ခရိုအေးရှား တစ်နှစ်တာအကောင်းဆုံးဆုကို မိုဒရစ် ၆ ကြိမ်မြောက် ဆွတ်ခူး

ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ဟာ ခရိုအေးရှား တစ်နှစ်တာအကောင်ဆုံးဆိုကို ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါဟာ အရင်ကစံချိန်ရှင်ဖြစ်တဲ့ ဒေဗာဆူကာရဲ့ဆုရရှိမှုအရေအတွက်ကို လိုက်မီသွားခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ခရိုအေးရှားအသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ရာမှာ အဓိကကျခဲ့သူ ဖြစ်ပြီး ဂရိနဲ့ ကစားခဲ့တဲ့ Play- off ပွဲစဉ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

Read more

ရှုံးပွဲမရှိ ဂျိုးဆက်ဖ်ပါကာနှင့် ထိုးရန် သေချာဟု ကမ္ဘာ့စူပါဟဲဗီးဝိတ်ချန်ပီယံ ပြော

ရှုံးပွဲမရှိ စံချိန်ရရှိထားတဲ့ ကမ္ဘာ့စူပါဟဲဗီးဝိတ်ချန်ပီယံ အန်တိုနီ ဂျော်ရွှာဟာ လာမယ့် မတ်လမှာ ရှုံးပွဲမရှိ လူငယ် လက်ဝှေ့ကျော်  ဂျိုးဆက်ဖ်ပါကာနဲ့ ထိုးသတ်ဖို့ ၉၅ ရာခိုင်နှုန်းထိ သေချာနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဂျော်ရွှာဟာ WBA,IBF နဲ့ IBO ရွှေခါးပတ်ဆုရရှိထားခဲ့တဲ့ ဂျော်ရွှာဟာ  ပွဲ ၂၀ ထိုးသတ်ပြီး အလဲထိုးပွဲ ၂၀ ရလဒ်ကို ရရှိထားသလို ရှုံးပွဲ လုံးဝမရှိသေးတဲ့ လက်ဝှေ့ကျော်ဖြစ်ပါတယ်။

Read more

တိုက်စစ်မှူး အောင်သူ ရောက်လာပြီးမှ ထိုင်းကလပ်အသင်းရဲ့ ပရိသတ်တွေ ပိုများလာ

Tuesday, January 2, 2018

ထိုင်းလိဂ်ဝမ်းကလပ် ပိုလစ်တယ်ရိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး အောင်သူဟာ ထိုင်းလူမှုကွန်ရက် တွေမှာ ရေပန်းစားနေပါတယ်။ ထိုင်းနိုင်ငံ ချန်နယ် ၃ ရုပ်သံလိုင်းက ထုတ်လွှင့်ချက်ထဲမှာ တိုက်စစ်မှူး အောင်သူ ရောက်ရှိလာပြီးနောက် ပြိုင်ဘက်ကလပ်အသင်းတွေက ပိုမိုသတိထားလာကြသလို ကလပ်အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ပရိသတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

Read more

ကမ္ဘာ့အဆင့်(၁)လူငယ်ဂေါက်သီး ကစားသမားဖြစ်လာတဲ့ မြန်မာနိုင်ငံသား ဟိန်းစည်သူ

ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဟိန်းစည်သူက အနိုင်ရဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ မြန်မာနိုင်ငံသား ဟိန်းစည်သူအနေနဲ့  နောက်ဆုံးနေ့မှာ သတ်မှတ် ရိုက်ချက်ထက် ၅ ချက်လျှော့ ရိုက်ပြီး စုစုပေါင်းသတ်မှတ်ရိုက်ချက်အတိုင်း ၂၁၆ ချက် နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Read more

စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သွားမည်

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မတ်ဒူရို

ဗင်နီဇွဲလားနိုင်ငံမှာ အနိမ့်ဆုံးလုပ်အားခကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်သွားရန် အစိုးရက စီစဉ်နေပြီး ထိုအစီအစဉ် ကြောင့် ယခင်ကတည်းက ငွေကြေးဖောင်းပွမှု ဖြစ်နေတဲ့ အခြေအနေကို ပိုမိုဆိုးရွားစေမယ်လို့ မျှော်လင့် ရပါတယ်။

ဗင်နီဇွဲလားမှာ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေပြီး အစားအသောက်နဲ့ဆေးဝါး ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပါတယ်။ ရေနံဈေးနှုန်းကျဆင်းမှုနဲ့ နိုင်ငံရဲ့ ဘိုလီဗာငွေတန်ဖိုး ထိုးကျနေမှုတွေကြောင့် ဗင်နီဇွဲလားမှာ စီးပွားရေး အကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။

Read more

အီရန်၌ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ ၊ ဆန္ဒပြသမား နှင့် ရဲတပ်ဖွဲ့ ဝင် ၈ ဦးထိ သေဆုံးခဲ့ရ

အီရန်နိုင်ငံ၌ Tuiserkan မြို့ ၌ အစိုးရဆန့် ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

 တီဟီရန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် အနည်းဆုံး ဆန္ဒပြသမား ၇ ဦး နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

Read more

ကယ်လီဖိုးနီးယားမှာ ဆေးခြောက်ကို တရားဝင် စတင်ရောင်းချ

ဇန်န၀ါရီ ၂

အမေရိကန်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်ကစပြီး ဆေးခြောက်ကို တရားဝင် စတင်ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်းပြည်နယ်မှာတော့ ဆေးခြောက်ကို အပန်းပြေစေဖို့နဲ့ စည်းစိမ်ခံနိုင်ဖို့အတွက် အသုံးပြုနိုင်ဖို့ အထူးခွင့်ပြုချက်ရထားတဲ့ ဆိုင်တွေမှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

Read more

နှစ်သစ်တွင် ကင်ဂျုံအန် ခြိမ်းခြောက်

နျူကလီးယားလက်နက် ပစ်လွှတ်သည့် ခလုတ်သည်  မိမိစားပွဲပေါ်တွင်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန် အနေဖြင့် စစ်ပွဲတစ်ပွဲကို ဘယ်သောအခါမျှ စတင်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောသည်။

ရုပ်သံက ထုတ်လွှင့်သော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန် က အမေရိကန် နိုင်ငံတစ်ခုလုံးသည် မြောက်ကိုရီးယား နျူလက်နက်များ ရောက်ရှိနိုင်သော အကွာအဝေးအတွင်းရှိနေကြောင်း ပြောကြားပြီး ယင်းသည် ခြိမ်းခြောက်မှု မဟုတ်ဘဲ ဧကန်စင်စစ်ဖြစ်ကြောင်း ဆိုသည်။

Read more

နောက်ထပ်ဆုတစ်ဆုကို သိမ်းပိုက်ခဲ့ပြန်တဲ့ စီရော်နယ်ဒို

ဒီဇင်ဘာ ၂၉၊ စပိန်

FIFA The Best ဆု၊ Ballon d’Or ဆု၊ Globe Soccer Awards ဆုတွေကို ရရှိခဲ့တဲ့ ရီးယဲလ်ကြယ်ပွင့် စီရော်နယ်ဒိုဟာ Best European Sportsperson of 2017 ဆုကိုလည်း ထပ်မံ ရရှိခဲ့ပြန်ပါတယ်။

Read more

ဆွမ်ဆီးအသင်း တန်းမဆင်းရဖို့အတွက် ကံကောင်းမှု မလိုအပ်ဘူးလို့ နည်းပြသစ် ကာဗာဟယ် ပြောကြား

ဆွမ်ဆီးနည်းပြသစ်ဖြစ်လာတဲ့ ကာဗာဟယ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့အတွက် ကံကောင်းမှု မလိုအပ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ကာဗာဟယ်ဟာ ရှက်ဖီး/ယူနိုက်တက်ကနေထုတ်ပယ်ခံခဲ့ရပြီး လေးရက်အကြာမှာ ဆွမ်ဆီးနည်းပြဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အသင်းနဲ့ ရာသီကုန်အထိသဘောတူညီမှုရယူခဲ့ပြီး ရာသီကုန်မှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် အသင်းနဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှုတစ်ရပ်ကိုလည်း ရယူသွားခဲ့ပါတယ်။

Read more