မြေအောက်တိုးချဲ့ရေး စင်ကာပူ စီစဉ်

မြေနေရာ လိုအပ်လှတဲ့ စင်ကာပူနိုင်ငံက မိုးမျှော်တိုက်ကြီးတွေ၊ နောက် ပင်လယ်ထဲအထိ အဆောက်အအုံတွေ ဆောက်လုပ် တိုးချဲ့ထားတာကနေ အခု ဖွံ့ဖြိုးရေးလုပ်ဖို့ နေရာသစ် ရှာနေတာမှာတော့ မြေအောက်မှာ တည်ဆောက်ရေးလုပ်ဖို့ စီစဉ်သူတွေက ကြံဆနေကြပါတယ်။ မြေအောက် အဝေးပြေးလမ်းမကြီးနဲ့ လေ၀င်လေထွက်စနစ် ရှိထားတဲ့ စင်ကာပူနိုင်ငံက အခုတော့ မြေအောက်မှာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ သုံးသပ်နေတာပါ။

Read more

အိုမီဂါဥရောပမာစတာဂေါ့ဖ်ပြိုင်ပွဲမှာ ဆွီဒင်နိုင်ငံသား ဆိုဒါဘတ် အနိုင်ရ

ဆွစ်ဇာလန်နိုင်ငံ ခရန်မွန်တာနာမှာ တနင်္ဂနွေနေ့ကကျင်းပပြီးစီးခဲ့တဲ့ အိုမီဂါဥရောပမာစတာဂေါ့ဖ်ပြိုင်ပွဲမှာ ဆွီဒင်နိုင်ငံသား ဆီဘက်စတီယန်ဆိုဒါဘတ် အနိုင်ရပါတယ်။ ပြိုင်ပွဲနောက်ဆုံးနေ့မှာ(၆၆)ချက်ရိုက်နိုင်ခဲ့တဲ့ ဆိုဒါဘတ်ဟာ အခြားပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ လိုရန်ဇိုဂက်ဂလီ(အီတလီ)၊မက်အီရွိုင်း(မြောက်အိုင်ယာလန်)၊ရိုမီယို (အာဂျင်တီးနား)၊ကယ်လီစမိုဂျာ(ဖင်လန်)တို့နဲ့အတူ စုစုပေါင်းရိုက်ချက်(၂၆၆)ချက်စီ တူညီခဲ့ကြပါတယ်။ ဒါကြောင့် ချန်ပီယံဆုအတွက် ကျင်းပိုရိုက်ပြီးဆုံးဖြတ်ခဲ့ကြပါတယ်။ ပထမကျင်းပိုအဖြစ်(၄)ချက်နဲ့ ကျင်းဝင်အောင်ရိုက်ရမယ့် ကျင်းနံပါတ်(၁၈)မှာ ရိုက်ခဲ့ပါတယ်။ ဆိုဒါဘတ်က(၃)ချက်နဲ့ ကျင်းဝင်အောင်ရိုက်နိုင်ခဲ့ပေမယ့် မက်အီရွိုင်း၊စမိုဂျာ နဲ့ရိုမီယိုတို့က (၄)ချက်ရိုက်ခဲ့သလို ဂက်ဂလီက(၅)ချက်အထိ ရိုက်ခဲ့တာကြောင့် ချန်ပီယံဆုကို ဆိုဒါဘတ် ရရှိသွားတာဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွယ် ဆိုဒါဘတ်အတွက် ကစားသမားဘဝပထမဆုံး ဥရောပတိုး ချန်ပီယံဆုဖြစ်တယ်လို့ သိရပါတယ်။

Read more

ယူရိုပါလိဂ် တရာသီအကောင်းဆုံးဆုကို အီဒင်ဟာဇက် ရရှိ

ဘယ်လ်ဂျီယံတိုက်စစ်မှူး အီဒင်ဟာဇက်သည် ၂၀၁၈-၁၉ ရာသီအတွက် ယူရိုပါလိဂ်၏ အကောင်းဆုံးကစားသမား ဆုကို ရရှိသည်။ ချယ်လ်ဆီးနှင့် ယူရိုပါလိဂ် ဖလားရပြီး ရီးရဲလ်သို့ပြောင်းသွားသော အီဒင်ဟာဇက်သည် ဂျီရော့ဒ်နှင့် လူကာဂျိုဗစ်တို့ကိုကျော်ဖြတ်၍ ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

Read more

ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုကို ဗန်ဒိုက် ရရှိ

လီဗာပူးလ်ရဲ့ နယ်သာလန် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဆုဖလား သာမက၊ ပရီးမီးယားလိဂ်နဲ့ နေးရှင်းလိဂ် ပြိုင်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့လို့ စူပါစတားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နေရာလိုက် အကောင်းဆုံး ဆုတွေကိုတော့ လီဗာပူးလ်ရဲ့ အလီဆင်၊ ဗန်ဒိုက်နဲ့ ဘာစီလိုနာက ဒီယောင်၊ မက်ဆီ တို့က ရရှိခဲ့ကြပါတယ်။

Read more

လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်လာ

အင်္ဂလန်လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များကို မဲနှိုက်ရေးဆွဲခဲ့ရာတွင် ပရီးမီးယားလိဂ်ထိပ်သီးအသင်း အများစုသည် မခက်ခဲသည့်ပြိုင်ဘက်များနှင့်သာ ဆုံတွေ့ခဲ့သည်။ လက်ရှိချန်ပီယံ မန်စီးတီးသည် အဝေးကွင်းတွင် ပရက်စတန်နော့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်၍ စတုတ္ထအဆင့်သို့ လွယ်ကူစွာ တက်ရောက် သွားဖွယ်ရှိသည်။ အခြားပရီးမီးယားလိဂ်ထိပ်သီးအသင်းများ၏ ပွဲစဉ်များအဖြစ် လီဗာပူးသည် အဝေးကွင်း၌ အမ်ကေဒွန်းနှင့် လည်းကောင်း၊ မန်ယူသည် အိမ်ကွင်း၌ ရို့ခ်ျဒေးအသင်းနှင့်လည်းကောင်း၊ ချဲလ်ဆီးသည် အိမ်ကွင်း၌ ဂရင်းစ်ဘီနှင့် မက်လက်စ်ဖီးလ်ပွဲစဉ်မှ အနိုင် ရသည့်အသင်းနှင့် လည်းကောင်း၊ အာဆင်နယ်သည် အိမ်ကွင်း၌ ဖောရက်စ်နှင့်လည်းကောင်း၊ စပါးသည် အဝေးကွင်း၌ ကိုချက်စတာယူနိုက်တက်နှင့်လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဟု သိရသည်။ အင်္ဂလန်လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များကို လာမည့်စက်တင်ဘာလ အတွင်း၌ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ Ref ;Guardian

Read more

ဂျပန်နိုင်ငံတောင်ပိုင်းတွင် စံချိန်တင်မိုးရွာသွန်းမှုပြီး ရေကြီးရေလျှံမှုဖြစ်ပွား လူပေါင်းရှစ်သိန်းခွဲနီးပါးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဂျပန်နိုင်ငံတောင်ပိုင်းရှိ ကျူးရှူးကျွန်းပေါ်တွင် စံချိန်တင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေ ကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများဖြစ်ပွားပြီး အနည်းဆုံး လူနှစ် ဦးသေဆုံးခဲ့ရသည်။ အဆိုပါဖြစ် စဉ်များကြောင့် အာဏာပိုင်များက ရှားပါးသည့် သတိပေးချက်များ ထုတ်ပြန်ပြီး လူပေါင်းရှစ်သိန်းခွဲ နီးပါးအား ဘေးလွတ်ရာသို့ရွှေ့ ပြောင်းရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

Read more

တရားမ၀င်မှောင်ခိုတင်သွင်းသည့် ရှားပါးလိပ်(၄)ထောင်ကျော် ရုရှားနယ်စပ်တွင် သိမ်းဆည်းရမိ

ရုရှားနိုင်ငံထဲကို မှောင်ခိုတင်သွင်းခဲ့တဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ လိပ်အကောင်ရေ(၄)ထောင် ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့လိပ်တွေကို ဘေးအန္တရာယ်ကင်းစွာနဲ့ပဲ ကာဇက်စတန်နိုင်ငံ Arys မြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနက အခုလ(၂၇)ရက်က ပြောပါတယ်။
လိပ်တွေကိုထရပ်ကားရဲ့ အနောက်ဘက် ဂေါ်ဖီထုတ်တွေကြားထဲမှာ အိတ်(၂၄)အိတ်နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီတရားမ၀င်မှောင်ခိုသွင်းတဲ့ကားကို ရုရှား-ကာဇတ်စတန်(၂)နိုင်ငံနယ်စပ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ကားပေါ်ကို ဒီလိပ်တွေပါလာတာနဲ့ပတ်သက်ပြီး သူမသိပါဘူးလို့ ကားဒရိုင်ဘာကငြင်းဆိုထားပြီး ဒီဖြစ်စဉ်ကို ဆက်လက်စုံစမ်းမှုတွေပြုလုပ်မှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  one news

Read more

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် မုံရွာခရိုင်၊ (၄) မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

 

သြဂုတ်-၂၈၊ မုံရွာ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ရပ်ကျေးဥက္ကဋ္ဌများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုး ရယ်အောင်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။

Read more