ပဲခူးတိုင်းဒေသကြီး(အနောက်) တွင် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၁၀) ရက် နံနက် ၁ဝနာရီခွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ၊ အလုပ်သမားရေးရာ တာဝန်ခံ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

Read more

ဆစ်ဒနီမြို့၏ နှစ်သစ်ကူးမီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ်ကို Facebook မှတဆင့် တိုက်ရိုက်ပြသမည်

ကမ္ဘာတစ်ဝန်း အဓိက ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သည့် ဆစ်ဒနီမြို့မှ နှစ်သစ်ကူးအကြို မီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ် ကို Facebook မှတဆင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် တာဝန်ရှိသူများက ပြောသည်။

 

(more…)


Read more

အမျိုးသားနိုင်ငံရေးနှင့်ပတ်သက်လာလျှင် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆုံးမှ ရပ်တည်မည်ဟုဆို

 

နိုင်ငံတော်အတွက် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်လာလျှင် ပြည်ခိုင်ဖြိုးပါတီက ရှေ့ဆုံးက ရပ်တည်မည်ဖြစ်ကြောင်း ယခုလ ၈ ရက် နံနက် ၁ဝ နာရီက တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီး ပါတီကော်မတီအဖွဲ့ဝင်များ၊ အရန် ကော်မတီဝင်များ၏ လပတ်အစည်းအဝေးတွင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက အဖွင့်လမ်းညွှန် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Read more

မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင် စတင်ကွင်းဆင်းစုံစမ်း

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသ တွင် အောက်တိုဘာ ၉ ရက်နှင့် နိုဝင် ဘာ ၁၂ နှင့် ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်အတွက် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ကော် မရှင်၏ ပထမဆုံးခရီးစဉ်အဖြစ် မောင်တောနယ်စပ်ဒေသတွင်သုံးရက်ကြာ စုံစမ်းစစ်ဆေးရန် မောင်တောဒေသသို့ ရောက်ရှိနေကြောင်း သိရသည်။ (more…)


Read more

ကြို့ပင်ကောက် ပြည်ခိုင်ဖြိုး လစဉ်ပုံမှန် စည်းဝေးပွဲ ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရုံးခန်းမအတွင်း လပတ် မျက်နှာစုံညီအစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ ခရိုင်ပါတီ ကော်မတီဝင်ဦးသန့်ဇင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်တို့က ပါတီရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကိုအကျယ်တဝင့်ဆွေးနွေးကြသည်။ ယင်းနောက်ကျေးရွာ အုပ်စု ပါတီကေဒါခေါင်းဆောင်များက အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)

Read more

ရှေ့တန်းရောက်တိုက်ပွဲဝင် တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲပြုလုပ်

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ ရှေ့တန်းရောက် တိုက်ပွဲဝင်တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။

Read more

မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) သက်တမ်း ဥပဒေကြောင်းအရ နှစ်လထပ်မံတိုး

မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) ထုတ်ပြန်ထားသည်မှာ ဒီဇင်ဘာ ၉ ရက်နေ့က နှစ်လပြည့်မြောက်ခဲ့သဖြင့် ဥပဒေကြောင်းအရ ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောဆို သည်။ “အရင်အတိုင်းပဲ၊ ဥပဒေကြောင်းအရ သက်တမ်းထပ်တိုးတာ” ဟု ၎င်းကဆိုသည်။ (more…)


Read more

တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကျင်းပ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေလှူဒါန်း

 

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ကန်တော့ခံ သက်ကြီး သတင်းစာပညာရှင်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

Read more

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ရာထူး သက်တမ်းကုန်လျှင် ရုပ်သိမ်းမည်

ယခုလကုန်တွင် သက်တမ်းကုန်ဆုံးတော့မည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားရာထူးကို လူသစ်ခန့်အပ်မလုပ်ဘဲ ရုပ်သိမ်း တော့မည်ဖြစ်ကြောင်း ကုလ အတွင်းရေးမှူးချုပ်ရုံးက ဗီအိုအေသတင်းဌာနအား အတည်ပြုခဲ့သည်။ (more…)


Read more