မစ္စတာကိုဖီအာနန် သြဂုတ်လ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ လာမည်

 

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အကြံပြုချက် အစီရင်ခံတင်သွင်းချိန်တွင် အဖွဲ့ ခေါင်းဆောင်ဖြစ်သူ မစ္စတာကိုဖီအာနန် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

“မစ္စတာကိုဖီအာနန်လာဖို့ရှိပါတယ်။ သြဂုတ်လ နောက်ဆုံးပတ်မှာပါ ” ဟု ဟာဂျီဦးအေးလွင်က ပြောသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး အကြံပြုချက်အစီရင်ခံစာကို   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်ထံမှတဆင့် အစိုးရအဖွဲ့ထံ တင်သွင်းရမည်ဖြစ်ကာ ကော်မရှင်၏သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

Read more

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး အပါအဝင် သံရုံး ၁၀ ရုံးသည် ငွေလွှဲရန် အခက်အခဲရှိဟု ဒုဝန်ကြီးပြော

ပြည်ပတွင် မြန်မာသံရုံး ၄၄ ရုံးရှိသည့်အနက် သံရုံး ၁၀ ခုသည် ငွေပုံမှန်လွှဲပြောင်းပေးရန် အခက်အခဲရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က သြဂုတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။ ငွေလွှဲပြောင်းနိုင်ခြင်းမရှိသည့် သံရုံး ၁၀ ရုံးမှာ ကီပရာ(Kipawa)၊ ဘန်ကောက်၊ ကိုင်ရို၊ ပါရီ၊ ဘဲဂရိတ်၊ ဝါရှင်တန်၊ အော့တဝါ၊ နယူးယောက်၊ လော့စ်အန်ဂျလိစ်၊ ဘရာဇီးလီးယမ်းတို့ဖြစ်ကြောင်း ၎င်းကပြောသည်။

Read more

မြန်မာ့ကုန်ထုတ်လုပ်ငန်းများ စွမ်းရည်မြှင့်တင်ရန် ဂျပန်-မြန်မာအကြံပေးပညာရှင်များ ဆွေးနွေးအကြံပြုမည်

မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထုတ်လုပ်နိုင်စွမ်း  မြှင့်တင်ရေး ဂျပန်နှင့်မြန်မာ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်များက ဆွေးနွေးအကြံပြုမည်ဟု  ဂျပန်ကုန်ထုတ်လုပ်ငန်းဆိုင်ရာစင်တာ  ပညာရှင် မစ္စတာ Kyohei Kurachi က ပြောသည်။ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်လည်းဖြစ်သူ မစ္စတာ Kyohei Kurachi က ‘‘ကျွန်တော် တို့ သွားရောက်ဆွေးနွေးတဲ့အခါမှာ တကယ်လုပ်ပြတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သင်ပေးပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ခွန်အားကလည်း သင်ယူမှုမြင့်မားပါတယ်။ လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအား မြင့်မားဖို့ တိုက်တွန်းရမယ့်အရာတွေကို အကြံပေးသွားမှာပါ’’ဟု ၎င်းက ဆိုသည်။

Read more

မေယုဒေသတွင် အကြမ်းဖက်စခန်းများကို ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေ

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့နှင့် ဆက်စပ်နေသော မေယုဒေသတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မေယုတောင်ကြော၌ အကြမ်းဖက်စခန်းများကို လိုက်လံရှာဖွေရန် ရဟတ်ယာဉ်များ အသုံးပြုရန် စီစဉ်နေကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

Read more

ဆီးဂိမ်းတွင် ကစားသမားများ မခံချင်စိတ်ဖြင့် ပြဿနာမဖြစ်ပွားစေရန် ဦးဇော်ဇော် သတိပေး

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ -၂၂လက်ရွေးစင်ကစားသမားများ အနေဖြင့် အောင်မြင်မှုရရှိရန် ပြင်းပြင်းထန်ထန် ကြိုးစားရမည်ဖြစ်သော်လည်း မခံချင်စိတ်ဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် ထိန်းသိမ်းရမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သတိပေးပြောကြားခဲ့သည်။

မြန်မာယူ -၂၂လက်ရွေးစင်အသင်းမှာ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု (က) တွင် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဆင့်ကို   ကျော်ဖြတ်ရန် မလေးရှား၊ စင်ကာပူအသင်းများကို အဓိကထားယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

Read more

အမ်ဘတ်ပီကို ယူရိုသန်း ၁၈၀ နဲ့ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီ

 

ပီအက်စ်ဂျီအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာမှ နေမာကို ခေါ်ယူခဲ့ပြီးနောက် မိုနာကိုစတား အမ်ဘတ်ပီကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ စပိန်မှ လာတဲ့ သတင်းများအရ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်၊ ဘာစီလိုနာနှင့် မန်စီးတီးတို့ရဲ့ ပစ်မှတ် အသက် ၁၈ နှစ်ရှိ ပြင်သစ်ကစားသမားကို ယူရိုသန်း ၁၈၀ ဖြင့် ခေါ်ယူရန် သဘောတူညီခဲ့ကြပြီလို့ Sport က ဖော်ပြခဲ့ပါတယ်။

Read more

သြဂုတ်လ အဆင့်သတ်မှတ်ချက်တွင် ဘရာဇီးဘောလုံးအသင်း ဖီဖာကမ္ဘာ့အဆင့် ၁ နေရာသို့ ပြန်လည်ရောက်ရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ သြဂုတ်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ် (၁) နေရာနှင့် တစ်လခန့် လွဲချော်ခဲ့သည့် ဘရာဇီးဘောလုံးအသင်းသည် ယင်းထိပ်ဆုံးနေရာသို့ ပြန်ရောက်လာပြီး ဇူလိုင်လတွင် လက်ရှိကမ္ဘာ့ ချန်ပီယံ ဂျာမနီက နံပါတ် (၁) မှ နံပါတ် (၂) နေရာသို့ ကျဆင်းသွားသည်။

Read more

၂၀၁၇-၁၈ အင်္ဂလန် ပရီးမီးယားလိဂ် ရာသီစပြီ”

“အာဆင်နယ်နဲ့ လက်စတာစီးတီးတို့ အမ်းမရိတ်ကွင်းမှာ ကန်မယ်”

*အာဆင်နယ် – လက်စတာစီးတီး

*ကွင်း – အမ်းမရိတ်

*ဒိုင်လူကြီး – မိုက်ဒင်း

*အချိန် – မြန်မာစံတော်ချိန် စနေနေ့ နံနက် ၁နာရီ ၁၅မိနစ်။

Read more

တရုတ်တွင် အဝေးပြေးလမ်း ဥမင်နံရံကို ဘတ်စ်ကားဝင်တိုက်ပြီး ၃၆ ဦးထက်မနည်း သေဆုံး

တရုတ်တွင် အဝေးပြေးလမ်း ဥမင်တစ်ခုကို ဘတ်စ်ကားတစ်စီး ဝင်တိုက်ရာ အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နင်ရှန်းဒေသရှိ ဂျင်ကွန် အဝေးပြေးလမ်းပေါ်မှ ဥမင်တစ်ခု၏ နံရံကို ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းတွင် Express ဘတ်စ်ကားက တစ်စီးက ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ အနီရောင် ဘတ်စ်ကား၏ ရှေ့ပိုင်းသည် ဆိုးရွားစွာ ပျက်စီး ကြေမွသွားသည်ကို အခင်းဖြစ်ရာနေရာမှ မှတ်တမ်းဓာတ်ပုံများတွင် တွေ့နိုင်သည်။

Read more

အမေရိကန် သံအရာရှိများကို နယ်နှင်ခဲ့သည့်အတွက် ပူတင်ကို ကျေးဇူးတင်မိဟု ထရမ့်ဆို

အမေရိကန် သံအရာရှိများကို နယ်နှင်ခဲ့သည့် ရုရှားအစိုးရကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်က ရုရှားအစိုးရအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ပြဋ္ဌာန်းသတ်မှတ်လိုက်သည့်နောက် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သံအရာရှိ ၇၅၅ ဦးကို နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။

Read more