ကမ္ဘာ့ နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်(၄)ခု ဆွတ်ခူး

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပနေတဲ့(၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် လှေလှော်အသင်းက ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခုနဲ့ ကြေးတံဆိပ်(၅)ခု ရရှိခဲ့ပါတယ်။ ရရခဲ့တဲ့ ရွှေတံဆိပ်တွေထဲက ရွှေတံဆိပ်(၃)ဆုဟာ အမျိုးသမီး(၂၄)နှစ်အောက် (၁၀)တက် လှေအမျိုးအစားဖြစ်ပြီး မီတာ (၂၀၀၀) ၊ မီတာ(၅၀၀)နဲ့ မီတာ(၂၀၀) ပြိုင်ပွဲတွေကနေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလှေလှော်အသင်းနည်းပြ ဦးသိန်းဝင်းက ပြောပါတယ်။ နောက်ထပ်ရွှေတံဆိပ်(၁)ဆုကတော့ အမျိုးသား၊ အမျိုးသမီး (၂၄)နှစ်အောက် (၁၀)တက် မီတာ(၂၀၀၀) ပြိုင်ပွဲကနေ ရရှိခဲ့တာလို့လည်း ပြောပါတယ်။ မြန်မာ့လက်ရွေးစင်လှေလှော်အသင်းဟာ ပြိုင်ပွဲ(၅)ရက်အတွင်း ပွဲစဉ်(၁၅)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ဥရောပနိုင်ငံတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ကြိုးစားအားထုတ်တာတွေ ပိုမိုပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ အခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက်လည်း အထောက်ကူဖြစ်စေတယ်လို့ ဦးသိန်းဝင်းက ပြောကြားပါတယ်။

Read more

မြို့တော်သစ် တည်မည့်နေရာကို အင်ဒိုနီးရှား သမ္မတ ထုတ်ဖော်ကြေညာ

မြို့တော်ကို ဘော်နီယိုကျွန်း အရှေ့ကာလီမန်တန် ပြည်နယ်ရှိ မြောက်ပီနာဂျမ်ပက် ဆာနှင့် ကူတိုင်းကာတာနီဂါရာ ဒေသ အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသော ဧရိယာတစ်ခုသို့ ပြောင်းရွှေ့မည်ဟု အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဩဂုတ် ၂၆ ရက်တွင် ကြေညာသည်။ အင်ဒိုနီးရှားဘက်ခြမ်း ဘော်နီယိုကျွန်းတွင် ပြည်နယ်ငါးခုရှိပြီး မိုးသစ်တောများ၊ လူဝံကြီးများနှင့် ကမ်းရိုးတန်း ထိန်းသိမ်းကာကွယ်တောများကြောင့် လူသိများသည်။

Read more

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော စည်းရုံးမှုစွမ်းရည်မြှင့် သင်တန်းအား ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်း တက်ရောက်အမှာစကား ပြောကြား

 

ငဖဲ ၊ သြဂုတ် ၂၆

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော စည်းရုံးမှုစွမ်းရည်မြှင့် သင်တန်းအား ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲ တက်ရောက်

 

ဝမ်းတွင်း သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်း စဉ်နှင့် လမ်းညွှန်မှုများမှာကြား ခဲ့ကြကြောင်း သိရသည်။

Read more

မဲဆန္ဒရှင်တွေနဲ့ သွားရောက်တွေ့ဆုံ

 

သြဂုတ် ၂၅၊ ပျော်ဘွယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်ရှိ ကံတွင်းကျေးရွာနှင့် ဇီးပင်ပေါက် ကျေးရွာမှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူများအား ၂၅-၈-၂၀၁၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံ ခဲ့ပါသည်။

ကျေးရွာရှိ ပြည်သူများကလည်း လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက် လမ်းရရှိရေး၊ စာသင် ကျောင်းဆောင် ရရှိရေးများကို တင်ပြခဲ့ကြပြီး လွှတ်တော်အတွေ့အကြုံတွေ ပြန်လည်ရှင်းလင်း ပြခဲ့သလို လွှတ်တော်အတွင်း လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ချက်များကိုလည်း မဲဆန္ဒရှင်များနှင့် ပြန်လည် ဆွေးနွေး ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ

 

ဩဂုတ် ၂၃၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ၂၃-၈-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ သံလွင်လမ်းတွင်ရှိသော ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရုံးခွဲ) တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr. Chen Hai ၊ တရုတ်သံမှူး Ms. Yang Chengcheng နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း၊ ပါတီအချင်းချင်း ပူပေါင်းဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးခဲ့ကြပါသည်။

Read more

ထိုးသတ်ကွင်းထဲ ပြန်ဝင်ရန် ကြိုးပမ်းနေသည့် နာမည်ကျော်ဖိုက်တာ မက်ဂရီဂေါ

UFC ရဲ့ နာမည်ကျော် ဖိုက်တာတယောက်ဖြစ်တဲ့ ကော်နာမက်ဂရီဂေါကတော့ အခုနှစ်ကုန်ပိုင်းမှာ ထိုးသတ်ကွင်းထဲ ပြန်ဝင်ချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာန်မာနကြီးပြီး ပြဿနာတွေရှာလေ့ရှိတဲ့ မက်ဂရီဂေါဟာ ထူးချွန်တဲ့ MMA ကစားသမား ဖြစ်ပေမယ့် သူ့ရဲ့လုပ်ရပ်တွေကြောင့် လူမုန်းများသူ ဖြစ်ပါတယ်။

Read more

ဟောင်ကောင် ဆန္ဒပြပွဲ ဆက်လက်ပြင်းထန်

ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ ဟောင်ကောင်မှာ မနေ့က မိုးရွာသွန်းနေပေမယ့် ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ထီးကိုယ်စီနဲ့ ဆက်လက်ရင်ဆိုင်နေကြတဲ့အတွက်၊ အရင်က ထီးလှုပ်ရှားမှုပုံစံမျိုး ဆက်လက်မြင်တွေ့ခဲ့ရပါတယ်။

လူစုမခွဲရင် မီးသတ်ပိုက်တွေကို အသုံးပြုပြီး ဖြိုခွဲမယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ခြိမ်းခြောက်ခဲ့ပေမယ့် ဟန်ပြလောက်သာ ပြုလုပ်ခဲ့ပြီး ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အားကစားရုံတစ်ခုကနေ မိုးရွာနေတဲ့ကြားက ချီတက်ခဲ့ကြတာပါ။ တနင်္ဂနွေနေ့က အဓိက ဆန္ဒပြနေရာတွေအနီးက ဘူတာရုံတွေကို ရထားပို့ဆောင်ရေးဌာနက ဒုတိယအကြိမ်မြောက် ပိတ်လိုက်ပါတယ်။

Read more

ကင်ဂျုံအန် ကြီးကြပ်၍ မြောက်ကိုရီးယားက ကြီးမာသော ဒုံးကျည်လွှတ်စက်စမ်းသပ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် စနေနေ့ က ကြီးမားသော ဒုံးကျည်လွှတ်စက် စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြသည်။

နျူကလီးယားဖြုတ်သိမ်းရေး ဆွေးနွေးမှုများ ရပ်တန့်နေစဉ် မကြာမီ သီတင်းပတ်များအတွင်း စမ်းသပ်ပစ်လွှတ်မှုများစွာအနက်  နောက်ဆုံးအဖြစ် မြောက်ကိုရီးယား က တာတိုပစ်ပဲ့ထိန်းဒုံးကျည် ဟု ယူဆရသော ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ကမ်းလွန် ပင်လယ် အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။

Read more