၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ ၿပိဳင္ ပြဲ အုပ္စု ပြဲ စဥ္ မဲ ခြဲ ပြဲ ကို ၾသဂုတ္လ ၂၇ ရက္ တြင္ က်င္းပမည္

၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုပြဲစဥ္မဲခြဲပြဲကို ၾသဂုတ္လ ၂၇ ရက္တြင္က်င္းပမည္
========================
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(ယူအီးအက္ဖ္ေအ)က ႀကီးမႉး၍ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ အုပ္စုပြဲစဥ္မဲခြဲပြဲကို ၾသဂုတ္လ ၂၇ ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို အေစာပိုင္းႏွစ္မ်ားက ၃၂ သင္းျဖင့္သာက်င္းပခဲ့ေသာ္လည္း ၿပီးခဲ့သည့္ေဘာလုံး ရာသီက ၿပိဳင္ပြဲဝင္အသင္း ၃၆ သင္းျဖင့္က်င္းပခဲ့သည္။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ၿပီးခဲ့သည့္ေဘာလုံးရာသီ မွစတင္၍ ၿပိဳင္ပြဲဝင္ အသင္းအေရအတြက္ တိုးျမႇင့္ခဲ့ကာ ပုံစံအသစ္ျဖင့္ က်င္းပၿပီး အုပ္စုခြဲျခားမက်င္းပေတာ့ဘဲ ၿပိဳင္ပြဲဝင္ အသင္းမ်ားအေနျဖင့္ အိမ္ကြင္း၌ ေလးပြဲ၊ အေဝး ကြင္း ၌ေလးပြဲ ၿပိဳင္ပြဲဝင္အသင္းတိုင္း စုစုေပါင္း ရွစ္ပြဲကစားရျခင္းျဖစ္သည္။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္၌ ရွစ္ပြဲကစားၿပီးခ်ိန္တြင္ အဆင့္(၁)ေနရာမွ အဆင့္(၈)ေနရာအထိ အသင္းရွစ္သင္းအေနျဖင့္ ၁၆ သင္းရႈံးထြက္အဆင့္ သို႔တက္ေရာက္ႏိုင္မည္ျဖစ္ၿပီး အဆင့္(၉)ေနရာမွ အဆင့္ (၂၄) ေနရာအတြင္း ရပ္တည္ၾကသည့္အသင္း မ်ားအေနျဖင့္ ရႈံးထြက္အဆင့္ပြဲစဥ္တစ္ပြဲကစားၿပီး အႏိုင္ရရွိသည့္ အသင္းရွစ္သင္းက ၁၆ သင္းရႈံးထြက္ အဆင့္တက္ေရာက္ခဲ့ျခင္းျဖစ္ကာ အဆင့္(၂၅)ေနရာမွ အဆင့္(၃၆)ေနရာ အထိအသင္းမ်ားက ၿပိဳင္ပြဲမွထြက္ခြာခဲ့ရသည္။
ၿပီးခဲ့သည့္ေဘာလုံးရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဗိုလ္လုပြဲ အျဖစ္ အာဆင္နယ္အသင္းႏွင့္ ပီအက္စ္ဂ်ီ အသင္းတို႔ကစားရာတြင္ ပီအက္စ္ဂ်ီအသင္းက ပယ္နယ္တီအဆုံးအျဖတ္ျဖင့္ အႏိုင္ရရွိခဲ့ၿပီး ႏွစ္ႀကိမ္ဆက္ခ်န္ပီယံ ဆုဖလားဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရသည္။
Ref:Top Skills Sports UK
၂၀၂၆-၂၀၂၇ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်မဲခွဲပွဲကို သြဂုတ်လ ၂၇ ရက်တွင်ကျင်းပမည်
========================
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုပွဲစဉ်မဲခွဲပွဲကို သြဂုတ်လ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို အစောပိုင်းနှစ်များက ၃၂ သင်းဖြင့်သာကျင်းပခဲ့သော်လည်း ပြီးခဲ့သည့်ဘောလုံး ရာသီက ပြိုင်ပွဲဝင်အသင်း ၃၆ သင်းဖြင့်ကျင်းပခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးခဲ့သည့်ဘောလုံးရာသီ မှစတင်၍ ပြိုင်ပွဲဝင် အသင်းအရေအတွက် တိုးမြှင့်ခဲ့ကာ ပုံစံအသစ်ဖြင့် ကျင်းပပြီး အုပ်စုခွဲခြားမကျင်းပတော့ဘဲ ပြိုင်ပွဲဝင် အသင်းများအနေဖြင့် အိမ်ကွင်း၌ လေးပွဲ၊ အဝေး ကွင်း ၌လေးပွဲ ပြိုင်ပွဲဝင်အသင်းတိုင်း စုစုပေါင်း ရှစ်ပွဲကစားရခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်၌ ရှစ်ပွဲကစားပြီးချိန်တွင် အဆင့်(၁)နေရာမှ အဆင့်(၈)နေရာအထိ အသင်းရှစ်သင်းအနေဖြင့် ၁၆ သင်းရှုံးထွက်အဆင့် သို့တက်ရောက်နိုင်မည်ဖြစ်ပြီး အဆင့်(၉)နေရာမှ အဆင့် (၂၄) နေရာအတွင်း ရပ်တည်ကြသည့်အသင်း များအနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ်တစ်ပွဲကစားပြီး အနိုင်ရရှိသည့် အသင်းရှစ်သင်းက ၁၆ သင်းရှုံးထွက် အဆင့်တက်ရောက်ခဲ့ခြင်းဖြစ်ကာ အဆင့်(၂၅)နေရာမှ အဆင့်(၃၆)နေရာ အထိအသင်းများက ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ပြီးခဲ့သည့်ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် အာဆင်နယ်အသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ကစားရာတွင် ပီအက်စ်ဂျီအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကြိမ်ဆက်ချန်ပီယံ ဆုဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
Ref:Top Skills Sports UK




