လက္ရွိခ်န္ပီယံ ဧရာဝတီအမ်ိဳးသမီးအသင္းက တိုက္စစ္မႉး ေမထက္လူကို ေခၚယူ

လက္ရွိခ်န္ပီယံ ဧရာဝတီအမ်ိဳးသမီးအသင္းက တိုက္စစ္မႉး ေမထက္လူကို ေခၚယူ
====================
ဒီရာသီ ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲဝင္မယ့္ လက္ရွိခ်န္ပီယံ ဧရာဝတီအမ်ိဳးသမီးအသင္းဟာ
ျမန္မာ့လက္ေ႐ြးစင္တိုက္စစ္မႉး ေမထက္လူကို ေခၚယူၿပီးေနာက္ ၿပိဳင္ပြဲဝင္အသင္းမ်ားထဲမွာ ကစားသမားအင္အား အေတာင့္တင္းဆုံးအသင္းအျဖစ္ ပရိသတ္မ်ားက သတ္မွတ္လာခဲ့ၾကေၾကာင္း သိရပါတယ္။

ဧရာဝတီအမ်ိဳးသမီးအသင္းဟာ ရာသီႀကိဳျပင္ဆင္မႈအျဖစ္ ႏိုင္ငံျခားကစားသမား (၃) ဦးကို ေခၚယူထားၿပီးေနာက္ ျမန္မာ့လက္ေ႐ြးစင္တိုက္စစ္မႉး ေမထက္လူကိုပါ ထပ္မံေခၚယူႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဧရာဝတီအမ်ိဳးသမီးအသင္းမွာ ျမန္မာ့လက္ေ႐ြးစင္ကစားသမားမ်ားစြာအျပင္ ႏိုင္ငံျခားကစားသမား (၃) ဦးပါ ပါဝင္လာၿပီျဖစ္တာေၾကာင့္ အေတာင့္တင္းဆုံးကစားသမားစုဖြဲမႈကို ပိုင္ဆိုင္ထားၿပီျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိဧရာဝတီအမ်ိဳးသမီးအသင္းမွာ ျမန္မာ့လက္ေ႐ြးစင္ကစားသမားမ်ားအျဖစ္ ေမထက္လူ၊ ျဖဴျဖဴဝင္း၊ ဇြန္ယုယဦး၊ ျဖဴေဖြး၊ ေနာ္ထက္ထက္ေဝ၊ ခင္မိုးဝင္း၊ စန္းေသာ္ေသာ္၊ အိစႏၵာေဇာ္ အစရွိသူတို ပါဝင္ေနလ်က္ရွိပါတယ္။

ဧရာဝတီအမ်ိဳးသမီးအသင္းဟာ ဘဂၤလားေဒ့ရွ္လက္ေ႐ြးစင္ကစားသမား ရီတုေပၚနာခ်က္မား၊ ဖိလစ္ပိုင္လက္ေ႐ြးစင္ကစားသမား အလစ္ဆာအူေဘးနဲ႔ ထိုင္းလူငယ္လက္ေ႐ြးစင္ကစားသမား ခိုပြန္တိုကို ေခၚယူထားတာျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္လက္ေ႐ြးစင္ကစားသမား ရီတုဟာ အသက္ (၂၂) ႏွစ္ရွိၿပီး ဘယ္ေတာင္ပံတိုက္စစ္နဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြမွာ ကစားႏိုင္သူျဖစ္ပါတယ္။

ရီတုဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္ၿပီး ဘဂၤလားေဒ့ရွ္လက္ေ႐ြးစင္အသင္းအတြက္ ​ပြဲေပါင္း (၄၀) ေက်ာ္ကစားေပးထားသူျဖစ္ပါတယ္။

ဖိလစ္ပိုင္လက္ေ႐ြးစင္ကစားသမား အလစ္ဆာက အသက္ (၂၇) ႏွစ္ရွိၿပီး ကြင္းလယ္ တိုက္စစ္နဲ႔ ခံစစ္ေနရာေတြမွာ ကစားႏိုင္သူျဖစ္ပါတယ္။

အလစ္ဆာဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဧရာဝတီအသင္းမွာ ရာသီဝက္အငွားနဲ႔ လာေရာက္ကစားခဲ့ၿပီး ျမန္မာအမ်ိဳးသမီးလိဂ္မွာ ခ်န္ပီယံျဖစ္ေအာင္ အသင္းကို ပံ့ပိုးကူညီခဲ့သူျဖစ္ပါတယ္။

ထိုင္းလူငယ္ကစားသမား.ခိုပြန္က ထိုင္း ယူ- ၁၇၊ ထိုင္း ယူ- ၂၀ အမ်ိဳးသမီးအသင္းေတြမွာ ေတာက္ေလွ်ာက္ပါဝင္ကစားခဲ့သူျဖစ္ပါတယ္။

ဧရာဝတီအသင္းဟာ ထိုင္းလူငယ္ကစားသမား ခိုပြန္ကို ထိုင္းအမ်ိဳးသမီးကလပ္ ဖာရာနာခြန္အသင္းဆီကေန အငွားနဲ႔ ကာလတိုအျဖစ္ ေခၚယူထားတာျဖစ္ေၾကာင္း သိရပါတယ္။

ဧရာဝတီအမ်ိဳးသမီးအသင္းဟာ ဒီရာသီ ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲဝင္အသင္း (၁၀) သင္းထဲမွာ ႏိုင္ငံျခားသားကစားသမားေတြ ေခၚယူထားတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ပါတယ္။


လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းက တိုက်စစ်မှူး မေထက်လူကို ခေါ်ယူ
====================
ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်မယ့် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းဟာ
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ခေါ်ယူပြီးနောက် ပြိုင်ပွဲဝင်အသင်းများထဲမှာ ကစားသမားအင်အား အတောင့်တင်းဆုံးအသင်းအဖြစ် ပရိသတ်များက သတ်မှတ်လာခဲ့ကြကြောင်း သိရပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းဟာ ရာသီကြိုပြင်ဆင်မှုအဖြစ် နိုင်ငံခြားကစားသမား (၃) ဦးကို ခေါ်ယူထားပြီးနောက် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကိုပါ ထပ်မံခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဧရာဝတီအမျိုးသမီးအသင်းမှာ မြန်မာ့လက်ရွေးစင်ကစားသမားများစွာအပြင် နိုင်ငံခြားကစားသမား (၃) ဦးပါ ပါဝင်လာပြီဖြစ်တာကြောင့် အတောင့်တင်းဆုံးကစားသမားစုဖွဲမှုကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိဧရာဝတီအမျိုးသမီးအသင်းမှာ မြန်မာ့လက်ရွေးစင်ကစားသမားများအဖြစ် မေထက်လူ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ ဖြူဖွေး၊ နော်ထက်ထက်ဝေ၊ ခင်မိုးဝင်း၊ စန်းသော်သော်၊ အိစန္ဒာဇော် အစရှိသူတို ပါဝင်နေလျက်ရှိပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းဟာ ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်ကစားသမား ရီတုပေါ်နာချက်မား၊ ဖိလစ်ပိုင်လက်ရွေးစင်ကစားသမား အလစ်ဆာအူဘေးနဲ့ ထိုင်းလူငယ်လက်ရွေးစင်ကစားသမား ခိုပွန်တိုကို ခေါ်ယူထားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်ကစားသမား ရီတုဟာ အသက် (၂၂) နှစ်ရှိပြီး ဘယ်တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။

ရီတုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အသင်းအတွက် ​ပွဲပေါင်း (၄၀) ကျော်ကစားပေးထားသူဖြစ်ပါတယ်။

ဖိလစ်ပိုင်လက်ရွေးစင်ကစားသမား အလစ်ဆာက အသက် (၂၇) နှစ်ရှိပြီး ကွင်းလယ် တိုက်စစ်နဲ့ ခံစစ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။

အလစ်ဆာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဧရာဝတီအသင်းမှာ ရာသီဝက်အငှားနဲ့ လာရောက်ကစားခဲ့ပြီး မြန်မာအမျိုးသမီးလိဂ်မှာ ချန်ပီယံဖြစ်အောင် အသင်းကို ပံ့ပိုးကူညီခဲ့သူဖြစ်ပါတယ်။

ထိုင်းလူငယ်ကစားသမား.ခိုပွန်က ထိုင်း ယူ- ၁၇၊ ထိုင်း ယူ- ၂၀ အမျိုးသမီးအသင်းတွေမှာ တောက်လျှောက်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

ဧရာဝတီအသင်းဟာ ထိုင်းလူငယ်ကစားသမား ခိုပွန်ကို ထိုင်းအမျိုးသမီးကလပ် ဖာရာနာခွန်အသင်းဆီကနေ အငှားနဲ့ ကာလတိုအဖြစ် ခေါ်ယူထားတာဖြစ်ကြောင်း သိရပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်အသင်း (၁၀) သင်းထဲမှာ နိုင်ငံခြားသားကစားသမားတွေ ခေါ်ယူထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။