ေမာ္လၿမိဳင္-ရန္ကုန္ DEMU ရထားေပၚ၌ ဆူညံ စြာ သီခ်င္းဆိုျခင္းႏွင့္ စည္းကမ္းေဖ-ာက္ဖ်-က္ခဲ့သူ (၅၄) ဦးအား ရထားပို႔ ေဆာင္ေရးဥပေဒျဖင့္ အမႈ ဖြင့္ အ ေရး ယူ

ေမာ္လၿမိဳင္-ရန္ကုန္ DEMU ရထားေပၚ၌ ဆူညံစြာ သီခ်င္းဆိုျခင္းႏွင့္ စည္းကမ္းေဖ-ာက္ဖ်-က္ခဲ့သူ (၅၄) ဦးအား ရထားပို႔ေဆာင္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူ
==============================
ရထားေပၚမွ ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူမႈကြန္ရက္ေပၚတြင္ စည္းကမ္း၊ ယဥ္ေက်းမႈႏွင့္ ဂုဏ္သိကၡာဆိုင္ရာ အယူအဆမ်ား အျငင္းပြားဖြယ္ျဖစ္ေပၚ
—————–
ေမာ္လၿမိဳင္ဘူတာမွ ရန္ကုန္ဘူတာႀကီးသို႔ ထြက္ခြာသည့္ အမွတ္ (၈၄) အဆုန္ DEMU လူစီးအျမန္ရထားေပၚတြင္ ဆူညံစြာ ေအာ္ဟစ္သီခ်င္းဆိုျခင္းႏွင့္ စည္းကမ္းမဲ့ အျပဳအမူမ်ား ျပဳလုပ္ကာ အျခားခရီးသည္မ်ားအား စိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့သည့္ ေဒၚျမသန္း ပါဝင္ေသာ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း (၅၄) ဦးတို႔အား မီးရထားဌာနက တရားလိုျပဳလုပ္၍ ရထားပိုေဆာင္ေရးဥပေဒျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၃ ရက္ေန႔က အဆိုပါ အမွတ္ (၈၄) အဆုန္ DEMU ရထားေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္မ်ားအနက္ ဦးျမင့္ၾကည္၊ ေဒၚျမသန္း အပါအဝင္ လူဦးေရ (၅၄) ဦးတိုသည္ ရထားတြင္း ဆူညံစြာ ေအာ္ဟစ္သီခ်င္းဆိုျခင္း၊ ရထားထိုင္ခုံ လက္တန္းေပၚတြင္ တက္ထိုင္ျခင္း၊ ရထားၾကမ္းခင္း ေလွ်ာက္လမ္းအား ပိတ္ဆို၍ ထမင္းဝိုင္းဖြဲ စားေသာက္ျခင္းႏွင့္ TikTok ဗီဒီယိုမ်ား ႐ို-က္ကူးျခင္း စသည့္ စည္းကမ္းမဲ့ ျပဳမူေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။

ထိုသို႔ လိုက္ပါစီးနင္းသူ ခရီးသည္မ်ား စိတ္အေႏွာင့္အယွက္ ျဖစ္ေပၚေစခဲ့သည့္ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဇူလိုင္လ ၂၆ ရက္ေန႔တြင္ ျမန္မာ့မီးရထား၊ တိုင္းအမွတ္ (၈) (ေမာ္လၿမိဳင္) မွ အထူးတန္း ႐ုံပိုင္ႀကီး ဦးသန္းစိုးက တရားလိုျပဳလုပ္၍ ေမာ္လၿမိဳင္ၿမိဳမ ရဲစခန္းတြင္ သြားေရာက္ တိုင္တန္းခဲ့ျခင္း ျဖစ္သည္။

လက္ရွိတြင္ အဆိုပါ ပါဝင္သူ (၅၄) ဦးလုံးအား ေမာ္လၿမိဳင္ၿမိဳမ ရဲစခန္း၌ (ပ) ၁၂၉/၂၀၂၆၊ ရထားပိုေဆာင္ေရးလုပ္ငန္း ဥပေဒပုဒ္မ ၈၈ (က) ျဖင့္ အမႈဖြင့္လွစ္ကာ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရသည္။

အမ်ားသုံး ပို႔ေဆာင္ဆက္သြယ္ေရး ယာဥ္မ်ားျဖစ္သည့္ ရထား၊ ေမာ္ေတာ္ယာဥ္ႏွင့္ ေလယာဥ္မ်ား စီးနင္းရာတြင္ ျပည္သူပိုင္ ပစၥည္းမ်ားႏွင့္ သတ္မွတ္စည္းကမ္းမ်ားကို လိုက္နာေစာင့္ေရွာက္ရန္ တာဝန္ရွိသကဲ့သို၊ အမွားအယြင္းမ်ား ျဖစ္ေပၚပါကလည္း ဆဲဆိုေစာ္ကားျခင္း မဟုတ္ဘဲ ယဥ္ေက်းသည့္ အသိုင္းအဝိုင္းအတိုင္း ေထာက္ျပျပဳျပင္ေပးသည့္ လူမႈယဥ္ေက်းမႈကို ထိန္းသိမ္းရန္ လိုအပ္ေၾကာင္း အဆိုပါ ျဖစ္စဥ္က အသိပညာေပးလ်က္ရွိသည္။


မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ သီချင်းဆိုခြင်းနှင့် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သူ (၅၄) ဦးအား ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ
==============================
ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ်
—————–
မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်းနှင့် စည်းကမ်းမဲ့ အပြုအမူများ ပြုလုပ်ကာ အခြားခရီးသည်များအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါ်မြသန်း ပါဝင်သော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၅၄) ဦးတို့အား မီးရထားဌာနက တရားလိုပြုလုပ်၍ ရထားပိုဆောင်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အဆိုပါ အမှတ် (၈၄) အဆုန် DEMU ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် ဦးမြင့်ကြည်၊ ဒေါ်မြသန်း အပါအဝင် လူဦးရေ (၅၄) ဦးတိုသည် ရထားတွင်း ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်တွင် တက်ထိုင်ခြင်း၊ ရထားကြမ်းခင်း လျှောက်လမ်းအား ပိတ်ဆို၍ ထမင်းဝိုင်းဖွဲ စားသောက်ခြင်းနှင့် TikTok ဗီဒီယိုများ ရို-က်ကူးခြင်း စသည့် စည်းကမ်းမဲ့ ပြုမူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ လိုက်ပါစီးနင်းသူ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့သည့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာ့မီးရထား၊ တိုင်းအမှတ် (၈) (မော်လမြိုင်) မှ အထူးတန်း ရုံပိုင်ကြီး ဦးသန်းစိုးက တရားလိုပြုလုပ်၍ မော်လမြိုင်မြိုမ ရဲစခန်းတွင် သွားရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ပါဝင်သူ (၅၄) ဦးလုံးအား မော်လမြိုင်မြိုမ ရဲစခန်း၌ (ပ) ၁၂၉/၂၀၂၆၊ ရထားပိုဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အများသုံး ပို့ဆောင်ဆက်သွယ်ရေး ယာဉ်များဖြစ်သည့် ရထား၊ မော်တော်ယာဉ်နှင့် လေယာဉ်များ စီးနင်းရာတွင် ပြည်သူပိုင် ပစ္စည်းများနှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာစောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို၊ အမှားအယွင်းများ ဖြစ်ပေါ်ပါကလည်း ဆဲဆိုစော်ကားခြင်း မဟုတ်ဘဲ ယဉ်ကျေးသည့် အသိုင်းအဝိုင်းအတိုင်း ထောက်ပြပြုပြင်ပေးသည့် လူမှုယဉ်ကျေးမှုကို ထိန်းသိမ်းရန် လိုအပ်ကြောင်း အဆိုပါ ဖြစ်စဉ်က အသိပညာပေးလျက်ရှိသည်။