သမ္မတပူတင် သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံအသစ်ကို အတည်ပြု

လက်ရှိ သမ္မတ Vladimir Putin အနေနဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်မံ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုနိုင်တဲ့ ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အပါအ၀င် အခြား ပြင်ဆင်မယ့် အချက်တွေကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ချက်တွေကို လာမယ့် ဧပြီလမှာ တနိုင်ငံလုံး ဆန္ဒမဲပေးရမှာဖြစ်ပါတယ်။

Read more

ဖေဖော်ဝါရီလတစ်လတာအကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ရရှိ

ဖေဖော်ဝါရီလအတွက် တစ်လတာပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရရှိသွားပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်ကိ ဇန်နဝါရီလကမှ ရောက်လာခဲ့ပေမယ့်ကာလတိုအတွင်း အမြန်အထိုင်ကျလာပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲ ပရီးမီးယားလိဂ်(၃)ပွဲကစားခဲ့ရာမှာ (၁)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးကစားသမားဆုအတွက် ပဏာမစာရင်းမှာ မားကို့စ်အလွန်ဆို၊ အူဘာမီယန်၊ ကဲလ်ဗာ့ဒ်လီဝင်နဲ့မက်ဒိုဟာသီတို့ပါဝင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ သူတို့ကိုကျော်ဖြတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ဒါကဘရူနိုအကြောင်းပဲ ပြောစရာမဟုတ်ပါဘူး။ တစ်သင်းလုံးအကြောင်းကိုပြောရမှာပါ။ ကစားသမားတစ်ယောက်တည်းကတစ်သင်းလုံးကို မပြောင်းလဲနိုင်ပါဘူး။ အသင်းသားအားလုံးအတူတကွ တွန်းမှ အပြောင်းအလဲ ဖြစ်နိုင်တာပါလို့ ပြောပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ထန်းတပင်မြို့နယ် ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၁၅

Read more

န၀မအကြိမ်မြောက်၊ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ၊ ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲကြီး စာအောင် သံဃာတော် များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပ

 

မတ် ၁၅၊ ပျော်ဘွယ်

Read more

MMA ပါဝါပြင်းဖိုက်တာငါးဦးတွင် အောင်လအန်ဆိုင်း နံပါတ်တစ် အဆင့်သတ်မှတ်ခံရ

ONE Championship က MMA ပြိုင်ပွဲဝင်တွေထဲမှာ ပါဝါအပြင်းဆုံးဖိုက်တာ(၅)ဦးကို မတ်လ(၁၄)ရက်က ရုပ်သံပြကွက်တွေနဲ့အတူ ထုတ်ပြန်လိုက်ပါတယ်။

ပြိုင်ဘက်ကို အလဲထိုးရာမှာ သပ်ရပ်ပြီး အားပါတဲ့ တိုက်ကွက်တွေ သုံးနိုင်တဲ့ အရည်အချင်းကို တွက်ချက်ပြီး ခွဲခြားတာပါ။ဒီလိုအဆင့်သတ်မှတ်ရာမှာ ပါဝါပြင်းတဲ့ ညာလက်သီးနဲ့ ချုပ်ကွက်တွေကြောင့် အောင်လအန်ဆိုင်းက နံပါတ်(၁)အဖြစ် သတ်မှတ်ခံရပါတယ်။ဒုတိယနေရာမှာတော့ သူ့ကို စိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ဟဲဗီးဝိတ်တန်းက ဘရန်ဒန်ဗီရာ ရှိနေပါတယ်။ ဗီရာဟာ အမေရိကန်နိုင်ငံသားဖြစ်ပေမယ့် ဖိလစ်ပိုင်ကိုယ်စားပြုထိုးသတ်နေသူပါ။ နံပါတ်(၃)နေရာမှာ ဘရာဇီးသား အလိန်းဂါလာနီ ရှိနေပြီး နံပါတ်(၄)နေရာမှာ ထူးထူးခြားခြား ထိုင်းနိုင်ငံသူ စတန့်ဖဲလ်တက်စ် ရှိနေပါတယ်။

Read more

တားမြစ်ဆေးသတင်းထွက်လာ၍ ကစားသမားဘဝတွင် တိုင်ဆန်ဖြူရီ ဆက်ရှိရန်မသေချာ

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီသည် တားမြစ်ဆေးနှင့် ပတ်သက်သော သတင်းများကို ရှောင်လွှဲနိုင်ရန် အတွက် ပေါင် နှစ်သောင်းခွဲအထိ သုံးစွဲခဲ့ကြောင်း သတင်းထွက်လာခဲ့သည်။ တိုင်ဆန်ဖြူရီသည် ဗြိတိန် တားမြစ်ဆေး ဆန့်ကျင်ရေးအဖွဲ့၏ စစ်ဆေးမှုကို ခံခဲ့ရပြီး ၄င်းနှင့် ၄င်းအစ်ကိုတို့ နှစ်ဦးစလုံးမှာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါကာလတွင် ၄င်းက အစားအသောက် စီမံပေးရသူကို လက်ညှိုးထိုး၍ အပြစ်လွှဲချခဲ့သည်။

Read more

ရော်နယ်ဒိုရဲ့ဟိုတယ်(၂)လုံးကို ယာယီဆေးရုံအဖြစ် သုံးခွင့်ပေးမယ့်သတင်းကို ငြင်းဆို

လစ္စဘွန်းမြို့ကဟိုတယ်နဲ့ မက်ဒီးရားကျွန်းရဲ့မြို့တော် ဖန်ချယ်က ကြယ်(၄)ပွင့်အဆင့်ရှိ သူပိုင် ဟိုတယ်တို့ကို ကိုရိုးနားဗိုင်းရပ်စ် ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးအစီအစဉ်အတွက် ယာယီဆေးရုံအဖြစ် ရော်နယ်ဒို သုံးခွင့်ပေးမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဟိုတယ်ဝန်ထမ်းတစ်ဦးက ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို မာကာသတင်းစာကစတင်ရေးသားခဲ့ပြီး ဟိုတယ်ဝန်ထမ်းများမှာ သတင်းသမားတွေရဲ့ဖုန်းဆက်မေးမြန်းမှုကို မကြာခဏ ဖြေရှင်းနေရတယ်လို့လည်းဆိုပါတယ်။ လစ္စွဘွန်းမြို့ CR7ဟိုတယ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒတ်ခ်ျမီဒီယာ တစ်ခုကို ပြောရာမှာ သူတို့ရဲ့ဟိုတယ်ဟာ ဟိုတယ်အဖြစ်ပဲ ဆက်ရှိမယ်လို့ဆိုပါတယ်။ ဆေးရုံအဖြစ် ပြောင်းသုံးမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ skysports

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ကိုးရီယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jong Ho Bom အား လက်ခံတွေ့ဆုံ

 

မတ် ၁၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jong Ho Bom အား ၂၀၂၀ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ (၁၁၀၀) နာရီတွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ကြံခင်းမြို့နယ်ရှိ မြို့နယ်ရပ်ကျေးပါတီ တာဝန်ရှိသူ များနှင့် တွေ့ဆုံ

 

ကြံခင်း မတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတခရိုင် ပါတီကော်မတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတင်ဝင်းတို့နှင့်အတူ ယမန်နေ့ နံနက် ၁ဝ နာရီက ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စည်းဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဝင်များနှင့် တွေ့ဆုံသည်။

Read more