ ပွဲပြတ် ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဗိုလ်လုပွဲမှာ သက်ထားသူဇာဟာ ကီဆိုနာကို ၁၄-၂၁၊ ၉-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ သက်ထားသူဇာက ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကစားသမား လီအိုနိုက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
Read moreပြည်ခိုင်ဖြိုးပါတီ တိုင်းရင်းသားရေးရာ ကော်မတီဝင် မိသားစု သိမ်တော်ဆောက်လုပ်ရန် အလှူငွေမတည် လှူဒါန်း
စစ်တွေ သြဂုတ် ၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စေတီယတောင် ပေါ်တွင်ရှိသည့် အသီတိသာဝက ရှစ်ကျိပ်ဆောင်ဘုရား သိမ်တော် ဆောက်လုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် တိုင်းရင်းသား ရေးရာကော်မတီဝင် ဦထွေးလှ (ဗဟိုကော်မတီဝင်) နှင့်ဇနီး ဒေါ်စန်းစန်းမော် မိသားစုက အလှူငွေကျပ် ၂၅ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။
Read more


