ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမြော်အမြင်ကြီးမားသည့် အတိုက်အခံအင်အား
”ဒီမိုကရေစီဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်အော်ဟစ်ပြီး ညာတဲ့စနစ်လည်းရှိတယ်။ လူတွေက တိုင်းသူပြည်သားတွေက အစိုးရအာဏာအပ်လိုက်တုန်းက ကျုပ်တို့ အတွက် ကောင်းအောင်လုပ်ပေးပါဆိုပြီး အပ်လိုက်တာ။ ဒါပေမဲ့ နောက်တော့ ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေက နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာဖြစ်နေခဲ့တယ်။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်”
ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၇ ခုနှစ် မေလ ၁၉ ရက်၊ ဂျူဗလီဟော၌ ကျင်းပခဲ့သည့် ဖဆပလညီလာခံတွင် ဒီမိုကရေစီနှင့် ပတ်သက် သည့်ဆိုခြင်း)
ဒီမိုကရေစီတိုးတက်ခိုင်မာဖို့ ပြည်သူ့ကိုယ်စားလှယ်စစ်များဖြင့် ဖွဲ့စည်းသည့်လွှတ်တော်များ၊ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များမှတစ်ဆင့် ရွေးချယ်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တို့ လိုအပ်သကဲ့သို့ လွှတ်တော်တွင်း၊ လွှတ်တော်ပ၌ တောင့်တင်းခိုင်မာသော အတိုက်အခံလည်း လိုအပ်မှာ အမှန်ပင်ဖြစ်ပါတယ်။

Read more











