ဗီယက္နမ္က ဆိုရွယ္မီဒီယာေပၚ၌ သတင္းအမွားျဖန႔္သူမ်ားကို ဒဏ္႐ိုက္မည္

ဗီယက္နမ္က ဆိုရွယ္မီဒီယာေပၚ၌ သတင္းအမွားျဖန႔္သူမ်ားကို ဒဏ္႐ိုက္မည္
=========================
ဗီယက္နမ္အစိုးရက ဇူလိုင္လ ၁ ရက္မွစ၍ ဆိုရွယ္မီဒီယာေပၚ၌ သတင္းအမွား ဖန္တီးသူမ်ားႏွင့္ တစ္ဆင့္ ျပန္လည္ျဖန႔္ေဝသူမ်ား

ကို ဒဏ္ေငြအျဖစ္ ဗီယက္နမ္ေဒါင္သန္း ၂၀ မွ သန္း ၃၀ တပ္႐ိုက္မည္ ျဖစ္ေၾကာင္း ေဒသတြင္းသတင္းစာတစ္ေစာင္က ဇြန္လ ၃၀ ရက္တြင္ေဖာ္ျပထားသည္။

ထို႔ျပင္ သတ္ျဖတ္မႈမ်ား၊ ဆူပူအုံႂကြမႈမ်ားႏွင့္ အျခားမႏွစ္ၿမိဳ႕ဖြယ္ရာျမင္ကြင္းမ်ားကို ေဖာ္ျပထားရွိေသာ ဓာတ္ပုံမ်ားျဖန႔္ေဝမႈ၊ မူပိုင္ခြင့္ခ်ိဳးေဖာက္သည့္ သတင္းစာႏွင့္အႏုပညာလုပ္ငန္းမ်ားကို ေဖာ္ျပမႈ၊ တားျမစ္ကုန္ပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားကို လူႀကိဳက္မ်ားေစရန္ေၾကာ္ျငာမႈ စသည့္ျပစ္မႈမ်ားကိုလည္း အလားတူဒဏ္ေငြတပ္႐ိုက္သြားမည္ျဖစ္သည္။ သမိုင္းေၾကာင္းကို လိမ္လည္ ေရးသားသူမ်ားကိုမူ ဒဏ္ေငြသန္း ၃၀ မွ သန္း ၅၀ အထိ တပ္႐ိုက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Ref: Xinhua


ဗီယက်နမ်က ဆိုရှယ်မီဒီယာပေါ်၌ သတင်းအမှားဖြန့်သူများကို ဒဏ်ရိုက်မည်
=========================
ဗီယက်နမ်အစိုးရက ဇူလိုင်လ ၁ ရက်မှစ၍ ဆိုရှယ်မီဒီယာပေါ်၌ သတင်းအမှား ဖန်တီးသူများနှင့် တစ်ဆင့် ပြန်လည်ဖြန့်ဝေသူများ

ကို ဒဏ်ငွေအဖြစ် ဗီယက်နမ်ဒေါင်သန်း ၂၀ မှ သန်း ၃၀ တပ်ရိုက်မည် ဖြစ်ကြောင်း ဒေသတွင်းသတင်းစာတစ်စောင်က ဇွန်လ ၃၀ ရက်တွင်ဖော်ပြထားသည်။

ထို့ပြင် သတ်ဖြတ်မှုများ၊ ဆူပူအုံကြွမှုများနှင့် အခြားမနှစ်မြို့ဖွယ်ရာမြင်ကွင်းများကို ဖော်ပြထားရှိသော ဓာတ်ပုံများဖြန့်ဝေမှု၊ မူပိုင်ခွင့်ချိုးဖောက်သည့် သတင်းစာနှင့်အနုပညာလုပ်ငန်းများကို ဖော်ပြမှု၊ တားမြစ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို လူကြိုက်များစေရန်ကြော်ငြာမှု စသည့်ပြစ်မှုများကိုလည်း အလားတူဒဏ်ငွေတပ်ရိုက်သွားမည်ဖြစ်သည်။ သမိုင်းကြောင်းကို လိမ်လည် ရေးသားသူများကိုမူ ဒဏ်ငွေသန်း ၃၀ မှ သန်း ၅၀ အထိ တပ်ရိုက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: Xinhua