ကံမမြို့ ယွန်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ထံသို့ အလှူငွေကျပ် ၁ဝ သိန်း လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုတို့သည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကံမမြို့ယွန်းကျောင်းပရိယတ္တိစာသင်တိုက် အောင်တေဇမုနိကုန်းတော် ပေါ်ရှိ ဆုတောင်းပြည့်စေတီတော်ရင်ပြင် တိုးချဲ့ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဂြိုဟ်တိုင်ဘုရားများ ပြုပြင်ခြင်းများ အတွက် လှူဒါန်းငွေကျပ် ၁ဝ သိန်းကို ယွန်းကျောင်း ဆရာတော်ထံ လှူဒါန်းခဲ့သည်။ ယမန်နေ့ကလည်း ပါတီဗဟိုအတွင်းရေးမှူးသည် မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်ဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်ရွှေနှင့် အဖွဲ့တို့ လိုက်ပါလျက် အင်ဘက်တော၊ ပုထိုး၊ ညောင်တန်း၊ ဂုန်းသောင်ပြည်တော်သာ၊ အင်းဘဲ၊ ထောက်ရှာခုံ ကျွန်းကလေးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင် မင်းတဲ အုတ်ပုံ၊ ပုဇင်းနိမ့်၊ တောင်တီးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

Read more

ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အများပြည်သူသွားလာမှု အဆင်ပြေရန်လမ်းပြုပြင်

ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အရန်ပါတီ ကော်မတီဝင် လူငယ်တာဝန်ခံဦးဝင်းကျော်နှင့်အတူ နဘုလယ်ဒေသမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရပ်ကွက်နေ လူငယ်များ ပူးပေါင်းလျက် ရေဖြူမြို့နယ် နဘုလယ်ဒေသမှ ထားဝယ်မြို့သို့သွားသော ရွာအထွက်လမ်း ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် အများပြည်သူ သွားလာရေး အဆင်ပြေစေရန်ရည်ရွယ်လျက် ယနေ့နံနက်ပိုင်းက စတင် ပြုပြင်လျက်ရှိကြောင်း သိရသည်။


Read more

စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ Quarantine ဝင်နေရပ်ပြန်များကို လိုအပ်ပစ္စည်းများလှူဒါန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပန်းပြင်စု ကျေးရွာ Quarantine ဝင်ရောက်နေသော နေရပ်ပြန်များကို ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောပစ္စည်းများကို စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်းခဲ့ကြသည်။

စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်၏ လမ်းညွန်မှုအရ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ် ပါတီကော်မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်နှင့်ကျေးရွာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးကျော်သောင်း တို့ပါဝင်ပြီး ရွှေကူကျေးရွာအုပ်စု ပန်းပြင်ကျေးရွာ၌ Quarantineဝင်ရောက်သေူများကို ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ နှာခေါင်းစည်းများကို လှူဒါန်းခဲ့ကြပြီး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

Read more

တန့်ယန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တပ်နယ်ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေပေးအပ်

တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  စစ်ဗျူဟာ အဖွဲ့(အခြေချ)  တန့်ယန်းတပ်နယ် ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေကျပ် တစ်သိန်းနှင့် ဆေးခန်းမျက်နှာကြက် တပ်ဆင်နိုင်ရန်အတွက် အလှူငွေကျပ် ငါးသောင်းတို့ကိုလည်းကောင်း၊ တန့်ယန်း မြို့၌ ရောက်ရှိနေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပြည်နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်တို့က အလှူငွေကျပ်နှစ်သိန်းတို့ကို သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ နှင်းစန္ဒာမိုး

Read more

ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် အဖွဲ့ ဝှေခါကျေးရွာတွင် မြေပြိုကျ၍ သေဆုံးသူနှင့် ထိခိုက်သူများအား အလှူငွေများ ထောက်ပံ့လှူဒါန်း

ကချင်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့်အဖွဲ့သည် ဝှေခါကျောက်စိမ်းတွင်း မြေပြိုကျ၍ သေဆုံးသူနှင့် ထိခိုက်သူများအတွက် အလှူ ငွေကျပ်သိန်း ၃ဝ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့် (၇၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့် (၇၃)ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းမှုကို ယနေ့နံနက် ၈နာရီက ရန်ကုန်သူနာပြုတက္ကသိုလ်ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသွေးလှူဒါန်းမှုကို မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်မှ ပါတီဝင် ၁ဝ၆ ဦး လာရောက်ခဲ့ပြီး ၅၇ဦး သွေးလှူဒါန်းခဲ့ကြောင်း ကိုဗစ်-၁၉ ကာလအတွင်း သွေးလိုအပ်နေသူများ အဆင်ပြေစေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ အမှတ်(၅)ရပ်ကွက် ပါတီကော်မတီဝင်များအား အခြေခံစားသောက်ကုန်များ သွားရောက် ထောက်ပံ့လှူဒါန်း

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ မှ အမှတ်(၅)ရပ်ကွက်ပါတီကော်မတီဝင်များအား covid – 19 ကူးစက်ရောဂါကာလ စားသောက်ရေးအခက်အခဲအတွက် အခြေခံစားသောက်ကုန်များအား အမှတ်(၅)ရပ်ကွက် အပိုင်(၈) အပိုင် ပန်းခြံ (၂၇) ပန်းခြံအတွင်းရှိ ပါတီကော်မတီဝင်များအား အခြေခံစားသောက်ကုန်များအား သွားရောက် လှူဒါန်းခဲ့ကြပါသည်။

Read more

ဘိုင်ယန်မြူးနစ်အသင်း ဂျာမန်ဖလားကို အကြိမ် ၂၀ မြောက် စံချိန်တင်ဆွတ်ခူး

နည်းပြဟမ်ဆီဖလစ် ၏ ဘိုင်ယန်မြူးနစ်က လေဗာကူဆင်ကို ၄-၂ ဂိုးဖြင့် အနိုင်ရပြီး ဂျာမန် DFB ဖလားကို အကြိမ် ၂၀ မြောက် စံချိန်တင်ဆွတ်ခူးခဲ့သည်။ ဘိုင်ယန်သည် ဘွန်ဒက်စ်လီဂါဖလားနှင့် DFB ဖလားကို တစ်နှစ်အတွင်း နှစ်ခုစလုံး သိမ်းပိုက်သော အကြိမ် ၁၃ ကြိမ် ရှိလာ သည်။

Read more

အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့

မြန်မာ့ စပါးအုံးလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က သူဟာ COVID-19 ရောဂါပိုး အကူးစက်ခံနေရတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၂ ရက်နေ့က ရေးသားထားပါတယ်။

တနင်္လာနေ့က စမ်းသပ်စစ်ဆေးမှုလုပ်ခဲ့ပြီး ကြာသပတေးနေ့မှာ ပိုးတွေ့ကြောင်း သိရတဲ့အတွက် အခုဆို သူနဲ့ သူမိသားစု တခုလုံး သီးခြားခွဲ quarantine လုပ်နေပြီလို့လည်း ပြောပါတယ်။ သူတို့မိသားစုဟာ ၁၄ ရက်ကြာ သီးခြားခွဲနေမယ်လို့ ဆိုပါတယ်။

Read more