Author: USDP 2016
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့်တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ်များ၏ ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee – EUMC Meeting) သို့တက်ရောက်ရန် ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ General Mikhail Kostarakos အား နိုဝင်ဘာ ၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲ၌ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌရုံးတွင် သွားရောက်တွေ့ဆုံသည်။

Read more
မကွေးတိုင်းဒေသကြီးပါတီ လပတ်လုပ်ငန်းညှိနှိုင်းစည်းဝေး
မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၇) ရက် နံနက် (၁၀) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟို အလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်း ညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းကော်မတီဝင်များ၊ အရံကော်မတီဝင်များ (၂၀) ဦး တက်ရောက် ခဲ့ကြသည်။

Read more
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့များ ထားဝယ်မြို့တွင် ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်သော ဒေါက်တာကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာ စန်းစန်းနွယ်နှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ (၇) ရက် နံနက် ၈ နာရီက တွေ့ဆုံပွဲအခမ်းအနားတစ်ရပ် ကျင်းပရာ တိုင်း ဒေသကြီးပါတီ နာယကများ၊ တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင်တို့မှ ပါတီကော်မတီဝင်များ၊ ထားဝယ်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများ၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၁၁၅ ဦးခန့် တက်ရောက် ကြသည်။

Read more
ပြောင်းလဲတိုင်းကောင်းပါရဲ့လား
နေပြည်တော်ရှိ အားကစားတက္ကသိုလ် အဆောက်အအုံအားအမျိုး သားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဆောက်အအုံအဖြစ် ပြောင်းလဲအသုံးပြုသွားရန် နိုင်ငံတော် သမ္မတရုံးမှ စီစဉ်နေကြောင်း သိရပါသည်။ (NRPC) အတွက်အဆောက်အအုံမရှိသေးသဖြင့် အားကစားတက္ကသိုလ်အဆောက်အအုံကို ခေတ္တ ယာယီအသုံးပြုပြီး နိုင်ငံတော်မှဘတ်ဂျက်ရန်ပုံငွေ တောင်းခံ၍ရရှိလာပါက NRPC အဆောက်အအုံကို သင့်တော် သည့်မြေနေရာတွင် အသစ်ဆောက်လုပ်အသုံးပြုရန် အစီအစဉ်ဆိုပါက လက်ခံနိုင်ပါသည်။ သို့မဟုတ်ဘဲ အပြီး အပိုင် ပြောင်းလဲအသုံးပြုမည်ဆိုပါက ပြည်သူထဲက ပြည်သူတစ်ဦးအနေဖြင့် အလေးအနက် ကန့်ကွက်တင်ပြလိုပါသည်။

Read more
ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ရွှေမန်းကျောင်းဆရာတော်အား သင်္ကန်းနှင့် နဝကမ္မ အလှူငွေပေးအပ်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာ တာဝန်ခံ) ဦးအောင်တင်မြင့်သည် နိုဝင်ဘာ (၆) ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် (စီမံ) ဦးဝင်းတင့်နှင့် ပါတီဝင်များ လိုက်ပါလျက် ဘားအံမြို့ ကျက်သရေဆောင် ရန်ပြေမာန်ရှင်းစေတီတော်အား သွားရောက်ဖူးမြော်ကာ ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

Read more
ဗဟိုအတွင်းရေးမှူးများ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်တို့သည် နိုဝင်ဘာ (၄) ရက် မွန်းလွဲ ၃ နာရီတွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ၁ဝ မြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရေးရာတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။

Read more









