ချန်ပီယံလိဂ်ဗိုလ်စွဲရန် ဘာစီလိုနာ ရေပန်းစားဆဲဟု ဂွာဒီယိုလာ ပြောကြား

မန်ချက်စတာစီး တီးအသင်းသည် ပရီးမီးယားလိဂ်တွင် စံချိန်တင် ၁၈ ပွဲဆက်တိုက် အနိုင်ရရှိထားသော်လည်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားသောအသင်းမှာ မက်ဆီပါဝင်သော ဘာစီလိုနာအသင်းဖြစ်သည်ဟု ယုံကြည်ရသည်။

မန်စီးတီးသည် ချန်ပီယံလိဂ် ၌ ဗိုလ်စွဲရန် ရေပန်းစားသော အသင်းဖြစ်ပါသလားဟု မေးမြန်းခံရချိန်တွင် ဂွာဒီယိုလာ က သတင်းထောက်အား မေးခွန်းဖြင့်သာ တုံ့ပြန်ဖြေကြားခဲ့သည်။

Read more

အောင်သူ ပါဝင်မည့် Police Tero အသင်းပွဲများ MRTV-4 မှ တိုက်ရိုက်ပြသရန် စီစဉ်

Police Tero အသင်းတွင် လေ့ကျင့်မှုပြုလုပ်နေသည့် တိုက်စစ်မှူးအောင်သူ (ဓာတ်ပုံ − Police Tero FC FB)

မန်မာ့လက်ရွေးစင် အောင်သူပါဝင်မည့် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း ပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသရန် စီစဉ်ထားကြောင်း အသင်းဒါရိုက်တာ ဆမ်ရမ်ပရာဆက်က ပြောကြားသည်။

Read more

၂၀၁၈ ခုနှစ် မတ်လတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် အီတလီစီစဉ်

ရောမ၊ ဒီဇင်ဘာ ၂၉

အီတလီနိုင်ငံတွင် လာမည့် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲကျင်းပသွားမည်ဟု ဗဟိုလက်ဝဲအစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ဖြစ်သူ ပါအိုလိုဂျန်တီလိုနီက ကြာသာပတေးနေ့၌ ပြောခဲ့သည်။

သမ္မတဆာဂျီယိုမတ်တာရီလာက လက်ရှိပါလီမန်ကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့အပြီး နာရီပိုင်းအကြာတွင် ၀န်ကြီးများကောင်စီက အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်ကို ယခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Read more

နယူးယောက် တိုက်ခန်းတွဲ မီးလောင်မှုအတွင်း ၁၂ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် လူနေတိုက်ခန်းတွဲတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ဘရော့န်စ်တွင် ဖြစ်ပွားသော မီးလောင်မှုအတွင်း သေဆုံးသူများအနက် တစ်နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း နယူးယောက် မြို့တော်ဝန် ဘီလ်ဒီ ဘလာစီယိုက အတည်ပြုခဲ့သည်။

Read more

မြောက်ကိုရီးယား ရေနံဝယ်ယူနိုင်အောင် တရုတ် ကူညီနေဟု ထရမ့်စွပ်စွဲ

မြောက်ကိုရီးယားကို ရေနံ ဝယ်ယူနိုင်ရန် တရုတ် အစိုးရက အကူအညီ ပေးနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုများကို တုံ့ပြန် အရေးယူသည့် အနေဖြင့် ရေနံဝယ်ယူခွင့်ကို တင်းကျပ်စွာ ပိတ်ဆို့ထားရန် ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့သော်လည်း တရုတ်၏ အကူအညီကြောင့် ယိုပေါက်များ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

Read more

မည်သည့်ခြိမ်းခြောက်မှုကိုမဆို အန်တုရင်ဆိုင်နိုင်သော စစ်အင်အား အပြည့်အဝရှိဟု အစ္စရေးဝန်ကြီးချုပ် ပြော

ဂျေရုဆလင် ဒီဇင်ဘာ ၂၈

အစ္စရေးလေတပ်သည် မည်သည့်ခြိမ်းခြောက်မှုကိုမဆို အန်တုရင်ဆိုင်နိုင်သော စစ်အင်အား အပြည့်အဝရှိသည်ဟု ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ MyTel လာမည့်နှစ်တွင် ဆင်းကတ်များစတင် ရောင်းချသွားမည်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MyTel အနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆင်းကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ကွန်ရက် တည်ဆောက်မှု မှာ ရာနှုန်းပြည့် နီးပါးပြီး စီးနေပြီဖြစ်ကြောင်း စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MyTel ကုမ္ပဏီမှ သိရသည်။

Read more

ကောင်းဆက်နိုင်နှင့် ထိုင်းကလပ်ဆာမက်ဆာခွန် တစ်နှစ်သက်တမ်း စာချုပ် ချုပ်ဆို

ကောင်းဆက်နိုင်နှင့် ဆာမက်ဆာခွန်အသင်းတို့ စာချုပ်ချုပ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ကောင်းဆက်နိုင် (ဖေ့စ်ဘွတ်ခ်))

မြန်မာလိဂ်ကလပ်ရန် ကုန်ယူနိုက်တက် ကစားသမားဟောင်း ကောင်းဆက်နိုင် သည် ၂၀၁၈ ဘောလုံးရာသီ အတွက် ထိုင်းလိဂ်-၂ ကလပ်ဆာမက်ဆာ ခွန်အသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

Read more

အွန်လိုင်းမှ စတော့ရှယ်ယာ ဝယ်ရောင်းလုပ်နိုင်ပြီ

ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်ပြီး ၂၂ လအကြာတွင် အွန်လိုင်းမှ တိုက်ရိုက်ရှယ်ယာ ရောင်းဝယ်ခြင်းကို ချေးငွေသက် သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်၌ ခွင့်ပြုခဲ့သည်။

Read more

စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဗန်ဒိုက်ခ်ျကို လီဗာပူးခေါ်ယူလိုက်ပြီ

လီဗာပူးအသင်းမှာ ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်ခ်ျ ကို စံချိတင် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်ြး ဖင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

လီဗာပူးဟာ ဗန်ဒိုက်ခ်ျကို ပြီးခဲ့သည့် နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆောက်သမ်တန်အသင်းက လီဗာပူးကို တရားမ၀င် ချဉ်းကပ်ခဲ့တယ်လို့ စွဲစွပ်ခဲ့ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က တိုင်ကြားသွားခဲ့တာကြောင့် လီဗာပူးအနေနဲ့ နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

Read more