၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွ အီရန္အသင္းႏုတ္ထြက္ရန္ ဆုံးျဖတ္ထား

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွ အီရန္အသင္းႏုတ္ထြက္ရန္ ဆုံးျဖတ္ထား
====================
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ ေျခစစ္ပြဲေအာင္ျမင္ထားတဲ့ အီရန္အသင္းဟာ အေမရိကန္ႏိုင္ငံႏွင့္ ႏိုင္ငံေရးတင္းမာမႈ မ်ားေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွ ႏုတ္ထြက္ရန္ ဆုံးျဖတ္ထားေၾကာင္း သတင္းဝက္ဘ္ဆိုက္ေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္ရရွိထားေသာ အီရန္အသင္းဟာ အေစာပိုင္းကတည္းက အေမရိကန္ႏိုင္ငံက ျပည္ဝင္ခြင့္ ကန႔္သတ္ထားတဲ့ ႏိုင္ငံစာရင္းတြင္ပါဝင္ေနတာေၾကာင့္ ပရိသတ္မ်ားမပါဝင္ဘဲ သြား ေရာက္ကစားရမည့္ အေရးႏွင့္ ရင္ဆိုင္ေနခဲ့ရပါတယ္။ လက္ရွိတြင္အေမရိကန္ႏိုင္ငံႏွင့္ အစၥေရးႏိုင္ငံတို႔ပူးေပါင္းၿပီး အီရန္ႏိုင္ငံအေပၚ စစ္ေရးအရ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ေနတဲ့အတြက္ အီရန္အသင္းကလည္း ကမာၻ႔ဖလားၿပိဳင္ပြဲမွႏုတ္ထြက္ရန္ ဆုံးျဖတ္ထားျခင္း ျဖစ္ပါတယ္။

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ) က အီရန္အသင္းႏုတ္ထြက္မည္ဆိုပါက ယူေအအီးအသင္းကို အီရန္အသင္း အစား ဝင္ခြင့္ေပးသြားဖြယ္ရွိေနသည့္အျပင္ Play-off အဆင့္ကစားရမည့္ အီရတ္အသင္းကိုလည္း တိုက္႐ိုက္ဝင္ခြင့္ ေပးဖြယ္ရွိေနေသာ္လည္း အီရန္အသင္းက တရားဝင္ႏုတ္ထြက္မွသာ ဝင္ခြင့္ေပးမည့္အသင္းကို ဆုံးျဖတ္မည္ ျဖစ္ ေၾကာင္း သိရပါတယ္။

အီရန္အသင္းဟာ ကမာၻ႔ ဖလားၿပိဳင္ပြဲ အုပ္စု(G) တြင္ အီဂ်စ္အသင္း၊ ဘယ္လ္ဂ်ီယံ အသင္း၊ နယူးဇီလန္အသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္ေနေၾကာင္း သိရပါတယ္။


၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အီရန်အသင်းနုတ်ထွက်ရန် ဆုံးဖြတ်ထား
====================
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ထားတဲ့ အီရန်အသင်းဟာ အမေရိကန်နိုင်ငံနှင့် နိုင်ငံရေးတင်းမာမှု များကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ထားကြောင်း သတင်းဝက်ဘ်ဆိုက်တွေက ဖော်ပြခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိထားသော အီရန်အသင်းဟာ အစောပိုင်းကတည်းက အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ကန့်သတ်ထားတဲ့ နိုင်ငံစာရင်းတွင်ပါဝင်နေတာကြောင့် ပရိသတ်များမပါဝင်ဘဲ သွား ရောက်ကစားရမည့် အရေးနှင့် ရင်ဆိုင်နေခဲ့ရပါတယ်။ လက်ရှိတွင်အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများလုပ်ဆောင်နေတဲ့အတွက် အီရန်အသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှနုတ်ထွက်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က အီရန်အသင်းနုတ်ထွက်မည်ဆိုပါက ယူအေအီးအသင်းကို အီရန်အသင်း အစား ဝင်ခွင့်ပေးသွားဖွယ်ရှိနေသည့်အပြင် Play-off အဆင့်ကစားရမည့် အီရတ်အသင်းကိုလည်း တိုက်ရိုက်ဝင်ခွင့် ပေးဖွယ်ရှိနေသော်လည်း အီရန်အသင်းက တရားဝင်နုတ်ထွက်မှသာ ဝင်ခွင့်ပေးမည့်အသင်းကို ဆုံးဖြတ်မည် ဖြစ် ကြောင်း သိရပါတယ်။

အီရန်အသင်းဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲ အုပ်စု(G) တွင် အီဂျစ်အသင်း၊ ဘယ်လ်ဂျီယံ အသင်း၊ နယူးဇီလန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရပါတယ်။