ပေါင်းတည်မြို့နယ်ပါတီ (လပါတ်) ပုံမှန်အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (လပါတ်) ပုံမှန်အစည်းအဝေးကို နိုဝင်ညာ (၉) ရက် နံနက် (၉) နာရီအချိန်က ပေါင်းတည်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး ဦးမျိုးမင်းဇော် နှင့် ပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

Read more















