လွိုင်ကော်မြို့နယ်ပါတီ ရပ်ကွက်/ကျေးရွာစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုဝင်ဘာ (၈) ရက် နံနက် ၁ဝ နာရီအချိန်က လွိုင်ကော်မြို့နယ် ရပ်ကွက်/ကျေးရွာပါတီစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များအား လစဉ်ပုံမှန် အစည်းအဝေးကို လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

loikaw

(more…)


Read more

ပါတီဗဟိုအလုပ်မှုဆောင် ဦးလှသိန်း မုဒုံပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် (ပညာရေးဌာနတာဝန်ခံ) ဦးလှသိန်းမှ နိုဝင်ဘာ (၈)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

mudon

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသဖွံ့ဖြိုးတိုးတက်မှု ကြည်ရှုစစ်ဆေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းသည် နိုဝင်ဘာ (၈) ရက် နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်တွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

14915509_222082698205782_3168279507263356189_n

(more…)


Read more

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ရပ်ကျေးပါတီ ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို နိုဝင်ဘာ (၇) ရက် နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ် ပါတီ ဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများ နှင့် အမာခံပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

14917092_1250965081592359_6377520951271140498_o

(more…)


Read more

စိုက်ပျိုးရေးအခြေခံစားသောက်ကုန်များ စံချိန်စံညွှန်းများနှင့်ပတ်သက်သည့် သင်တန်းကျောင်းတစ်ခု ပြည်တွင်း၌ ဖွင့်ရန် Global G.A.P စီစဉ်

13081804_1136480829709399_320826700_n

ကမ္ဘာ့အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းအဖွဲ့ GLOBAL G.A.Pက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး အခြေခံစားသောက်ကုန်များစံ ချိန်စံညွှန်းများနှင့် ပတ်သက် သည့် သင်တန်း ကျောင်းတစ်ခုဖွင့်လှစ် ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

အဖွဲ့၏အမှုဆောင် အရာရှိချုပ်က နိုဝင်ဘာ ၈ ရက်မှ ၉ ရက် အထိ ပြုလုပ်မည့် မြန်မာစားသောက်ကုန် လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တာဝန်ယူမှုရှိသော ကုန်ကြမ်းများ ဝယ်ယူ သုံးစွဲမှုမြှင့်တင်ရေးအလုပ်ရုံဆွေး နွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

Read more

ပြည်ထောင်စုနယ်မြေပါတီလစဉ်ပုံမှန်စည်းဝေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ ရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၈  နံနက် ၉နာရီက ပြည်ထောင်စုနယ်မြေပါတီ၊ နေပြည်တော်ခရိုင်ပါတီ၊ မြို့နယ် ရှစ်မြို့နယ်မှပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ အစည်း အဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံ ပြည်ထောင်စုနယ်မြေနာယက ဦးသိန်းညွန့်နှင့် ပြည်ထောင်စုနယ်မြေ နာယက ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး နှင့်ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား ၅ဝ တက်ရောက်ခဲ့ကြသည်။

14947906_676374675865380_3503231841536284737_n

(more…)


Read more

ရပ်/ကျေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လာမည့်လွှတ်တော်တွင် အတည်ပြုမည်

img_2961-copyf

လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲနေသော ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို လာမည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံ မှ သတင်းရရှိသည်။

Read more

ဆေးလိပ်သောက်ခြင်းကြောင့် DNA များ ထိခိုက်ပျက်စီးနိုင်ကြောင်း တွေ့ရှိ

ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်ပေမယ့် မကြာသေးမီက ပြု လုပ်ခဲ့တဲ့ သုတေသနတစ်ရပ်မှာ ဆေးလိပ်သောက်တာဟာ DNA ကို ထိခိုက်ပျက်စီးနိုင်ကြောင်းပါ တွေ့ရှိခဲ့ ပါတယ်။

images3

(more…)


Read more

4G ဆယ်လူလာ ကွန်ရက်များတွင် DoS တိုက်ခိုက်မှု ပြုလုပ်နိုင်သော အန္တရာယ် ရှိဟုဆို

ဟက်ကာများအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ 4G ဆယ်လူလာကွန်ရက်များအား denial-of-service တိုက်ခိုက်မှုများ မည်သို့ ပြုလုပ်နိုင်ပုံကို Black Hat Europe ကွန်ဖရင့်တွင် သုတေသီတစ်ဦးက လက်တွေ့သရုပ်ပြသခဲ့သည်။

4g-lte

(more…)


Read more

ရှမ်းပြည်နယ် နိုင်ငံရေးပါတီများအဖွဲ့ချုပ်ကို ၁၃ ပါတီဖြင့် ဖွဲ့စည်း

ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီများ စုစည်းနိုင်ရန် ရှမ်းပြည်နယ်နိုင်ငံရေးပါတီများအဖွဲ့ချုပ်ကို အဖွဲ့ဝင် ၁၃ ပါတီဖြင့် အတည်ပြု ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ဝင်ပါတီများထံမှ သိရသည်။

‘‘အခုလောလောဆယ်တော့ ၁၃ ပါတီနဲ့ စဖွဲ့လိုက်ပါပြီ။ နောက်ထပ်ဝင်မယ့်ပါတီတွေက မိခင်ပါတီရဲ့ အတည်ပြုချက်ကို တောင်းထားကြတယ်’’ ဟု ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေး ဦးဆောင်ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကဆိုသည်။ (more…)


Read more