ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ကရိတ်မြို့နယ် ကျေးရွာများမှ ဆရာတော်များအား ဖူးမြော် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ကော့ကရိတ် ဖေဖော်ဝါရီ ၎

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာသို့ရောက်ရှိကာ ကမ်းနီပရိယတ္တိကျောင်းကြီး ဆရာတော်အား ဖူးမြော်၍ အလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကမ်းနီကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ပါတီဝင် မခင်ရှင်း နေအိမ်၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီ အောင်နိုင်ရေးကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့သည်။

Read more

တန်းဆင်းခဲ့ရပါက လစာထက်ဝက်လျှော့ချခံရမယ့် ဝက်စ်ဟမ်း ကစားသမားများ

ဒီရာသီအကုန်မှာ ပရီးမီးယာလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့ရမယ်ဆိုရင် ဝက်စ်ဟမ်းကစားသမားတွေဟာ လစာထက်ဝက် လျှော့ချခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ကစားပြီးချိန်မှာ နိုင်ပွဲ(၆)ပွဲသာ ရရှိထားပြီးရမှတ်(၂၄)မှတ်နဲ့ အဆင့်(၁၈)နေရာမှာရုန်းကန်နေရပါတယ်။ ဝက်စ်ဟမ်း ကစားသမားတွေဟာ အသင်းနဲ့စာချုပ်ချုပ်ဆိုစဉ်က အသင်းတန်းဆင်းခဲ့ရမယ်ဆိုရင်ဘဏ္ဍာရေး ပြဿနာ ဖြေရှင်းဖို့အတွက် လစာလျှော့ယူရမယ်ဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းအသင်းမှာ လစာအများဆုံး ရရှိနေသူတွေဟာ(၅၀)ရာခိုင်နှုန်းအထိလျှော့ ချခံရမှာပါ။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ကနေတန်းဆင်းခဲ့ရမယ်ဆိုရင် ရုပ်သံဝင်ငွေ၊ စပွန်ကြေးအစရှိတဲ့ ဝင်ငွေ တော်တော်များများ ဆုံးရှုံးရမှာဖြစ်ပါတယ်။ လက်ရှိမှာအသင်းကအဆင့်(၁၈)နေရာရပ်တည်နေပေမယ့် နောက်ဆုံး ကစားခဲ့တဲ့(၈)ပွဲမှာတစ်ပွဲသာ အနိုင်ရထားတာကြောင့်တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။

Read more

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉၂ ယောက်၊ ကူးစက်သူ ၂၃၅၀၀ ကျော်ရှိလာ

တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉၀ ရှိသွားပြီလို့ တာဝန်ရှိသူတွေက အခုလ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၆၅ ယောက် ရှိပြီးတော့ အားလုံး ဟူပေးပြည်နယ်ကပဲလို့ ဆိုပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ သေဆုံးသူတွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်းသေဆုံးသူ ၄၉၂ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်သူ အရေအတွက်ကတော့ တစ်ရက်တည်းမှာ ၃၁၅၆ ယောက် တိုးလာပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်သူ ၂၃၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဌာနချုပ်တွင် ကျင်းပသည့် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ချီးမြှင့်

 

နေပြည်တော်၊ အောက်တိုဘာ ၂

ယမန်နေ့ နေ့လည် ၁၃း၃၀ အချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ဦးစီးရုံးအဖွဲ့ဝင် မိသားစု သား/သမီး ကျောင်းသား၊ ကျောင်းသူများအား ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ချီးမြှင့် ခဲ့သည်။

Read more

ချန်ပီယံလိဂ်နိုင်ပွဲအများဆုံးရရှိသော ကစားသမားဖြစ်လာသည့် စီရော်နယ်ဒို

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို သည် လီဗာကူဆင်အား အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် နိုင်ပွဲ အများဆုံးရရှိသော ကစားသမားဖြစ်လာခဲ့သည်။ လီဗာကူဆင်အား အနိုင်ရရှိခဲ့ ပြီးနောက် စီရော်နယ်ဒို သည် ချန်ပီယံလိဂ်ပွဲစဉ် ၁ဝ၂ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်း ကာဆီလက်စ်၏ နိုင်ပွဲအများဆုံးရရှိထားသည့်မှတ်တမ်းကို ကျော်ဖြတ်ကာ မှတ်တမ်းသစ်တင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Read more

အမျိုးသမီးရေးရာ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး တက်ရောက်

 

စက်တင်ဘာ ၃၀၊ ပြင်ဦးလွင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်သော အဖွဲ့ သည် ၃၀-၉-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပါတီဝင် အမျိုးသမီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။အဆိုပါပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင် သော အဖွဲ့နှင့်အတူ အမျိုးသမီးပါတီဝင်အင်အား ၁၃၀ ခန့် တက်ရောက် ခဲ့ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်နှင့်မြို့နယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီ နေပြည်တော်ခရိုင်ပါတီနှင့် မြို့နယ်ပါတီကော်မတီများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ လုပ်ငန်းညှိနှိုင်းပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပြည်ထောင်စုနယ်မြေ နာယကများ ဖြစ်ကြသော ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီးတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ပါတီအတွင်း စည်းလုံးညီညွတ်ရေးနှင့် ပါတီ အောင်နိုင်ရေး ကိစ္စများရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ခရိုင်ကော်မတီဝင်များက မြို့နယ်တွင်း ပါတီလုပ်ငန်းဆောင်ရွက်ချက်များ၊ ပါတီအောင်နိုင်ရေးကိစ္စများ ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌနှင့် နာယက ကြီးများက ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အောင်အောင်(နေပြည်တော်)

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် အောင်လံမြို့နယ် ရွာထောင်ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် အဆိုပြုလွှာများ ပေးအပ်ပွဲသို့ တက်ရောက်

 

အောင်​လံ စက်​တင်​ဘာ ၃၀

Read more

ဝါးစိမ်းတောင် ဓာတ်သတ္တုရှာဖွေရေး စီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြ

ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ စမ်းသပ်ခွင့်ပြုပေးလိုက်တဲ့ ဝါးစိမ်းတောင် ဓာတ်သတ္တုရှာဖွေရေး စီမံကိန်း ဖျက်သိမ်းပေးဖို့ ဝါးစိမ်းတောင်ဒေသခံ အများအပြား မုံရွာမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။ လက်ပံတောင်းလိုပဲ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် လက်တလောမှာ ပြုလုပ်ဖို့ သဘောမတူကြတာ ဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုလှမင်းနိုင်က ပြောပါတယ်။ မြန်မာယန်စီကုမ္မဏီ ဓာတ်သတ္တု ရှာဖွေတိုင်းတာ၊ ပြည်သူတွေ ဆန္ဒမပါပဲ ပြည်ထောင်စုဝန်ကြီးထံ တိုင်းအစိုးရ သဘောထားမှတ်ချက်ပေးတာ၊ ပြည်သူတွေဘ၀ အလေးမထား ကုမ္ပဏီ အလိုမရှိတာ စတဲ့ အချက်တွေ အပါအ၀င် ငါးချက်တောင်းဆိုကြပါတယ်။  rfa

Read more