Author: USDP 2016
ကျိုင်းတုံ ကြားဖြတ် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ခြောက်ခု ဝင်ပြိုင်မည်
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် နိုင်ငံရေးပါတီခြောက်ခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအောင်က ပြောကြားသည်။ (more…)
Read more
စပါးခြွေလှေ့ရာ၌ ပြည်ခိုင်ဖြိုးပါဝင်နွှဲ
မိုးညှင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာကော် မတီကဦးစီးပြီးအင်ကြင်းကုန်းကျေး ရွာနှင့် မရင်းကုန်းကျေးရွာရှိ ပါတီ ဝင်တောင်သူဦးကျော်စိန်၊ဦးကျော်ယု နှင့် ဦးကြည်မောင်တို့၏လယ် မြေများတွင် စပါးရိတ်သိမ်းခြွေ လှေ့ခြင်းလုပ်ငန်းများကို ပါတီဝင် များကယခုလ ၆ရက်နှင့် ၇ရက်တို့ တွင် သွားရောက်လုပ်အားပေး ကူညီခဲ့သည်။
ဝမ်းတွင်းမြို့နယ်ပါတီကော်မတီဝင်များ ပါတီအမာခံရရှိရေးနှင့် အင်အားပြန်လည်စိစစ်ရေး ကွင်းဆင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် အမာခံပါတီဝင်များရရှိရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့် ဦးဆောင်သော မြို့နယ်ကော်မတီဝင်အဖွဲ့ မြို့နယ်အတွင်းရှိ မိမိတာဝန်ကျရာ ဒေသအတွင်းသို့သွားရောက်ပြီး အမာခံပါတီဝင်များ ရရှိရေးနှင့် ပါတီဝင်အင်အား ပြန်လည် စိစစ်ရေးလုပ်ငန်းများကို ယခုလ ၉ ရက်မှ ၁၂ ရက်အထိ ကျေးရွာအုပ်စု ၇၅ အုပ်စုအတွင်းသို့ ကွင်းဆင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Read moreအမရပူရပြည်ခိုင်ဖြိုးပါတီမှ တနင်္ဂနွေဓမ္မသင်တန်းအောင်ပွဲသို့တက်ရောက်ပြီး ကုသိုလ်ပြုခဲ့
(၁၁.၁၂.၂၀၁၆)ရက်နေ့နံနက် (၀၈း၃၀)အချိန်တွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များသည် ရေကြည်ပေါက်ကျေးရွာအုပ်စု ညောင်ပင်သာကျောင်း၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ ကုလရက္ခိတယဉ်ကျေးလိမ္မာတနင်္ဂနွေဓမ္မသင်တန်း အောင်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများနှင့် သင်တန်းသား/သူစုစုပေါင်း(၃၀၀)ကျော်ခန့်အား အမရပူရပြည်ခိုင်ဖြိုးပါတီမှ ရေခဲမုန့်နှင့်ကိတ်မုန့်များဖြင့် အဟာရဒါနပြူ ခဲ့ကြကြောင်း သိရသည်။
# Zaw Aung Htet
မြောင်းမြမခရိုင်ပါတီ ၂၀၁၇ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနုင့် ဖွံ့ရေးပါတီ၏ ၂၀၁၇ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို မြောင်းမြခရိုင်ပါတီရုံး အစည်းအဝေးခန်မတွင် ဒီဇင်ဘာ (၈) ရက် နံနက် (၁၀) နာရီတွင် စတင် ကျင်းပရာ ဦးစွာ မြောင်းမြခရိုင် ပါတီဥက္ကဋ္ဌ ဒေါက်တာဌေးနိုင်မှ အဖွင့်အမှာ စကားပြောကြား၍ ၂၀၁၇ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
Read moreမြောင်းမြမခရိုင်ပါတီ ၂၀၁၇ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနုင့် ဖွံ့ရေးပါတီ၏ ၂၀၁၇ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို မြောင်းမြခရိုင်ပါတီရုံး အစည်းအဝေးခန်မတွင် ဒီဇင်ဘာ (၈) ရက် နံနက် (၁၀) နာရီတွင် စတင် ကျင်းပရာ ဦးစွာ မြောင်းမြခရိုင် ပါတီဥက္ကဋ္ဌ ဒေါက်တာဌေးနိုင်မှ အဖွင့်အမှာ စကားပြောကြား၍ ၂၀၁၇ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
Read moreမကွေးတိုင်းဒေသကြီးပါတီ မီဒီယာတာဝန်ခံများ တွေ့ဆုံပွဲကျင်းပ
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မီဒီယာ တာဝန်ခံများတွေ့ဆုံပွဲကို တိုင်းဒေသကြီး ပါတီရုံး၌ ဒီဇင်ဘာ (၈) ရက် နံနက်ပိုင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ မီဒီယာတာဝန်ခံများ စုံညီစွာ တက်ရောက် ခဲ့ကြပါသည်။
Read moreပြည်ခိုင်ဖြိုးပါတီမှ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေနှင့် ဆန်များ ထောက်ပံ့ လှူဒါန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဦးဆောင်မှုဖြင့်
လားရှိုးမြို့နယ်ပါတီကော်မတီဝင်များ၊ မိုးမိတ်မြို့နယ်ပါတီကော်မတီဝင်များနှင့် နောင်ချိမြို့နယ် ပါတီ ကော်မတီဝင်များမှ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စု အုမ္မသီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော မန်တုန်မြို့နယ်အတွင်းကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ များအတွက် ငွေကျပ် ၈၀၀၀၀၀ိ/(ရှစ်သိန်းကျပ်တိတိ)နှင့် မိုးမိတ်ဆန် (၁၀)အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Read more











