အေမရိကန္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဆန႔္က်င္ေန၍ “ေမြးရာပါႏိုင္ငံသားျဖစ္ခြင့္” အဆုံးသတ္ရန္ ထရမ့္၏ အမႈ ေဆာင္အမိန႔္ကို တရား႐ုံးခ်ဳပ္က ပယ္ခ်

အေမရိကန္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဆန႔္က်င္ေန၍ “ေမြးရာပါႏိုင္ငံသားျဖစ္ခြင့္” အဆုံးသတ္ရန္ ထရမ့္၏ အမႈ ေဆာင္အမိန႔္ကို တရား႐ုံးခ်ဳပ္က ပယ္ခ်
===================
ဇူလိုင္ ၁
အေမရိကန္ေျမေပၚတြင္ ေမြးဖြားလာသူအားလုံးကို ေမြးရာပါႏိုင္ငံသားျဖစ္ခြင့္ (Birthright Citizenship) အလို အေလ်ာက္ ေပးအပ္ေနသည့္ ရာစုႏွစ္ခ်ီက်င့္ထုံးကို အဆုံးသတ္ရန္ သမၼတ ေဒၚနယ္ထရမ့္ (Donald Trump) ထုတ္ျပန္ခဲ့သည့္ အမႈေဆာင္အမိန႔္ကို အေမရိကန္တရား႐ုံးခ်ဳပ္ (US Supreme Court) က ပယ္ခ်လိုက္သည္။
တရားသူႀကီး ကိုးဦးပါဝင္သည့္ တရား႐ုံးခ်ဳပ္က အဆိုပါကိစၥကို ၆ ဦး – ၃ ဦးျဖင့္ ဆုံးျဖတ္စီရင္ခဲ့ျခင္းျဖစ္ၿပီး၊ ယင္းသည္ ၎တို႔ႏိုင္ငံအတြင္းရွိ လူဝင္မႈႀကီးၾကပ္ေရးစနစ္ကို အႀကီး အက်ယ္ ေျပာင္းလဲျပင္ဆင္ရန္ ႀကိဳးပမ္းေနသည့္ သမၼတ ေဒၚနယ္ထရမ့္အတြက္ ႀကီးမားေသာ ႏိုင္ငံေရးထိုးႏွက္ခ်က္တစ္ခု ျဖစ္လာခဲ့သည္။
ထရမ့္သည္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၂၀ ရက္ေန႔တြင္ သမၼတအျဖစ္ ဒုတိယအႀကိမ္ ရာထူးလက္ခံရယူၿပီးေနာက္ ခ်က္ခ်င္းဆိုသလိုပင္ အေမရိကန္၌ ေမြးဖြားလာေသာ္ လည္း ၎တို႔၏မိဘမ်ားသည္ ယာယီတရားဝင္ဗီဇာျဖင့္ ေနထိုင္သူမ်ား သို႔မဟုတ္ တရားဝင္အေထာက္အထားမရွိဘဲ ခိုလႈံေနသူမ်ား (Immigrants) ျဖစ္ပါက ကေလးမ်ားအား အေမရိကန္ႏိုင္ငံ သားအျဖစ္ အလိုအေလ်ာက္ရရွိျခင္းကို ပိတ္ပင္တားျမစ္ရန္ သမၼတ၏အမႈေဆာင္အမိန႔္ (Executive Order) တစ္ရပ္ကို လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
တရား႐ုံးခ်ဳပ္၏ ယခုစီရင္ခ်က္သည္ ထရမ့္၏အမိန႔္သည္ အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ကိုက္ညီမႈမရွိသည့္အျပင္ ယခင္စီရင္ထုံးမ်ားႏွင့္လည္း ဖီဆန္ေနသည္ဟူေသာ ေအာက္ေျခတရား႐ုံး၏ ဆုံးျဖတ္ခ်က္ကို ထပ္မံအတည္ျပဳေထာက္ခံခဲ့ျခင္းျဖစ္သည္။
အမ်ားစု၏သေဘာထားကို ကိုယ္စားျပဳ၍ တရားသူႀကီးခ်ဳပ္ ဂြၽန္ေရာ္ဘတ္စ္ (John Roberts) က စီရင္ခ်က္ကို ေရးသားရာတြင္ အေမရိကန္ႏိုင္ငံ၏ ေမြးရာပါႏိုင္ငံသားျဖစ္ခြင့္ က်င့္ထုံးသည္ အဂၤလိပ္အေျခခံဥပေဒမွတစ္ဆင့္ ၁၆၈ ခုႏွစ္တြင္ ဖြဲ႕စည္း ပုံအေျခခံဥပေဒ ျပင္ဆင္ခ်က္အမွတ္ ၁၄ (14th Amendment) ကို အတည္ျပဳခဲ့ျခင္းႏွင့္ ၁၈၉၈ ခုႏွစ္တြင္ “ယူႏိုက္တက္စတိတ္ႏွင့္ ဝမ္ကင္အာ့ခ္” (United States v Wong Kim Ark) အမႈ၌ တရား႐ုံး ခ်ဳပ္၏ စီရင္ခ်က္တို႔အထိ ခိုင္မာစြာ အျမစ္တြယ္ေနေၾကာင္း ေထာက္ျပခဲ့သည္။
တရားသူႀကီးခ်ဳပ္က ထရမ့္အစိုးရအဖြဲ႕မွ ေရွ႕ေနမ်ားႏွင့္ ကန႔္ ကြက္ခဲ့ၾကသည့္ တရားသူႀကီးမ်ားသည္ ကာလရွည္ ၾကာ တည္ရွိလာခဲ့ေသာ ဥပေဒကို အဓိပၸာယ္တစ္မ်ိဳးျဖင့္ ျပန္လည္ဖြင့္ဆိုရန္ ႀကိဳးပမ္းရာ၌ လုံေလာက္ေသာ သက္ ေသအေထာက္အထားမ်ား တင္ျပႏိုင္ျခင္းမရွိေၾကာင္း ေျပာၾကားခဲ့သည္။
“ျပႆနာကေတာ့ ဒီလိုအႀကီးအက်ယ္ ျပဳျပင္ေျပာင္းလဲလိုတဲ့ အျမင္အတြက္ ခိုင္လုံတဲ့ သက္ေသအေထာက္အထားက အလြန္ပဲ နည္းပါးေနတာပါပဲ။ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ခ်က္အမွတ္ ၁၄ ကို ေရးဆြဲခဲ့သူေတြဟာ အဲဒီကတိကဝတ္ကို ‘ဒီေျမေပၚမွာ လြတ္လပ္စြာ ေမြးဖြားလာသူတိုင္း’ ဆီကို ေပးအပ္ခဲ့ၾကတာပါ။ ကြၽန္ေတာ္တို႔ဟာ ဒီေန႔မွာ အဲဒီကတိကဝတ္ကို ဆက္လက္ထိန္းသိမ္း ေစာင့္ေရွာက္သြားမွာျဖစ္ပါတယ္” ဟု ေရးသားခဲ့သည္။
သမၼတ ေဒၚနယ္ထရမ့္သည္ ယခုစီရင္ခ်က္ႏွင့္ပတ္ သက္၍ ခ်က္ခ်င္းတုံ႔ျပန္ေျပာၾကားျခင္း မရွိေသးေသာ္ လည္း၊ ၎၏ Truth Social လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေမြးရာပါႏိုင္ငံသားျဖစ္ခြင့္ကို ေျပာင္းလဲရန္အတြက္ လႊတ္ေတာ္ (Congress) က ဥပေဒတစ္ရပ္ ျပဌာန္းႏိုင္သည္ဟု အျငင္းပြားတင္ျပထားသည့္ ေဆာင္းပါးတစ္ပုဒ္ကို ရွယ္ယာလုပ္ခဲ့သည္။
သို႔ေသာ္လည္း လက္ရွိအေမရိကန္ လႊတ္ေတာ္အမတ္ မ်ားအၾကား ယင္းကဲ့သို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေျပာင္းလဲပစ္ရန္အတြက္ ႏိုင္ငံေရးအရ လိုလားခ်က္ သို႔မဟုတ္ သေဘာထားဆႏၵမ်ိဳး လုံးဝနီးပါး မရွိသေလာက္ျဖစ္ေၾကာင္း အကဲျဖတ္မ်ားက ေထာက္ျပထားၾကသည္။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေ၍ “မွေးရာပါနိုင်ငံသားဖြစ်ခွင့်” အဆုံးသတ်ရန် ထရမ့်၏ အမှု ဆောင်အမိန့်ကို တရားရုံးချုပ်က ပယ်ချ
===================
ဇူလိုင် ၁
အမေရိကန်မြေပေါ်တွင် မွေးဖွားလာသူအားလုံးကို မွေးရာပါနိုင်ငံသားဖြစ်ခွင့် (Birthright Citizenship) အလို အလျောက် ပေးအပ်နေသည့် ရာစုနှစ်ချီကျင့်ထုံးကို အဆုံးသတ်ရန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထုတ်ပြန်ခဲ့သည့် အမှုဆောင်အမိန့်ကို အမေရိကန်တရားရုံးချုပ် (US Supreme Court) က ပယ်ချလိုက်သည်။
တရားသူကြီး ကိုးဦးပါဝင်သည့် တရားရုံးချုပ်က အဆိုပါကိစ္စကို ၆ ဦး – ၃ ဦးဖြင့် ဆုံးဖြတ်စီရင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ၎င်းတို့နိုင်ငံအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးစနစ်ကို အကြီး အကျယ် ပြောင်းလဲပြင်ဆင်ရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့်အတွက် ကြီးမားသော နိုင်ငံရေးထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ဒုတိယအကြိမ် ရာထူးလက်ခံရယူပြီးနောက် ချက်ချင်းဆိုသလိုပင် အမေရိကန်၌ မွေးဖွားလာသော် လည်း ၎င်းတို့၏မိဘများသည် ယာယီတရားဝင်ဗီဇာဖြင့် နေထိုင်သူများ သို့မဟုတ် တရားဝင်အထောက်အထားမရှိဘဲ ခိုလှုံနေသူများ (Immigrants) ဖြစ်ပါက ကလေးများအား အမေရိကန်နိုင်ငံ သားအဖြစ် အလိုအလျောက်ရရှိခြင်းကို ပိတ်ပင်တားမြစ်ရန် သမ္မတ၏အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တရားရုံးချုပ်၏ ယခုစီရင်ချက်သည် ထရမ့်၏အမိန့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အပြင် ယခင်စီရင်ထုံးများနှင့်လည်း ဖီဆန်နေသည်ဟူသော အောက်ခြေတရားရုံး၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုထောက်ခံခဲ့ခြင်းဖြစ်သည်။
အများစု၏သဘောထားကို ကိုယ်စားပြု၍ တရားသူကြီးချုပ် ဂျွန်ရော်ဘတ်စ် (John Roberts) က စီရင်ချက်ကို ရေးသားရာတွင် အမေရိကန်နိုင်ငံ၏ မွေးရာပါနိုင်ငံသားဖြစ်ခွင့် ကျင့်ထုံးသည် အင်္ဂလိပ်အခြေခံဥပဒေမှတစ်ဆင့် ၁၆၈ ခုနှစ်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၄ (14th Amendment) ကို အတည်ပြုခဲ့ခြင်းနှင့် ၁၈၉၈ ခုနှစ်တွင် “ယူနိုက်တက်စတိတ်နှင့် ဝမ်ကင်အာ့ခ်” (United States v Wong Kim Ark) အမှု၌ တရားရုံး ချုပ်၏ စီရင်ချက်တို့အထိ ခိုင်မာစွာ အမြစ်တွယ်နေကြောင်း ထောက်ပြခဲ့သည်။
တရားသူကြီးချုပ်က ထရမ့်အစိုးရအဖွဲ့မှ ရှေ့နေများနှင့် ကန့် ကွက်ခဲ့ကြသည့် တရားသူကြီးများသည် ကာလရှည် ကြာ တည်ရှိလာခဲ့သော ဥပဒေကို အဓိပ္ပာယ်တစ်မျိုးဖြင့် ပြန်လည်ဖွင့်ဆိုရန် ကြိုးပမ်းရာ၌ လုံလောက်သော သက် သေအထောက်အထားများ တင်ပြနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
“ပြဿနာကတော့ ဒီလိုအကြီးအကျယ် ပြုပြင်ပြောင်းလဲလိုတဲ့ အမြင်အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားက အလွန်ပဲ နည်းပါးနေတာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၄ ကို ရေးဆွဲခဲ့သူတွေဟာ အဲဒီကတိကဝတ်ကို ‘ဒီမြေပေါ်မှာ လွတ်လပ်စွာ မွေးဖွားလာသူတိုင်း’ ဆီကို ပေးအပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ဟာ ဒီနေ့မှာ အဲဒီကတိကဝတ်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားမှာဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုစီရင်ချက်နှင့်ပတ် သက်၍ ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးသော် လည်း၊ ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ပြောင်းလဲရန်အတွက် လွှတ်တော် (Congress) က ဥပဒေတစ်ရပ် ပြဌာန်းနိုင်သည်ဟု အငြင်းပွားတင်ပြထားသည့် ဆောင်းပါးတစ်ပုဒ်ကို ရှယ်ယာလုပ်ခဲ့သည်။
သို့သော်လည်း လက်ရှိအမေရိကန် လွှတ်တော်အမတ် များအကြား ယင်းကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပစ်ရန်အတွက် နိုင်ငံရေးအရ လိုလားချက် သို့မဟုတ် သဘောထားဆန္ဒမျိုး လုံးဝနီးပါး မရှိသလောက်ဖြစ်ကြောင်း အကဲဖြတ်များက ထောက်ပြထားကြသည်။




