ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့ အမျိုးသမီးရေးရာ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြော

 

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

Read more

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အရှေ့လက္ခုပ္ပင်အုပ်စု မင်းကုန်းကျေးရွာတွင် ရပ်ကျေးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်

 

မတ်လ ၁၂ ရက်

ယနေ့ နံနက် ၉း၀၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည်မြို့နယ်၊ အရှေ့လက္ခုပ္ပင်အုပ်စု၊ မင်းကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပရာ တိုင်းပါတီကော်မတီဝင်များ မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကျေးပါတီဥက္ကဌနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများ တက် ရောက်၍ အမွေးနံ့သာရေများ ပတ်ဖြန်းဖွင့်လှစ်ခဲ့
ကြသည်။

Read more

ကနေဒါဝန်ကြီးချုပ်ဇနီး ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း အတည်ပြု

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒူးရဲ့ ဇနီးမှာ ကိုဗစ်၁၉ ရောဂါကူးစက်ခံနေရကြောင်း အတည်ပြုပြီး အခုအခါ သူတို့နှစ်ဦးလုံး သီးသန့်ခွဲခြားနေထိုင်နေပါတယ်။ ဇနီးဖြစ်သူမှာ နေမကောင်းဖြစ်နေတဲ့လက္ခဏာတွေ စတွေ့ရတဲ့ မတ်လ ၁၁ ရက်ကစပြီး ဝန်ကြီးချုပ်ဟာ သူကိုယ်တိုင်လည်း ရုံးမတက်တော့ဘဲ သီးခြားခွဲပြီး နေထိုင်ခဲ့ပါတယ်။

ဘယ်ကနေ ကူးစက်တယ်ဆိုတာတော့ မသိရသေးပေမယ့် ဝန်ကြီးချုပ်ဇနီးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဗြိတိန်မှာ ကျင်းပတဲ့အခမ်းအနားတစ်ခုကို တက်ရောက်စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၁၃ ရက်မနက်ပိုင်းထိ ဝန်ကြီးချုပ်မှာရောဂါလက္ခဏာတွေမတွေ့ရသေးဘဲ နေအိမ်ကနေပဲ ရုံးအလုပ်တွေပုံမှန်လုပ်နေပါတယ်။

Read more

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် စောင့်ကြည့်ခန်းထဲရောက်နေတဲ့ စီရော်နယ်ဒို

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ အသင်းဖော် ရူဂါနီတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အီတလီသို့ပြန်တော့မည်မဟုတ်ပဲ မွေးရပ်မြေ မာဒဲလ်ယားရှိ နေအိမ်တွင် သီးခြားစောင့်ကြည့်ရေး အခန်းထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ပေါ်တူဂီသတင်းစာနှစ်စောင်ဖြစ်သည့် Quotidiano Sportivo and Abola  တို့ကလည်း စီရော်နယ်ဒိုမှာ မာဒဲလ်ယားရှိနေအိမ် သီးခြားခန်းထဲအတွင်းသို့ ရောက်ရှိနေပြီဆိုသည်ကို သတင်းစာခေါင်းကြီးပိုင်းတွင် ဖော်ပြသွားခဲ့သည်။ ဂျူဗင်တပ်နောက်ခံလူ ရူဂါနီမှာ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဂျူဗင်တပ်အသင်းက ထုတ်ပြန်ကြေညာထားသည်။ ရူဂါနီမှာ အင်တာမီလန်ကို ၂-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် အရန်ခုံပေါ်၌ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့သည်။ ပွဲအပြီးတွင် အဝတ်လဲခန်းအတ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး လေးမျက်နှာမြို့နယ်မှ ဒေသခံပြည်သူများ ပါတီဝင် များနှင့်တွေ့ဆုံ

 

လေးမျက်နှာ မတ် ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် လေးမျက်နှာမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနှင့် ယမန်နေ့နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

Read more

အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူး

မတ်  ၉  ရက်မှ ၁၀ ရက်အထိ အမေရိကန်နိုင်ငံ၌    ကျင်းပခဲ့သည့်  River Landing Classic -2020 ဂေါက်သီးရိုက်ပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်    မြန်မာအမျိုးသမီး ဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူး ရရှိခဲ့သည်။

Read more

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO သတ်မှတ်

နိုဗယ်ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှု့ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယနေ့ညပိုင်းတွင် သတ်မှတ်လိုက်ကြောင်း CNN သတင်းက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချူပ် Tedros Adhanom Ghebreyesus က “အခုဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်ရဲ့ခြိမ်းခြောက်မှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ ကပ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လက်ရှိဆောင်ရွက်နေတဲ့ ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေမှုများအပေါ်ပြောင်းလဲမှာ မဟုတ်သလို နိုင်ငံအလိုက်ရောဂါပျံ့နှံ့မှုကို ထိန်းချူပ်ဖို့ဆောင်ရွက်ရမယ့် ကိစ္စများကလည်း အပြောင်းအလဲရှိမှာမဟုတ်ပါဘူး” ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Read more

လျှပ်စစ်မီးလင်းနိုင်ရေး ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့လွှတ်တော်ရုံး အဖွဲ့များက ဝိုင်းဝန်း ကူညီဆောင်ရွက်

 

နေပြည်တော် မတ် ၁ဝ

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု သာယာအေးကျေးရွာ မီးလင်းနိုင်ရေး အတွက်မီးလိုင်းအလှူရှင် ဗိုလ်ချုပ်ကြီးသူရ သက်ဆွေနှင့်ဇနီးဒေါက်တာ ဝေမာထွန်း မိသားစုအား ပထမဦးစွာ ကျေးရွာတွင်းရှိ ပြည်သူများ၏ကိုယ်စား အထူးပင်ကျေးဇူး တင်ပါကြောင်း မြို့နယ်ကျေးရွာများမှ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ပြောကြားသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms. Tone Tinnes အား လက

 

မတ် ၁၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes အား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ (၁၄၀၀) နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာရှိ မိဘပြည်သူ များနှင့် သွားရောက်တွေ့ဆုံ

 

မတ် ၁၀

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာ အတွင်းရှိ ရပ်မိရပ်ဖများ မိမိပါတီဝင်များ၏ နေအိမ်များသို့ ယမန်နေ့ နေလည် ၁ နာရီ အချိန်တွင် သွားရောက်တွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာ၌ ဗဟိုအတွင်းရေးမှူးမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ပြည်ခိုင်ဖြိုး ပါတီ၏ အာမခံချက် (၁၀) ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပီး တွေ့ဆုံပွဲ တက်ရောက်လာသူများမှလည်း ကျေးရွာ အခြေအနေများ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

Read more