ညဥ့္နက္မွအိပ္စက္ သည့္ အ ေလ့ အ ထ က ကိုယ္ အ ေလး ခ်ိန္ ကို တိုး ေစ ႏိုင္

ညဥ့္နက္မွအိပ္စက္သည့္အေလ့အထက ကိုယ္အေလးခ်ိန္ကိုတိုးေစႏိုင္
=====================
အိပ္ခ်ိန္ေနာက္က်ၿပီး ညဥ့္နက္မွအိပ္စက္သည့္ အေလ့အထရွိသူမ်ားသည္ ပုံမွန္ေစာေစာ အိပ္ စက္သူမ်ားထက္ ကိုယ္အေလးခ်ိန္ကို ပိုမိုတိုးလာေစႏိုင္ေၾကာင္း သုေတသနအသစ္တစ္ခု၌ ေဖာ္ျပထားသည္။
က်န္းမာေရးႏွင့္ ေလ့က်င့္ခန္းဆိုင္ရာ သုေတသနပညာရွင္မ်ားက လူေပါင္းမ်ားစြာ၏ အိပ္စက္မႈပုံစံႏွင့္ ခႏၶာကိုယ္အဆီပမာဏေျပာင္းလဲမႈမ်ားကို ေလ့ လာဆန္းစစ္မႈမ်ားလုပ္ေဆာင္ရာ ညဥ့္နက္မွ အိပ္စက္ေလ့ရွိသူမ်ားတြင္ ခႏၶာကိုယ္အဆီစုပုံမႈ ပိုမိုျမင့္မားသည္ကိုေတြ႕ရွိခဲ့ရသည္။
အထူးသျဖင့္ ညဥ့္နက္မွအိပ္ျခင္းသည္ ခႏၶာကိုယ္၏ ဇီဝ႐ုပ္ျဖစ္ပ်က္မႈစနစ္ကို ထိခိုက္ေစၿပီး အဆာေျပစာႏွင့္ သေရစာမ်ားကို ပိုမိုစားသုံးမိေစရန္ တြန္း အားေပးေနျခင္းျဖစ္သည္။ အိပ္ခ်ိန္မမွန္ျခင္း သို႔မဟုတ္ ညဥ့္နက္မွအိပ္စက္ျခင္းေၾကာင့္ ခႏၶာကိုယ္အတြင္းရွိ အဆာေျပလိုစိတ္ကိုထိန္းခ်ဳပ္ေပးေသာေဟာ္မုန္း မ်ား ကစဥ့္ကလ်ားျဖစ္သြားရသည္။ ထို႔ျပင္ အိပ္ေရးပ်က္ျခင္းက အင္ဆူလင္ဓာတ္တုံ႔ျပန္ပုံကို ေလ်ာ့က်ေစသျဖင့္ ခႏၶာကိုယ္ကအဆီမ်ားကို ပိုမိုစုေဆာင္းမိေစ သည္။
ထို႔ေၾကာင့္ ကိုယ္အေလးခ်ိန္ကိုေလွ်ာ့ခ်လိုသူမ်ား သို႔မဟုတ္ က်န္းမာေရးကိုထိန္းသိမ္းလိုသူမ်ားအေနျဖင့္ အစားအေသာက္ေလွ်ာ့စား႐ုံ၊ ေလ့က်င့္ ခန္း လုပ္႐ုံျဖင့္လုံေလာက္ျခင္းမရွိဘဲ ညတိုင္းပုံမွန္ အိပ္ခ်ိန္သတ္မွတ္၍ ေစာေစာအိပ္စက္ေလ့ရွိသည့္အေလ့အထကိုျပဳလုပ္ရန္ က်န္းမာေရးပညာရွင္မ်ားက အႀကံ ျပဳထားသည္။
Ref: STD
ညဉ့်နက်မှအိပ်စက်သည့်အလေ့အထက ကိုယ်အလေးချိန်ကိုတိုးစေနိုင်
=====================
အိပ်ချိန်နောက်ကျပြီး ညဉ့်နက်မှအိပ်စက်သည့် အလေ့အထရှိသူများသည် ပုံမှန်စောစော အိပ် စက်သူများထက် ကိုယ်အလေးချိန်ကို ပိုမိုတိုးလာစေနိုင်ကြောင်း သုတေသနအသစ်တစ်ခု၌ ဖော်ပြထားသည်။
ကျန်းမာရေးနှင့် လေ့ကျင့်ခန်းဆိုင်ရာ သုတေသနပညာရှင်များက လူပေါင်းများစွာ၏ အိပ်စက်မှုပုံစံနှင့် ခန္ဓာကိုယ်အဆီပမာဏပြောင်းလဲမှုများကို လေ့ လာဆန်းစစ်မှုများလုပ်ဆောင်ရာ ညဉ့်နက်မှ အိပ်စက်လေ့ရှိသူများတွင် ခန္ဓာကိုယ်အဆီစုပုံမှု ပိုမိုမြင့်မားသည်ကိုတွေ့ရှိခဲ့ရသည်။
အထူးသဖြင့် ညဉ့်နက်မှအိပ်ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်မှုစနစ်ကို ထိခိုက်စေပြီး အဆာပြေစာနှင့် သရေစာများကို ပိုမိုစားသုံးမိစေရန် တွန်း အားပေးနေခြင်းဖြစ်သည်။ အိပ်ချိန်မမှန်ခြင်း သို့မဟုတ် ညဉ့်နက်မှအိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အဆာပြေလိုစိတ်ကိုထိန်းချုပ်ပေးသောဟော်မုန်း များ ကစဉ့်ကလျားဖြစ်သွားရသည်။ ထို့ပြင် အိပ်ရေးပျက်ခြင်းက အင်ဆူလင်ဓာတ်တုံ့ပြန်ပုံကို လျော့ကျစေသဖြင့် ခန္ဓာကိုယ်ကအဆီများကို ပိုမိုစုဆောင်းမိစေ သည်။
ထို့ကြောင့် ကိုယ်အလေးချိန်ကိုလျှော့ချလိုသူများ သို့မဟုတ် ကျန်းမာရေးကိုထိန်းသိမ်းလိုသူများအနေဖြင့် အစားအသောက်လျှော့စားရုံ၊ လေ့ကျင့် ခန်း လုပ်ရုံဖြင့်လုံလောက်ခြင်းမရှိဘဲ ညတိုင်းပုံမှန် အိပ်ချိန်သတ်မှတ်၍ စောစောအိပ်စက်လေ့ရှိသည့်အလေ့အထကိုပြုလုပ်ရန် ကျန်းမာရေးပညာရှင်များက အကြံ ပြုထားသည်။
Ref: STD




