ရာသီမကုန်ခင် လီဗာပူးအသင်း ပရီးမီယားလိဂ်ချန်ပီယံဆု ဆွတ်ခူး

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ ချဲလ်ဆီးအသင်းက မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ နှစ် ၃၀ ကြာကာလရှည်စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း လီဗာပူးအသင်းအတွက် ပထမဆုံးသောလိဂ်ဖလားလည်း ဖြစ်ပါတယ်။

Read more

ပီအက်စ်ဂျီနဲ့ တူးလော့စ်အသင်းသားတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ

ပြင်သစ်လီဂူးဝမ်းကလပ်တွေဖြစ်တဲ့ ပီအက်စ်ဂျီ နဲ့ တူးလော့စ်တို့ဟာ သူတို့အသင်းသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ အင်္ဂါနေ့က အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဒီရာသီ ပြင်သစ်လီဂူးဝမ်း လက်ကျန်ပွဲစဉ်တွေကို ဖျက်သိမ်းခဲ့ပြီး ထိပ်ဆုံးက ပီအက်စ်ဂျီအသင်းကို ချန်ပီယံအဖြစ် ကြေညာခဲ့တာပါ။

Read more

သြစတြေးလျ Qantas လေကြောင်းက အလုပ်အကိုင် ၆၀၀၀ ကိုရပ်နား

ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်နစ်နာမှုတွေရှိလာတာမို့ သြစတြေးလျ Qantas လေကြောင်းက အလုပ်အကိုင် ၆၀၀၀ ကိုရပ်နားရမယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူက ပြောလိုက်ပါတယ်။ အခုလို အလုပ်အကိုင်တွေကိုရပ်နားရတာက ကိုဗစ်ကြောင့်ထိခိုက်မှုတွေ နည်းပါးနိုင်ရေး ဆောင်ရွက်တဲ့ ငါးကြိမ်မြောက်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကဆိုရင် ဝန်ထမ်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း အလုပ်တွေနားထားခဲ့ ပါသေးတယ်။ နယ်စပ်တွေ၊ ဝင်ပေါက်ထွက်ပေါက်တွေကို နောက်နှစ်ထဲအထိ ပိတ်ထားနိုင်ဖို့ရှိတယ်လို့ သြစတြေးလျ အစိုရက ပြီးခဲ့တဲ့အပတ်ကဘဲ ပြောခဲ့ပါတယ်။ ရောင်းချခဲ့ပြီးတဲ့ ခရီးစဉ်လက်မှတ်တွေကိုလည်း ဒီနှစ်အောက်တိုဘာနှောင်းပိုင်းအထိကို ရွှေ့ဆိုင်းပြီး ပယ်ဖျက်တာတွေလည်းရှိခဲ့ပါတယ်။

Read more

ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရ စည်သူဗိုလ်ကလေးတင့်အောင်အား သွားရောက် ဂါရဝပြု

 

ရန်ကုန် ဇွန် ၂၃ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရ စည်သူဗိုလ်ကလေးတင့်အောင်ထံသို့ သွားရောက်ဂါရဝပြု ကန်တော့ကာ ဆန်၊ ဆီ၊ ပဲ တို့ကို လှူဒါန်းခဲ့သည်။

ထိုသို့တွေ့ဆုံဂါရဝပြုရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်အတူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ ဦး ညီညီထွန်းလွင်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးတို့ လိုက်ပါခဲ့ကြ သည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အလှူငွေများကို ဇာတ်ပို့ ဇာတ်ရံ အခြေခံအလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို ဆက်လက်လှူဒါန်း

 

ရန်ကုန် ဇွန် ၂၃ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ နံနက် ၉ နာရီက ရုပ်ရှင်လောကသားများအတွက် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အလှူငွေများကို ဒုတိယနေ့အဖြစ် လှူဒါန်းရမည့် ဇာတ်ပို့ ဇာတ်ရံအခြေခံ အလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးသို့သွားရောက်ကာ ဆက်လက်လှူ ဒါန်းခဲ့သည်။

Read more

မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပညာရေးဌာနသို့ Mask များလှူဒါန်းခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

 

မုဒုံ ဇွန် ၂၃

မွန်ပြည်နယ် ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင် ပါတီကော်မတီဝင် ဦးမင်းအောင်မြင့်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သက်တင်နှင့် ပါတီကော်မတီဝင်များသည် အထက (၁) တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော Grade- 7 အထိ သင်ရိုးသစ်သင်တန်းသို့ တက် ရောက်နေသော သင်တန်းသား ဆရာဆရာမများ၊ နည်းပြများ၊ ကြီးကြပ်သူများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၆ဝဝ အတွက် Mask ၁၂ဝဝကို သွားရောက်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက လက်ခံရယူသည်။

Read more

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်။

 

ကျိုက်ထို၊ဇွန် ၂၃

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုပါတီကော်မတီဝင် ဦးဌေးလွင်၏ လမ်းညွန်မှုဖြင့် မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဇေယျာဦး ဦးဆောင်ပြီး ကျိုက်ထိုမြို့နယ် မြောက်ပိုင်း ရပ်ကွက် ရှိ ရေဝပ်သော လမ်းများ နှင့် တိုးချဲ့ ရပ်ကွက်ရှိ လမ်းများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပဉ္စဂီရိချမ်းမြေ့စည် သီလရှင်စာသင်တိုက်သို့ လှူဖွယ်ပစ္စည်းလှူဒါန်း

 

သထုံ ဇွန်​ ၂၄

သထုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ခရိုင်​ပါတီ ဥက္ကဌဦး​ကျော်​မြင့်​ ၊ မြို့နယ်​ပါတီဥက္ကဌ ဦး​စောမျိုးမင်း​ဌေးတို့ဦး​ဆောင်​၍ ယ​နေ့နံနက်​ (၀၉း၃၀) အချိန်​တွင်​ ပဉ္စဂီရိချမ်းေ​မြ့သီလရှင်စာသင်တိုက်ရှိ သီလရှင်များ COVID-19 ကာလအတွင်း ဆွမ်းကိစ္စများအဆင်​​ပြေနိုင်​​စေ​ရေးအတွက်​ ဆန်​တစ်​အိတ်​ ဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။  ထို့အပြင်​ သထုံတပ်​နယ်​ ဒုတိယတပ်​နယ်​မှူး ​ဒုဗမကရဲမင်းဦး ​ဦး​ဆောင်​​သော တပ်​မ​တော်​သားများကလည်း ​ကျောင်းတွင်း/ပြင်​သန့်​ရှင်း​ရေး ၊ ​ဆေးဖျန်းခြင်း ၊ ကျန်းမာ​ရေးစစ်​​ဆေး​ရေးများ လုပ်​​ဆောင်​​ပေးကြ​ကြောင်း သိရှိရပါသည်​။

Read more

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ပဖွံ့ဖြိုးရေးပါတီမှ မြတ်စိတ်ထားတက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းကျောင်းသို့ စာသင်ခုံများလှူဒါန်း

 

မန္တလေး ဇွန် ၂၃

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ဣစ္ဆာသယ ရွှေမန်း ဆရာတော်ဘဒ္ဒန္တက ဝိဓဇဦးစီး တည်ထောင်ထားသော ‘မြတ်စိတ်ထား’တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်း ကျောင်းသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက စာသင်ခုံ ၂၅ ခုံအား သွားရောက်လှူဒါန်းခဲ့သည်။

Read more