ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေကာက္ခံေရးႏွင့္ပတ္သက္၍ အေမရိကန္ႏွင့္အီရန္တို႔ၾကား အခ်င္းမ်ားမႈျဖစ္ပြား

ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေကာက္ခံေရးႏွင့္ပတ္သက္၍ အေမရိကန္ႏွင့္အီရန္တို႔ၾကား အခ်င္းမ်ားမႈျဖစ္ပြား
==========================
ေဟာ္မုေရလက္ၾကား ျဖတ္သန္းခေကာက္ခံေရးကိစၥႏွင့္ပတ္သက္၍ အေမရိကန္ႏွင့္အီရန္တို႔ၾကား အခ်င္းမ်ားမႈျဖစ္ပြားေၾကာင္း သိရသည္။
အီရန္က ေဟာ္မုေရလက္ၾကားမွျဖတ္သန္းသည့္ ကုန္သြယ္သေဘၤာမ်ားကို ျဖတ္သန္းခေကာက္ခံရန္လုပ္ေဆာင္မႈအေပၚ အေမရိကန္ ဘက္က ကန႔္ကြက္ျခင္းျဖစ္သည္။ အီရန္အေနျဖင့္ ေရလက္ၾကားျဖတ္သန္းခြင့္ကို ေကာက္ခံခြင့္မရွိေၾကာင္း အေမရိကန္ဘက္ကေျပာထားစဥ္ အီရန္ဘက္က ၎တို႔ေပးထားသည့္ဝန္ေဆာင္မႈအတြက္ျဖတ္သန္းခေကာက္ခံခြင့္ရွိေၾကာင္းေျပာျခင္းျဖစ္သည္။
အေမရိကန္ႏွင့္ အီရန္တို႔ၾကားလက္မွတ္ေရးထိုးထားသည့္ နားလည္မႈစာခြၽန္လႊာပါ သေဘာတူညီခ်က္အရ ရက္ေပါင္း ၆၀ ေက်ာ္လြန္ၿပီးသည့္ေနာက္ပိုင္းတြင္ အီရန္ကေဟာ္မုေရလက္ၾကား ျဖတ္သန္းခေကာက္ခံရန္ စီစဥ္ထားျခင္းျဖစ္သည္။
သို႔ေသာ္ အီရန္၏အစီအစဥ္ကို အေမရိကန္ကလက္မခံႏိုင္ေၾကာင္း၊ ထိုသို႔လုပ္ေဆာင္ျခင္းက အီရန္ႏွင့္အိုမန္တို႔ၾကား ေရပိုင္နက္ကိုရာႏႈန္းျပည့္ ပိုင္းျခားလိုက္ျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးမာကို႐ူဘီယိုကေျပာထားသည္။
Ref: RT
ဟော်မုရေလက်ကြား ဖြတ်သန်းခကောက်ခံရေးနှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား အချင်းများမှုဖြစ်ပွား
==========================
ဟော်မုရေလက်ကြား ဖြတ်သန်းခကောက်ခံရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား အချင်းများမှုဖြစ်ပွားကြောင်း သိရသည်။
အီရန်က ဟော်မုရေလက်ကြားမှဖြတ်သန်းသည့် ကုန်သွယ်သင်္ဘောများကို ဖြတ်သန်းခကောက်ခံရန်လုပ်ဆောင်မှုအပေါ် အမေရိကန် ဘက်က ကန့်ကွက်ခြင်းဖြစ်သည်။ အီရန်အနေဖြင့် ရေလက်ကြားဖြတ်သန်းခွင့်ကို ကောက်ခံခွင့်မရှိကြောင်း အမေရိကန်ဘက်ကပြောထားစဉ် အီရန်ဘက်က ၎င်းတို့ပေးထားသည့်ဝန်ဆောင်မှုအတွက်ဖြတ်သန်းခကောက်ခံခွင့်ရှိကြောင်းပြောခြင်းဖြစ်သည်။
အမေရိကန်နှင့် အီရန်တို့ကြားလက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်အရ ရက်ပေါင်း ၆၀ ကျော်လွန်ပြီးသည့်နောက်ပိုင်းတွင် အီရန်ကဟော်မုရေလက်ကြား ဖြတ်သန်းခကောက်ခံရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် အီရန်၏အစီအစဉ်ကို အမေရိကန်ကလက်မခံနိုင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက အီရန်နှင့်အိုမန်တို့ကြား ရေပိုင်နက်ကိုရာနှုန်းပြည့် ပိုင်းခြားလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကပြောထားသည်။
Ref: RT




