မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပ
(၁၇-၈-၂၀၁၇)ရက်နေ့ နေ့လည်(၁၃း၃၀) နာရီအချိန်တွင် မိုးမိတ်မြို့နယ် ရုံးမှာ ပြုလုပ်သည့် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးသို့ မြို့နယ်ကောမတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက်ပြီး လစ်လပ်ကော်မတီဝင် နှင့် ရပ်ကျေးလစ်လပ်နေရာများ ပြန်လည်ဖြည့်ဆည်းရေးအဖွဲ့ခွဲ၊ တာဝန်ခွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
credit >>> ကိုစိုးမြင့်
Read more
စက်လှေမတော်တဆ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးသူမိသားစုများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်
၁၇.၈.၂၀၁၇ရက်နေ့ မြောင်းမြမြို့နယ် ထုံးဘိုအလကခွဲသို့ တက်ရောက် နေသော ကန်ကြီးထောင့်မြို့နယ် လက်ဆောင်ကွင်းအုပ်စု အရှေ့စု၊ အလယ် စု၊ သိုင်းချောင်းကျေးရွာမှ ကျောင်းသူကျောင်းသား လေးများ(၁၆-၈- ၂၀၁၇) ရက်နေ့ ညနေ(၄း၀၀) နာရီအချိန် စက်လှေ မတော်တဆ နစ်မြုပ် ခဲ့ပါသဖြင့် အသက်ရှင် ၁၅ ဦး၊ ပျောက်ဆုံး ၃ ဦး တို့အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမြို့နယ်ကော်မတီဝင်များမှ အားပေးစကားပြောကြားပြီးထောက်ပံ့ငွေမျာ ပေးအပ်ခဲ့ကြောင်းသိရပါ သည်။
Read more
က​လောမြို့နယ်​ လစ်​လပ်​​ကော်​မတီ​ရွေးချယ်​ပွဲ ကျင်းပ
Read more
ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုလ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သံဃာတော်သုံးပါး ပင့်ဖိတ်ခဲ့ပြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးလှထွန်းဖြူနှင့် မြို့နယ်ပါတီရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘထီး၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Read more
အောင်လံမြို့နယ် ပြည်ခိုင်ဖြိုး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ယမန်နေ့တွင် မြို့ပေါ်ရှိစိန်စည်သာသန့ာရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ ပေါက်နွယ်ခြုံ ဘုန်းတော်ကြီးကျောင်း၊ ဇယျဝတီ ရပ်ကွက်မှ နေအိမ်သုံးအိမ်၊ စမ်းချောင်းရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်း၊ ရွာထောင်ရပ် ကွက်မှ နေအိမ်သုံးအိမ်တို့ကို သွေးလွန်တုပ်ကွေး ကာကွယ်ရန် ခြင်ဆေးများ ပက်ဖျန်းခြင်းကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစန်းလွင် ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များက ဝိုင်းဝန်း၍ ဆောင်ရွက် ခဲ့သည်။
Read more
ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ
ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ
အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချလာပါ။ အသက်ရှူသွင်းရင်း ဦးခေါင်းကို မူလနေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏပြုလုပ်ပေးပါ။ တခြားတစ်ဘက်ပြောင်းလုပ်ပါ။ လည်ပင်းရွေ့လျားမှု ပြုလုပ်ပါ ဇက်ကြောတက်တာဟာ လည်ပင်းရဲ့ကြွက်သားတွေ တင်းမာမှုကြောင့်ဖြစ်တာပါ။ ထိုင်ခုံတစ်ခုပေါ်မှာ သက်သောင့် သက်သာထိုင်ပြီး သင့်လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။
Read more
ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း(၁/၂ဝ၁၇)ဖွင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇေယျာသီရိမြို့နယ်၌ ယနေ့နံနက် ၉နာရီခွဲတွင် နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း (၁/ ၂ဝ၁၇)ဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားအစီအစဉ်ငါးရပ် ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးက သင်တန်းဖွင့် အမှာစကားပြောကြား၍ မြို့နယ် ပါတီ ဥက္ကဋ္ဌက သင်တန်းဖွင့်ရသည့်ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ပြီး ဘာသာရပ်များအလိုက် စတင် ပို့ချခဲ့ကြောင်း သိရသည်။
Read more
ထိပ်တန်းလူမှုကွန်ရက် App များ
မိုဘိုင်းလူမှုကွန်ရက် သုံးစွဲမှုတိုးတက်လာတာကြောင့် ကမ္ဘာတစ်ဝန်း အသုံးပြုနေတဲ့ လူမှုရေးမီဒီယာ app တွေ ပေါ်ထွက်လာပါတယ်။ ဒီ app တွေဟာလည်း အဓိက လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက်နဲ့ အကြီးအကျယ်ယှဉ်ပြိုင်နေကြပါတယ်။
Messenger
Facebook ကပိုင်ဆိုင်တဲ့ Messenger ကို ၂၀၀၈ ခုနှစ်မှာ Facebook Chat အဖြစ် ဖန်တီးခဲ့ တာပါ။ ၂၀၁၀ ခုနှစ်မှာ me-ssaging ဝန်ဆောင်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ Messenger ကို Facebook app နဲ့ ခွဲခြားလိုက်တဲ့အချိန်မှာ သုံးစွဲသူ သန်း ၆၀၀ ရှိတယ်လို့ ဧပြီလ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာတော့ ၁.၂ ဘီလျံရှိလာပါတယ်။
Read more
ပြည်ခိုင်ဖြိုးပါတီဘိုးဘွားရိပ်သာအတွင်း သန့်ရှင်းရေးဆောင်ရွက် အာဟာရဒါနပြု
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အင်အား ၂ဝ သည် ယနေ့နံနက် ၉ နာရီမှစ၍ ကြို့ပင်ကောက်မြို့(ရွှေကြို့မြေဘိုးဘွား ရိပ်သာ)တွင် နံနက်ပိုင်း၌ ထင်းဖြတ်သယ်ပေးခြင်း၊ ရိပ်သာဝင်းအတွင်း မြက်ရှင်းခြင်းနှင့် အထွေထွေသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြပြီး အဘိုးအဘွားများကို တစ်နေ့တာ နံနက်၊ နေ့လယ်၊ ညစာများနှင့် အချိုပွဲများဖြင့် လှူဒါန်းဒါနပြုခဲ့ကြောင်း သိရသည်။
Read more
တောင်ငူခရိုင်အတွင်းရှိ ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းသည် ယနေ့ နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တောင်ငူခရိုင်ပါတီအပါအဝင်ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သော ရေတာ ရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ဖြူးမြို့နယ်များသို့ရောက်ရှိကာ ပါတီကော်မတီ ဝင် များနှင့်တွေ့ဆုံပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
Read more