ရှန်ဟိုင်းကမ်းလွန်တွင် ပျောက်ဆုံးနေသည့် သင်္ဘောသား ၃၂ ဦးအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့်

ရှန်ဟိုင်း ကမ်းလွန်တွင် သင်္ဘောချင်း တိုက်မိရာမှ ပျောက်ဆုံးနေသည့် ဆီတင် သင်္ဘော အမှုထမ်း ၃၂ ဦးကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေဆဲဟု သိရသည်။

ဇန်နဝါရီ ၇ ရက်က အီရန်မှ ရေနံများ တင်ဆောင်လာသော သင်္ဘောသည် အရှေ့တရုတ် ပင်လယ် ရေပြင်တွင် တရုတ်အလံ လွှင့်ထူထားသော သင်္ဘောတစ်စီးနှင့် တိုက်မိမှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ရေနံတင် သင်္ဘောပေါ်မှ အမှုထမ်း ၃၂ ဦး ပျောက်ဆုံးလျက် ရှိသည်။

Read more

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးလိုကြောင်း ထရမ့် ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် ဆွေးနွေးသွား ချင်သလို လာမည့် ဖေဖေါ်ဝါရီလတွင်   တောင်ကိုရီးယား၌ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်အတွက်လည်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ တွေ့ဆုံဆွေးနွေးမှု ကောင်းမွန်စွာဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်း စနေနေ့က ပြောဆိုခဲ့သည်။

Read more

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသတွင် အစိုးရတပ်ဖွဲ့နှင့် အတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ လူပေါင်း ၁၀ ဦး သေဆုံး

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းဒေသတွင် အစိုးရ တပ်ဖွဲ့နှင့် လက်နက်ကိုင် တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇန်နဝါရီ ၈ ရက်

Read more

၂၀၁၇ အာရတ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆာလက်ရရှိ

ဇန်န၀ါရီ ၂၊ အင်္ဂလန်

လီဗာပူးလ်နဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ ၂၀၁၇ ခုနှစ် အာရတ်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဒီဆုကို အာရတ်နိုင်ငံတွေက အားကစားကလောင်ရှင်ပေါင်း ၁၀၀ နီးပါးက ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ အီဂျစ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သလို လီဗာပူးလ်အသင်းအတွက် ၂၉ ပွဲကစားထားရာမှာလည်း ၂၃ ဂိုးအထိသွင်းယူထားပါတယ်။ ဒါကြောင့်ပဲ အာရတ်အကောင်းဆုံးကစားသမားဆုကို ရခဲ့တာ ဖြစ်ပါတယ်။

Read more

သြစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ အန်ဒီမာရေး ဘရစ်ဘိန်းမြို့ကို ရောက်ရှိ

ဗြိတိန်နံပါတ်တစ်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ သြစတြေးလျအိုးပင်းပြိုင်ပွဲအကြို ATP ပွဲစဉ်လေးတွေ ယှဉ်ပြိုင်ဖို့ ဒီဇင်ဘာလ(၃၀)ရက်၊ စနေနေ့မှာ ဘရစ်ဘိန်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

မူဘာဒါလာကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်သရုပ်ပြပွဲမှာ စပိန်တင်းနစ်သမား ရော်ဘတ်တိုကို ရှုံးနိမ့်ခဲ့ပြီးနောက် အဘူဒါဘီကနေ သြစတြေးလျကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

မာရေးဟာ လက်ရှိကမ္ဘာ့အဆင့်(၁၆)နေရာမှာ ရပ်တည်နေတဲ့သူပါ။ တင်ပါးဒဏ်ရာကြောင့် အမေရိကန် အိုပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပြီးနောက် ယခုအခါမှာ မာရေးဟာ ပြန်ကစားနိုင်ပြီဖြစ်ပါတယ်။

Read more

ကြံ့ခိုင်ရေး အခြေအနေကြောင့် ထွန်းထွန်းမင်း၏ ပွဲစဉ်ကို ရွှေ့ဆိုင်း လိုက်ရ

မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ၄င်း၏ ဒဏ်ရာ အခြေအနေကြောင့် လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် ယှဉ်ပြိုင်မည့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပွဲစီစဉ်သူ ကီးမား ဦးတင်ဝင်းထံမှ သိရသည်။

Read more

အာဖရိကနွယ်ဖွား ၄ သောင်းကို အစ္စရေး နှင်ထုတ်

လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ချ ခံရမယ်

အစ္စရေးနိုင်ငံမှာ နေထိုင်နေကြတဲ့ အာဖရိကနွယ်ဖွား အယောက် ၄ သောင်း နီးပါးကို လာမယ့် ရက် ၉ဝ အတွင်း တိုင်းပြည်က ထွက်ခွာ သွားဖို့ အစ္စရေး အာဏာပိုင်တွေ အမိန့် ထုတ်ပြန် လာပါတယ်။

လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ချ ခံရမယ်လို့လည်း ဆိုပါတယ်။

Read more

မိမိ၏ နျူကလီးယား လက်နက်ခလုတ်က ပိုကြီးကြောင်း ကင်မ်ဂျုံအန်းကို ထရမ့်တုံ့ပြန် လှောင်ပြောင်

မိမိ၏ နျူကလီးယားလက်နက် စက်ခလုတ်မှာ ကင်မ်ဂျုံအန်း ပိုင်ဆိုင်ထားသည့် ခလုတ်ထက် ပိုကြီးကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လှောင်ပြောင်လိုက်သည်။

နှစ်သစ်ကူး မိန့်ခွန်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က အမေရိကန်ကို ရည်ရွယ်ကာ နျူကလီးယား ဒုံးကျည်များ ပစ်ခတ်နိုင်သော ခလုတ်သည် မိမိ၏ အလုပ်စားပွဲတွင် အချိန်တိုင်း ရှိနေကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။ ယင်းစကားနှင့် ပတ်သက်၍ ထရမ့်က Twitterမှတဆင့် တုံ့ပြန် လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

Read more

ပီရူးတွင် တောင်စောင်းပေါ်မှ ဘတ်စ်ကား ပြုတ်ကျမှုကြောင့် ၃၆ ဦးထက်မနည်း သေဆုံး

ပီရူးနိုင်ငံတွင် ဘတ်စ်ကားတစ်စီး တောင်စောင်းပေါ်မှ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၆ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

လီမာမြို့တော် မြောက်ဘက် ပါဆာမာယိုရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ကာဗာဒယ်လ် ဒီယာဘလို လမ်းကွေ့ နေရာတွင် ဘတ်စ်ကားက ချော်ထွက်သွားပြီး အမြင့်ပေ ၃၃၀ မျှထိ လိမ့်ကျသွားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုစကားလုံးသည် မကောင်းဆိုးရွား လမ်းကွေ့ဟု အဓိပ္ပါယ်ရပြီး ပီရူးမှ အပန်းဖြေ ကမ်းခြေတစ်ခုသို့ သွားရသည့် လမ်းပေါ်တွင် တည်ရှိသည်။

Read more

ဆန္ဒပြသူများကို သေဒဏ်ပေးမည်ဟု အီရန်အစိုးရခြိမ်းခြောက်၊ ပြင်ပသွေးထိုးမှုများကို ပြစ်တင်ဝေဖန်

တယ်ရန်၊ ဇန်န၀ါရီ ၃

အီရန်နိုင်ငံတစ်ဝန်း၌ဖြစ်ပွားနေသော ဆန္ဒပြပွဲများမှ ဆန္ဒပြသူများကို အီရန်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး စွဲချက်များစွာဖြင့် အမှုဖွင့်ထားသလို အချို့အမှုများတွင် သေဒဏ်အပြစ်ပါပေးနိုင်ကြောင်း အင်္ဂါနေ့က သတိပေး ခြိမ်းခြောက်ခဲ့သည်။

အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာအလီခါမီနီက အီရန်နိုင်ငံ၏ရန်သူများသည် အီရန်ကိုထိုးနှက်တိုက်ခိုက် ရန်အတွက် အခွင့်အလမ်းကောင်းများကို ရှာဖွေနေကြပြီး လွန်ခဲ့သော ကြာသာပတေးနေ့ကတည်းက ဖြစ်ပွားခဲ့ သည့် ဆန္ဒပြပွဲများအတွင်း ပြင်ပသွေးထိုးမှုများပါဝင်နေကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

Read more