၆ လက်မ display နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ ZTE Blade Z Max

ပြီးခဲ့တဲ့အပတ်က GFXBench ပေါ်မှာထွက်ပေါ်လာခဲ့တဲ့ ZTE Z982 device ဟာ အခုအခါ ZTE Blade Z Max အမည်နဲ့ တရားဝင်ထွက်ရှိ လာပါတယ်။ Blade X Max ကို အဆင့်မြှင့်ထားတဲ့ ZTE Blade Z Max ရဲ့ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ Display အရွယ်အစားက ၆ လက်မဖြစ်ပြီး full HD resolution နဲ့ အသုံးပြုနိုင်ပါတယ်။

Read more

UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် ၃ ဦး စာရင်း ထုတ်ပြန်

 

၂၀၁၆-၂၀၁၇ ဘောလုံးရာသီ အတွက် UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် ၃ ဦး စာရင်း ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး ဆန်ခါတင် အဆင့်မှာ ပါဝင်လာ သူတွေကတော့ ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ် အသင်း ဂိုးသမား ဘူဖွန်နဲ့ ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုတို့ ဖြစ်ပါတယ်။

Read more

မြန်မာနှင့် လာအိုပွဲကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ပြမည်

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် SEA Games ၏ သြဂုတ်လ ၁၆ ရက် (ယနေ့) ည ၇နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် လာအိုအသင်းတို့၏ ဘောလုံးပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ယင်းရုပ်သံနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့က ထုတ်ပြန်လိုက်သည်။

Read more

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရန် ကူညီပေးမည်ဟုဆိုကာ ပီအက်စ်ဂျီသို့ မပြောင်းရန် နေမာကို မက်ဆီတားဆီးခဲ့

မက်ဆီက နေမာအား ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရရှိရန် ကူညီပေးသွားမည်ဟုဆိုပြီး ဘာစီလိုနာမှ မပြောင်းရန် တားဆီးခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မက်ဆီနှင့်ဆွာရက်ဇ်တို့ နှစ်ဦးစလုံးက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းဖြင့် ပီအက်စ်ဂျီ အသင်းသို့ နေမာပြောင်းရွှေ့မည်ကို မသွားရန်ပြောဆိုခဲ့ကြသည်။ ထိုစကားများကို ဂျူဗင်တပ်စ်အသင်းနှင့် ကစားမည့် ရာသီကြို ခြေစမ်းပွဲမတိုင်မီက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read more

(၁၈)လအတွင်း ပထမဦးဆုံး အဓိကပြိုင်ပွဲအဖြစ် ယူအက်စ်အိုပင်းပြိုင်ပွဲမှာ ရှာရာပိုဗာ ကစားမည်

၂၀၁၆-၂၀၁၇ ဘောလုံးရာသီ အတွက် UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ခါတင် ၃ ဦး စာရင်း ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး ဆန်ခါတင် အဆင့်မှာ ပါဝင်လာ သူတွေကတော့ ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ် အသင်း ဂိုးသမား ဘူဖွန်နဲ့ ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုတို့ ဖြစ်ပါတယ်။

Read more

ဗာဂျီးနီးယားပဋိပက္ခ၌ ပါဝင်ပတ်သက်ခဲ့သူအားလုံးကို ထရမ့် ပြစ်တင်ဝေဖန်

ဗာဂျီးနီးယားပြည်နယ် ရှားလုတ်ဗီလီမြို့၌ ပြီးခဲ့သောရက်သတ္တပတ်အတွင်း နာဇီလက်သစ်များ၊ လူဖြူလူမျိုးကြီး ၀ါဒသမားများနှင့် လက်ဝဲဆန္ဒပြသူများကြား   ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ပဋိပက္ခများအတွင်း ပါဝင်ပတ်သက် ခဲ့သူအားလုံးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့က ပြစ်တင်ဝေဖန်ခဲ့သည်။

“အလွန်ကိုဆိုးသွမ်းတဲ့ လူအုပ်စုကတစ်ဖက်၊ အလွန်ကိုရုန့်ရင်းကြမ်းတမ်းတဲ့ အဖွဲ့ကတစ်ဖက် ရင်ဆိုင်တွေ့ခဲ့ကြတာပါ။ ဘယ်သူမှတော့ ပြောချင်မှာမဟုတ်ဘူး။ ဒါပေမယ့်အခုတော့ ကျုပ်ပြောရမယ်။ ဒီပဋိပက္ခထဲမှာ ထပ်မံပါဝင်ခဲ့တဲ့သူတွေဟာ တစ်ဟုန်ထိုးဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး အလွန့်အလွန်ကို ရက်စက်ကြမ်းကြုတ်ကြပါ တယ်” ဟု နယူးယောက်မြို့ရှိ ထရမ့်တာဝါ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ပြောကြားခဲ့ သည်။

Read more

နောက်ထပ်ပိတ်ဆို့မှုများ ပြုလုပ်ပါက နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု အီရန် ခြိမ်းခြောက်

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အပေါ် နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်လာပါက ထိုသို့ချမှတ်ပြီး နာရီပိုင်းအတွင်းမှာပင် အီရန်သည် စက်မှုထိပ်သီးအင်အားကြီး နိုင်ငံများနှင့် စာချုပ်ချုပ်ဆိုထားသည့် နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု အီရန်သမ္မတ ဟာဆန်ရိုဟာနီက အဂ¯နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ပိတ်ဆို့အရေးယူမှုပြုလုပ်သည့် နည်းလမ်းကို ပြန်လည်အသုံးပြုလာပါက အီရန်သည်တစ်ပတ် သို့မဟုတ် တစ်လကြာအောင် စောင့်ဆိုင်းနေလိမ့်မည်မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းမှုများ မပြုလုပ်မီမှာပင် စာချုပ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် လွှတ်တော်အစီအစဉ်တစ်ရပ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

Read more

ပေါ်တူဂီက ဘာသာရေးပွဲတော်တစ်ရပ်တွင် နှစ် ၂၀၀ သက်တမ်းရှိ သစ်ပင်ပြိုလဲရာ လူ ၁၂ ဦး သေဆုံး

 ပေါ်တူဂီနိုင်ငံ မာဒီးရာကျွန်းတွင် ပြုလုပ်သည့် ထင်ရှားသော ဘာသာရေး ပွဲတော်တစ်ရပ်တွင် သက်တမ်းကြီးရင့် သစ်ပင်ကြီးတစ်ပင် ပြိုလဲရာမှ လူ ၁၂ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာ ရသည်။ ကျွန်း၏ မြို့တော် ဖန်ချယ်တွင် ကျင်းပနေသည့် ခရစ်ယာန်ဘာသာရေးပွဲဖြစ်သော Nossa Senhora do Monte ပွဲတော်သို့ လူများစွာ စုရုံးရောက်ရှိစဉ် သစ်ပင်ပြိုလဲကျခြင်း ဖြစ်သည်။

Read more

ဒုတိယကမ္ဘာစစ်တွင် ဂျပန် လက်နက်ချသည့် ၇၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

ဒုတိယကမ္ဘာစစ်မှာ ဂျပန်နိုင်ငံ လက်နက်ချတဲ့ ၇၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို သြဂုတ် ၁၅ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊  ဂျပန်ဘုရင် အာကီဟီတို၊ မိဖုရား မီချီကိုတို့နဲ့အတူ ပရိသတ် ၆၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

Read more

ရခိုင်ပြည်နယ်အရေးတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးကို ပူးပေါင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် ပြောကြား

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှု ကိစ္စရပ်များ တားဆီးကာကွယ်ရေးကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်က ပြောကြားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E. Mr. Jukar Boon-Long အား သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံစဉ် သံအမတ်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more