ပြည်ခိုင်ဖြိုးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ လွိုင်ကော်ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး တွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁ဝနာရီခွဲ အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီလွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း တက်ရောက်ခဲ့သည်။

Read more

ပညာရည်ပြည့်ဝသော ကိုယ်ခံအားကောင်းသည့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံကို အုပ်ချုပ်ရန် လိုအပ်

 

ကန်ကြီးထောင့်၊ သြဂုတ် ၂၇။

ပညာရည်ပြည့်ဝသော ကိုယ်ခံအားကောင်းသည့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံကိုအုပ်ချုပ်ရန် လိုအပ်ဟု ဗဟို လူငယ်ရေးရာကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်းက ယမန်နေ့ ကျင်းပသည့် ဧရာဝတီတိုင်ဒေသကြီး ကန်ကြီးထောင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြုလုပ်သော မြို့နယ် (၁၁) မြို့နယ်မှ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read more

ပျော်ဘွယ်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်မည်

 

ပျော်ဘွယ်၊ သြဂုတ် ၂၇

ပျော်ဘွယ်မြို့နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်း ပူပေါင်းပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ကျေးရွာအုပ်စု ၈၄ စုမှာ ရှိတဲ့ ကျေးရွာတွေ၊ ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုက ဝတ်ရွတ်အသင်းတွေနဲ့ ကျောင်းသူကျောင်းသားတွေက ဝတ်ရွက်ပြိုင်ကြမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားခဲ့ပါသည်။

Read more

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် လူငယ်များ လစဉ်ပုံမှန် အစည်းအဝေး

 

Read more

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆိုင်ရာ အစည်းအဝေး ကျင်းပ

 

မုံရွာ သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ခရိုင်ရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ခရိုင်ပါတီ ကော်မတီနှင့် မြို့နယ်ဥက္ကဋ္ဌများ ပါတီလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရ သည်။ ယင်းအစည်းအဝေးတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက ပါတီလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက် ထားရှိမှုများကို သုံးသပ်ဆွေးနွေးပေးပြီး ရှေ့ဆက်လက် ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးကြ စေချင်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ပါတီ ဥက္ကဋ္ဌများကလည်း မိမိတို့ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးပြီး ရှေ့ဆက်လက်ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များကို အသီးသီး တင်ပြဆွေးနွေး ကြသည်။

Read more

ပေါင်းတည်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆပ်ပြာရည် ပြုလုပ်နည်းများ ပြသ

 

ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့ ဦးဆောင်လိုက်ပါ၍ ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့သည် ဇီးပင်လှအုပ်စု ကျောက်တန်းကျေးရွာတွင် ဆိုင်းဘုတ်အသစ် ပြန်လည်စိုက်ထူခြင်း နှင့်ဒေသခံအမျိုးသမီးများ၊ ပြည်သူများနှင့် ဆွေးနွေးပွဲပြုလုပ်ကာ အိမ်ရှင်မများအား အသုံးချဆပ်ပြာ ရည်လုပ်နည်း သင်တန်းပို့ချပေးပြီး လက်ရှိဖြစ်ပေါ်နေသော စီးပွားရေ၊ နိုင်ငံရေး၊ လူမှုရေးအခြေအနေများကို အပြန်အလှန် ဆွေးနွေးဖလှယ် ခဲ့ကြကြောင်း သိရသည်။ ဟန်ဝင်းရွှေ(ပေါင်းတည်)

Read more

ဒဂုံတောင်တွင် လူငယ်နှင့် အမျိုးသမီးလှုပ်ရှားမှု ပြုလုပ် တိုင်းပါတီနာယကမှ ခြင်ဆေးဖျန်းစက် တစ်လုံးတန်ဖိုး လှူဒါန်း

 

ဒဂုံတောင် သြဂုတ် ၂၆

Read more

အိန္ဒိယ ကြက်တောင်မယ် ဆင်ဒူ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူး

ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ကြက်တောင် ပြိုင်ပွဲ၌   အိန္ဒိယကြက်တောင် ကစားသမား ပီ၊ ဗီ၊ ဆင်ဒူက ချန်ပီယံဆု ဆွတ်ခူးသည်။ ဆင်ဒူ (၂၄) နှစ်သည် လွန်ခဲ့သော ၂ နှစ်က ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲတွင် ၎င်းရှုံးနိမ့်ခဲ့သော ဂျပန်နိုင်ငံမှ နိုဇိုမီအိုကူဟာရာကို ၂၁-၇၊ ၂၁-၇ ဖြင့် အပြတ်အသတ် ချေမှုန်းပြီး ထိုက်တန်စွာ ချန်ပီယံဆုရရှိခဲ့သည်။ ဆင်ဒူသည် အိန္ဒိယနိုင်ငံမှ ထွက်ပေါ်လာသော ပထမဆုံး ကမ္ဘာ့ကြက်တောင် ချန်ပီယံဖြစ် လာကာ အိန္ဒိယသည်ကြက်တောင် ချန်ပီယံ မွေးထုတ်သည့် ၁၁ နိုင်ငံ မြောက်ဖြစ်သည်။ AFP

Read more

အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာနှင့် ထိုးသတ်မည်ဖြစ်ပြီး ချန်ပီယံဆုရအပြီး နှစ်နှစ်နီးပါးအကြာမှ ပထမဆုံးကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။ ဘရန်ဒန်ဗီရာသည် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချကာ ယှဉ်ပြိုင်ထိုးသတ်ခြင်း ဖြစ်သလို အောင်လအန်ဆန်မှာလည်း ယခုပွဲအတွက် ကိုယ်အလေးချိန်မြင့်ကာ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

Read more