ထရမ့်ကို အီရန်က ဖမ်းဝရမ်းထုတ်

ပြီးခဲတဲ့ ဇန်နဝါရီလအတွင်းက အီရန်ထိတ်တန်းဗိုလ်ချုပ်ကြီး Qasem Soleimani ကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လေဆိပ်မှာ အမေရိကန်စစ်ဘက်က ဒရုန်းနဲ့တိုက်ခိုက်သုတ်သင်ခဲ့တာနဲ့ပတ်သက်ပြီး အီရန်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ အခုလ(၂၉)ရက် CNN သတင်းမှာ ဖော်ပြထားပါတယ်။ 

ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတထရမ့်အပါအဝင် နောက်ထပ် (၃၅)ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး၊ သူတို့ကို ဖမ်းဆီးဖို့အတွက် အင်တာပိုထံ အကူအညီလှမ်းတောင်းထားလို့ အီရန်အစိုးရရှေ့နေ Ali Alqasimehr က ပြောပါတယ်။ ဒါပေမဲ့ အင်တာပိုကတော့ အီရန်ရဲ့အကူအညီတောင်းခံမှုကို စဉ်းစားသွားမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

Read more

TikTok နဲ့ တခြား တရုတ် Apps ၅၉ ခုကို အိန္ဒိယပိတ်ပင်

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ကြား နယ်စပ်အရေးတင်းမာနေချိန်မှာ TikTok အပါဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်း Apps ၅၉ ခု အသုံးပြုခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ လျှပ်စစ်နဲ့ IT နည်းပညာ ဝန်ကြီးဌာန ကြေညာချက်ထဲမှာတော့ တရုတ်ရဲ့ ဒီ Apps ၅၉ ခုဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်ငြိမ်ရေး ၊ အိန္ဒိယ ကာကွယ်ရေးနဲ့ နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးတွေကို ထိခိုက်နစ်နာ လာစေတဲ့အတွက် အခုလို ပိတ်ပင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။

Read more

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆွမ်းဆန်အိတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

 

ဘားအံ ဇွန် ၂၈

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင်) ဦးစောမြင့်ဦး၊ ဗဟို အလုပ်အမှုဆောင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ဗဟိုကော်မတီဝင် ကရင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်၊ ဒေါ်စန္ဒာဦး၊ ဦးစောမြင့်ဝင်းအောင်၊ ဘားအံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ အတွင်းရေးမှူး ဦးခွန်သန်းဝင်းနှင့် ပြည်နယ်လူငယ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယမန်နေ့ညနေ ၄ နာရီတွင် ဘားအံမြို့အမှတ် (၂) ရပ် ကွက်ရှိ မြိုင်သဇင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယ အားဖူးမြော်၍ ဆွမ်းဆန်အိတ် ငါးအိတ်၊ ကန်တော့ခြင်းတစ်ခြင်း၊ အလှူငွေကျပ်ရှစ်သောင်းနှင့် Mask တစ်သေတ္တာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်နီနီအောင်

Read more

လောင်းလုံးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းများသို့ ဆန် ဆီ ကြက်သွန်လှူဒါန်း

 

လောင်းလုံး ဇွန် ၂၈

Read more

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့အကျိုးပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ရန်ကုန် ဇွန် ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ယမန်နေ့ မွန်းလွဲ ၂နာရီက အမှတ် (၅၆) ရပ်ကွက်အတွင်း ဒေသခံမိဘပြည်သူများ ကျန်းမာရေးအတွက် သွေးလွန်တုပ်ကွေး ကာကွယ်ရန် ဆေးဖျန်းခြင်းအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read more

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၁) ရပ်ကွက်တွင် ပြည်သူများအား ဆန် ဆီများ လှူဒါန်း

 

ရန်ကုန် ဇွန် ၂၈

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့တွင် ဝင်ငွေနည်းမိသားစုများအား ဆန်နှင့် ဆီများကို ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် အတွင်းနေအိမ်များသို့ သွားရောက်ပြီး ဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သား နှုန်းဖြင့် ကူညီထောက်ပံ့လှူဒါန်း ခဲ့သည်။

Read more

FA Cup ဆီမီးဖိုင်နယ်တွင် မန်ယူ-ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီး တွေ့ဆုံ

FA Cup ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ချက်စတာ ယူနိုက်တက်က ချဲလ်ဆီး၊ အာဆင်နယ်က လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဆီမီးဖိုင်နယ်ကို FA Cup သမိုင်းမှာ အအောင်မြင်ဆုံး အသင်း ၄ သင်း ဆုံရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အာဆင်နယ်ကတော့ အက်ဖ်အေသမိုင်းမှာ ချန်ပီယံ ၁၃ ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်းလည်း ဖြစ်ပါတယ်။

Read more

ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ UFC ပွဲစဉ်မှာ ဖိုက်တာနှစ်ယောက်စလုံး ဆေးရုံတက်ခဲ့ရ

အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မြို့မှာ ဒေသစံတော်ချိန် စနေညက ကျင်းပခဲ့တဲ့ UFC လိုက်ဝိတ်တန်းပွဲစဉ်မှာ အမေရိကန် ဖိုက်တာ ဒပ်စတင်ပွိုင်ရီယာက နယူးဇီလန်ဖိုက်တာ ဒန်ဟွတ်ကာကို အငြင်းပွားဖွယ်မရှိ ရမှတ် အပြတ်သတ်နဲ့ အနိုင်ရခဲ့ပေမယ့် သူတို့နှစ်ယောက်စလုံး အထိနာခဲ့တာကြောင့် ပွဲအပြီးမှာ ဆေးရုံ တက်ခဲ့ကြရပါတယ်။ ဒပ်စတင်ပွိုင်ရီယာနဲ့ ဒန်ဟွတ်ကာတို့ပွဲစဉ်ဟာ ရုပ်/သံပရိသတ်တွေအကြိုက်ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံး ဒဏ်ရာ ကိုယ်စီ ရခဲ့ကြပါတယ်။

Read more