ဒေါ်လာ၊ ရွှေနှင့် စက်သုံးဆီဈေးများ ဆက်တိုက်ကျဆင်း

Covid-19 ရောဂါ ကမ္ဘာ့နိုင်ငံအတော်တော်များများမှာပျံ့နှံနေတာကြောင့် စီးပွားရေးလုပ်ငန်း တုံ့ဆိုင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီလို ကမ္ဘာ့စီးပွားရေးတုံ့ဆိုင်းတာနဲ့အတူ ပြည်တွင်းမှာလည်း ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီ ဈေးနှုန်းတွေလည်း အခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ကျဆင်းနေပါတယ်။

ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းဟာ မတ်လအစမှာ အမေရိကန်တစ်ဒေါ်လာကို(၁၄၂၇)ကျပ်ဝန်းကျင် ဈေးပေါက်နေရာကနေ မတ်(၁၀)ရက်မှာတော့ ကျပ်(၁၂၉၀)ဝန်းကျင်ကို ကျဆင်းခဲ့ပါတယ်။

Read more

နယူးကာဆယ်ကိုဝယ်ရန် မေဝယ်သာ စိတ်ဝင်စားနေ

အမေရိကန်လက်ဝှေ့ကျော်ဟောင်း မေဝယ်သာသည် နယူးကာဆယ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ အသက် ၄၃ နှစ်ရှိပြီဖြစ်သော မေဝယ်သာသည် ၂ဝ၁၇ ခုနှစ် သြဂုတ်တွင် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် နာမည်ကြီးနေသော မက်ဂရီဂေါ်နှင့်ထိုးသတ်ခဲ့ပြီးနောက် လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ဝင်ရောက်ခြင်း မရှိတော့သူဖြစ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ (ဗဟို) ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

 

တောင်ကြီး မတ် ၈

(၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ (ဗဟို) ဂုဏ်ပြုညစာစားပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ယမန်နေ့ ညနေ ၆ နာရီခွဲက ကျင်းပခဲ့သည်။

Read more

မြန်မာနိုင်ငံတွင် ခွဲစိတ်မှုများ လာရောက်ပြုလုပ်ခဲ့သည့် Big Shoe အဖွဲ့အား ကျေးဇူးတင်ကြောင်း လူမှုစာမျက်နှာတွင် အိုဇေးလ် ဖော်ပြ

အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်က မြန်မာနိုင်ငံတွင် လာရောက်၍ ခွဲစိတ် ကုသမှုများ ပြုလုပ်ပေးခဲ့သည့် BigShoe ပရဟိတအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ၎င်း၏ လူမှုစာမျက်နှာ တွင် ရေးသားဖော်ပြခဲ့သည်။

ဂျာမနီကစားသမား အိုဇေးလ်သည် ကမ္ဘတစ်ဝန်း၌ ကလေးငယ်များအား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေသည့် BigShoe ပရဟိတအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါအဖွဲ့အား ငွေကြေးထောက်ပံ့ကူညီမှုများ ပြုလုပ် ပေးနေသူဖြစ်သည်။

Read more

ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆ဝ၁၈ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆ဝ၁၈ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ချင်းတိုင်းရင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ်​(၅)၊မတူပီ

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ကန်ပက်လက်မြို့နယ်အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

မတ်​(၆)၊ကန်​ပက်​လက်​ သုတ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည်​ ယ​မန်နေ့ နံနက်​ ၈ နာရီ ၃၀ မိနစ်​က ကန်ပက်​လက်​မြို့နယ်​ ပါတီရုံးခန်းမတွင်​ ကန်​ပက်​မြို့နယ်​ပါတီ မြို့နယ်​၊ ရပ်​ကွက်​နှင့်​​ ကျေးရွာအုပ်​စု တာဝန် ရှိသူများ၊ ပါတီဝင်​များနှင့်​ တွေ့ဆုံခဲ့သည်​။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အိမ်မဲမြို့နယ် ရပ်ကျေးပါတီကော်မတီဝင်များ ရပ်မိရပ်ဖများ ပြည်သူများနှင့် တွေ့ဆုံ

 

အိမ်မဲ မတ် ၅

Read more

ပတ်စ်ပို့တ်အတုပြုလုပ်မှု သံသယဖြင့် ရော်နယ်ဒင်ဟို ဖမ်းဆီးထိန်းသိမ်းခြင်းခံရ

ဘာစီလိုနာနှင့်ပီအက်စ်ဂျီကစားသမားဟောင်းရော်နယ်ဒင်ဟိုသည် နိုင်ငံဖြတ်ကျော်ခွင့်အချက်အလက်ကို အတုပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသူဖြစ်သည်။ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ရော်နယ်ဒင်ဟို သည် မကြာသေးမီကာလအတွင်း ကလည်း အကြွေးပြဿနာများကို လိမ်လည်ရှောင်ထွက်ရန် ကြိုးစားခဲ့သည်ဆိုသော စွဲချက်ဖြင့်ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ယခုအခါတွင် ပါရာဂွေးနိုင်ငံ သို့ သွားရောက်မှု၌ ပတ်စ်ပို့တ်အတုကို သုံးစွဲခဲ့သည်ဆိုသောစွဲချက်နှင့် ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။ ပြီးခဲ့သော ကြာသပတေးနေ့တွင် ပါရာဂွေးအာဏာပိုင်များက ဘောလုံး အကျော်အမော်တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၄င်း သည် ၂ဝဝ၂ ကမ္ဘာ့ဖလားကို ရခဲ့သူဖြစ်သည်။ Ref; Soccerway

Read more

မေဝယ်သာကို UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ် စိန်ခေါ်

ခါဘစ်က “သူ(မေဝယ်သာ)ဟာ မီဒီယာတွေကြားမှာ ရေပန်းစားမှုကိုပဲ လိုချင်တာပါ။ ခင်ဗျားအနေနဲ့ ထိုးသတ်ချင်ရင် UFC ကိုလာပါ။ ဒါဟာ စစ်မှန်တဲ့ထိုးသတ်ပွဲပါ။ ကျွန်တော်ဟာ လက်ဝှေ့သမားမဟုတ်သလို၊ နပန်းသမားလည်း မဟုတ်ဘူး။ MMA အားကစားသမားတစ်ယောက်ပါ။ သူ စိတ်ဝင်စားရင် လက်ဝှေ့ကို (၁၁)ချီ ထိုးပြီး MMA (၁)ချီထိုးပေါ့”ဟု ပြောကြားခဲ့သည်။

Read more