ဝေါမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်အားအလိုမရှိကြောင်း ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ဝေါမြို့ဒေသခံများက ယနေ့(ဇန်နဝါရီလ ၅ ရက်)၊ နံနက်ပိုင်း၌ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဝေါမြို့နယ်ဒေသခံများနှင့်ပြည်သူများပါဝင်ခဲ့ကြပြီး အလံနီများကိုင်ဆောင်ကာ တိုင်းဒေသကြီးလွှတ်တော်နှင့်တိုင်း NLD ပါတီရုံးရှေ့များတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ကျေးရွာမီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ စားကျက်မြေကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အာဏာသုံးကာ စွက်ဖက်ဆောင်ရွက်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ၁ ဦး၏ပြောပြချက်အရ သိရသည်။

Read more

တိုကျိုအိုလံပစ်ပြိုင်ပွဲကြားကာလအတွင်း ကျင်းပမယ့်ဆူမိုနပန်းပြိုင်ပွဲ

(၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲကို အားပေးထောက်ခံကြောင်း ကမ္ဘာ့ထိပ်တန်းဆူမိုနပန်းသမားတွေနဲ့ ဂျပန် ဆူမို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ပြီးသူတို့အနေနဲ့လည်း အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ နှစ်ခုကြား ကာလမှာ ဆူမိုပြိုင်ပွဲတစ်ခုကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုနှစ်အတွင်းကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲအပေါ်ကမ္ဘာတဝန်းက အာရုံစိုက်လာမှာဖြစ်လို့ ဆူမိုနပန်းအားကစားနည်းကို ပိုပြီးလူသိများစေဖို့ ဂျပန်ဆူမိုအဖွဲ့ချုပ်ကရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်အိုလံပစ်ပြိုင်ပွဲအပြီး မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမစခင် ဩဂုတ်လ(၁၂)ရက်နဲ့(၁၃)ရက်တွေမှာ ဆူမိုပြိုင်ပွဲတစ်ခုကိုကျင်းပကြမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို လက်ရှိဂရင်းဆူမိုချန်ပီယံတွေဖြစ်ကြတဲ့ ကာကာယူနဲ့ဟာကူဟိုတို့တက်ရောက်ခဲ့ကြပြီး မွန်ဂိုလီယားဆူမိုနပန်းသမားကာကာယူက ”ကမ္ဘာ့ပရိသတ်ကို ဆူမိုအားကစားနည်းနဲ့ရင်းနှီးသွားအောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။ ထို့အတူ(၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲ ဒုဥက္ကဌ တိုရှီယာကီအန်ဒိုကလည်း “ဂျပန်ရိုးရာနပန်းအားကစား နည်းဖြစ်တဲ့ဆူမိုပြိုင်ပွဲကို ဂျပန်နိုင်ငံတွင်းက ပရိသတ်တွေရော ကမ္ဘာတဝန်းက ရောက်လာကြတဲ့ပရိသတ် တွေပါကြိုက်နှစ်သက်လိမ့်မယ်ဆိုတာ ယုံကြည်ပြီးသားပါ”လို့ ပြောသွားခဲ့ပါတယ်။ one news

Read more

သမ္မတ Donald Trump အပြစ်မရှိကြောင်း ကန်အထက်လွှတ်တော် ဆုံးဖြတ်

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ထားပြီး နောက်ဆုံးအဆင့် အရေးယူဖို့ အထက်လွှတ်တော် ဆီးနိတ်မှာမဲခွဲကြတဲ့အခါ အရေးမယူဖို့ဘက်က အနိုင်ရသွားပါတယ်။ မစ္စတာထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီအမတ်တွေ အများစုရှိတဲ့ ဆီးနိတ်လွှတ်တော်က သူအာဏာအလွဲသုံးခဲ့တယ်ဆိုတဲ့စွဲချက်ကို မတင်ဖို့ ၅၂မဲ-၄၈မဲ၊ လွှတ်တော်လုပ်ငန်းတွေကို တားဆီးခဲ့တယ်ဆိုတဲ့ စွဲချက်ကို ၅၃မဲ-၄၇မဲနဲ့ ပယ်ချပြီး သမ္မတကို အရေးမယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မစ္စတာထရမ့်ဟာ ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒုတိယသမ္မတဟောင်းဂျိုးဘိုင်ဒန်ကို စုံစမ်းပေးဖို့ ယူကရိန်းသမ္မတကို ဖိအားပေးခဲ့တယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက သူ့ကိုပြီးခဲ့တဲ့ ဒီဇင်ဘာလက စွပ်စွဲပြစ်တင်ပြီး ရာထူးကဖယ်ရှားဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

Read more

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ ၁,၁၅၃ ဦးရှိ

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့် ရရှိခဲ့သူ အရေအတွက်မှာ စုစုပေါင်း ၁,၁၅၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များ၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက် အရသိရသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရသူ၂၆၁ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

Read more

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများအား ဆန်များလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း ရပ်ကွက်နှင့် ရှမ်းတဲကြီးရပ်ကွက်နေ ပြည်သူများကို မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီက ဆန်များလှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ အမျိုးသမီးရေးရာ အစည်းအဝေးသို့ တက်ရောက်

 

ရန်ကုန် ဖေဖော်ဝါရီ ၎

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသော အမျိုးသမီးရေးရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တက်ရောက်၍ အမှာစကားပြော ကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ ပါတီအတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊တိုင်းဒေသကြီး အမျိုးသမီးရေးရာ တာဝန်ခံဒေါ်စန်းစန်းဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်မြို့နယ် အသီးသီးမှ အမျိုးသမီးရေးရာတာဝန်ခံများ၊ လူငယ်အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဘိုဘို(ရန်ကုန်)

Read more

ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်

 

မကွေး ဖေဖော်ဝါရီ ၎

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေး မြို့နယ်ရုံးဝင်းအတွင်း ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူးဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးဟန်မောင်၊ မကွေးခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မကွေး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက် ပါတီဥက္ကဋ္ဌများ တက်ရောက် ဆောင်ရွက်ခဲ့ကြသည်။ ဝင်းမောင်(မကွေး )

Read more