ဩစတြေးလျတင်းနစ်သမား ကာရီရော့စ် ပြိုင်ပွဲကစားခွင့် ၆ လ ပိတ်ခံရ

တင်းနစ်အားကစားရဲ့ လူဆိုးလို့ သတ်မှတ်ခံထားရသူ ဩစတြေးလျတင်းနစ်သမား ကာရီရော့စ်ကို ATP က ၆ လတိတိ ပြိုင်ပွဲကစားခွင့်ပိတ်ခဲ့ပြီး ဒဏ်ကြေးပေါင် ၂၀၀၀၀ ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။
Read more
တင်းနစ်အားကစားရဲ့ လူဆိုးလို့ သတ်မှတ်ခံထားရသူ ဩစတြေးလျတင်းနစ်သမား ကာရီရော့စ်ကို ATP က ၆ လတိတိ ပြိုင်ပွဲကစားခွင့်ပိတ်ခဲ့ပြီး ဒဏ်ကြေးပေါင် ၂၀၀၀၀ ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။
Read more
ရုရှားနိုင်ငံ၊ ဆိုချီမှာ ကျင်းပတဲ့ ရုရှား ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာတော့ မာစေးဒီးစ်က လူးဝစ် ဟာမီလ်တန် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဖာရာရီက ပွဲအတွင်း ပိုမြန်ခဲ့သလို ထိပ်ဆုံးကလည်း တာထွက်ခွင့်ရခဲ့တာပါ။
ပွဲအစ ၁ပတ်မှာပဲတင် တတိယနေရာက တာထွက်ခဲ့ရတဲ့ ဗက်တဲလ်က ဒီပြိုင်ပွဲကို ဦးဆောင်ခဲ့ပြီး အကောင်းဆုံး မောင်းနှင်နိုင်ခဲ့ပါတယ်။ ၁၅ပတ်မှာ ဖာရာရီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့ပြီးနောက် ဗက်တဲလ်ရဲ့ ကားစက်ချို့ယွင်း သွားခဲ့ပြီးနောက် မာစေးဒီးလ် လွယ်လွယ်ကူကူ ဗိုလ်စွဲဖို့ ဖြစ်လာခဲ့တာပါ။
Read more
ကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပနေတဲ့ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသားမီတာ(၁၀၀)ပွဲမှာ အမေရိကန်နိုင်ငံသား ခရစ္စတီယန်ကိုးလ်မန်းရွှေတံဆိပ်ရပါတယ်။ (၂၀၁၇)လန်ဒန်ပြိုင်ပွဲမှာငွေတံဆိပ်ဆုရခဲ့တဲ့ ကိုးလ်မန်းကအခု ပြိုင်ပွဲမှာ (၉ဒဿမ၇၆)စက္ကန့်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကိုးလ်မန်းရဲ့ ဒီရာသီအကောင်းဆုံး စံချိန်လည်း ဖြစ်ပါတယ်။ ချန်ပီယံဟောင်း အမေရိကန်နိုင်ငံသားဂတ်လင်းက (၉ဒဿမ၈၉) စက္ကန့်နဲ့ ဒုတိယရခဲ့ပြီး ကနေဒါနိုင်ငံသား ဒီဂရက်စီက တတိယရပါတယ်။ အမျိုးသမီးမီတာ(၁၀၀၀)ပြေးပွဲမှာ နယ်သာလန်နိုင်ငံသူ ဆီဖန်ဟန်ဆန်က(၃၀)မိနစ် (၁၇ဒဿမ၆၃)စက္ကန့်နဲ့ရွှေတံဆိပ် ရပါတယ်။ အီသီယိုးပီးယား နိုင်ငံသူ ဂီဒီကဒုတိယနဲ့ကင်ညာနိုင်ငံသူ အက်ဂ်နက်စ်တီ ရော့စ်ကတတိယရပါတယ်။ အမျိုးသား အလျားခုန် ပြိုင်ပွဲမှာ ဂျမေကာနိုင်ငံသား တာဂျေးဂေးလ်က(၈ဒဿမ၆၉)မီတာခုန်ပြီးရွှေတံဆိပ်ဆုရပါတယ်။ ဒါဟာသူ့အတွက် ဒီရာသီအကောင်းဆုံးစံချိန်လည်းဖြစ်ခဲ့ပါတယ်။ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲမှာလည်း ဒီအန်နာပရိုက်စ်က ချန်ပီယံဆု ရတဲ့ပထမဆုံး အမေရိကန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီအန်နာပရိုက်စ်က (၇၇ဒဿမ၅၄) မီတာ အကွာအဝေးရောက်အောင် ပစ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
Read more
နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာပြည်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
Read more
ရန်ကုန် စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည့် လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။ ဦးစွာတွေ့ဆုံ ဆွေးနွေးရခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးခင်ရီ၊ ဦးမြင့်စိုးနှင့် ဦးခင်မောင်စိုးတို့က ရှင်းလင်းတင်ပြခဲ့ ပြီးတက်ရောက်လာသည့် လူငယ်များက လက်ရှိဖြစ်ပေါ်နေသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ သော်လည်းကောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လျှပ်စစ်မီတာခ ဈေးမြင့်တက်မှုစသည့် မေးခွန်းများကို မေးမြန်း ခဲ့ကြသည်။
Read more
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည် ယခုရာသီယူရိုပါလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်များတွင် ဗီဒီယို အထောက်အကူပြု ဒိုင်စနစ်( VAR)ကို အသုံးပြုသွားမည်ဟု အတည်ပြုထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များကို လာမည့်နှစ်ဖေဖော်ဝါရီလတွင် ယူရိုပါလိဂ်အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်သည့် (၂၄)သင်းနှင့်အတူ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ တတိယနေရာရသည့် (၈)သင်း ပေါင်းကာ စုစုပေါင်း (၃၂)သင်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
Read more
လီဗာပူးအသင်းဟာ နိုက်ကီကုမ္ပဏီနဲ့ ဗြိတိသျှစံချိန်တင် စပွန်ဆာကြေးရဖို့ အကြိုသ ဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ နယူးဘဲလန့်နဲ့ ၂၀၂၀ မေလအထိ စာချုပ်သက်တမ်း ရှိသေးတဲ့ လီဗာပူးဟာ နိုက်ကီ အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီနဲ့ စံချိန်တင် စပွန်ဆာကြေးရဖို့ ရှိနေတာပါ။
Read more
ဖီဖာက ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ရရှိခဲ့ပါတယ်။ ၃၂နှစ် အရွယ်ရှိတဲ့ မက်ဆီအတွက် FIFA Best Men Player အမည်နဲ့ ပထမဆုံးအကြိမ် ရတာဖြစ်ပြီး ဖီဖာဆုအနေနဲ့ စံချိန်တင် ၆ကြိမ်မြောက် ရခဲ့တာ ဖြစ်ပါတယ်။
Read more
ရန်ကုန်၊ စက်တင်ဘာ ၂၂
ရုပ်ရှင်အနုပညာလောကသားများ ဖွဲ့စည်ထားတဲ့ အလွှာခုနှစ်ခုက သာရေးနာရေး အသင်းများအား အလှူငွေ ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ချီးမြှင့် ခဲ့ကြပါသည်။
Read more