ဗင္နီဇြဲလားႏိုင္ငံတြင္ ငလ်င္လႈပ္ခတ္မႈမ်ားေၾကာင့္ ေသဆုံးသူအေရအတြက္ ၂၃၅ ဦး၊ ဒဏ္ရာရသူအေရအတြက္ ၄,၃၀၀ ဦးအထိ ေရာက္ရွိလာ

ဗင္နီဇြဲလားႏိုင္ငံတြင္ ငလ်င္လႈပ္ခတ္မႈမ်ားေၾကာင့္ ေသဆုံးသူအေရအတြက္ ၂၃၅ ဦး၊ ဒဏ္ရာရသူအေရအတြက္ ၄,၃၀၀ ဦးအထိ ေရာက္ရွိလာ
========================
ဇြန္ ၂၆

ဗင္နီဇြဲလားႏိုင္ငံတြင္ ဇြန္ ၂၄ ရက္က အင္အားျပင္း ငလ်င္ႏွစ္ႀကိမ္ လႈပ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ဇြန္ ၂၅ ရက္ ညေနပိုင္းအထိ ေသဆုံးသူအေရအတြက္မွာ ၂၃၅ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ ဒဏ္ရာရသူအေရအတြက္မွာလည္း ၄,၃၀၀ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း ဗင္နီဇြဲလားႏိုင္ငံ က်န္းမာေရးဝန္ႀကီး ကာလို႔စ္ အယ္ဗာရာဒိုက ဇြန္ ၂၅ ရက္၌ ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားႏွင့္ အင္တာဗ်ဴးေျဖဆိုစဥ္ ေျပာၾကားခဲ့သည္။

အင္အား ၇.၂ ႏွင့္ ၇.၅ အဆင့္ရွိေသာ ငလ်င္ ႏွစ္ႀကိမ္ လႈပ္ခတ္မႈသည္ ဇြန္ ၂၄ ရက္ ေႏွာင္းပိုင္းက စကၠန႔္ ၄၀ မွ်အခ်ိန္အတြင္း လႈပ္ခတ္ခဲ့ျခင္းျဖစ္ကာ ရာစုႏွစ္တစ္ခုေက်ာ္ကာလအတြင္း ဗင္နီဇြဲလားႏိုင္ငံ၌ အျပင္းထန္ဆုံးႏွင့္ ဆယ္စုႏွစ္မ်ားအတြင္း လူေသဆုံးမႈအမ်ားဆုံး ျဖစ္ေၾကာင္း သိရသည္။ (Xinhua)


ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများကြောင့် သေဆုံးသူအရေအတွက် ၂၃၅ ဦး၊ ဒဏ်ရာရသူအရေအတွက် ၄,၃၀၀ ဦးအထိ ရောက်ရှိလာ
========================
ဇွန် ၂၆

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက်က အင်အားပြင်း ငလျင်နှစ်ကြိမ် လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ဇွန် ၂၅ ရက် ညနေပိုင်းအထိ သေဆုံးသူအရေအတွက်မှာ ၂၃၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဒဏ်ရာရသူအရေအတွက်မှာလည်း ၄,၃၀၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ ကျန်းမာရေးဝန်ကြီး ကာလို့စ် အယ်ဗာရာဒိုက ဇွန် ၂၅ ရက်၌ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် အင်တာဗျူးဖြေဆိုစဉ် ပြောကြားခဲ့သည်။

အင်အား ၇.၂ နှင့် ၇.၅ အဆင့်ရှိသော ငလျင် နှစ်ကြိမ် လှုပ်ခတ်မှုသည် ဇွန် ၂၄ ရက် နှောင်းပိုင်းက စက္ကန့် ၄၀ မျှအချိန်အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ရာစုနှစ်တစ်ခုကျော်ကာလအတွင်း ဗင်နီဇွဲလားနိုင်ငံ၌ အပြင်းထန်ဆုံးနှင့် ဆယ်စုနှစ်များအတွင်း လူသေဆုံးမှုအများဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)