ဇိမ္ခံေမာင္းႏွင္မႈပုံစံသစ္ႏွင့္အတူ မိုင္ ၄၆၀ အထိ ေမာင္းႏွင္ႏိုင္မည့္ DS N°7 လွ်ပ္စစ္ SUV

ဇိမ္ခံေမာင္းႏွင္မႈပုံစံသစ္ႏွင့္အတူ မိုင္ ၄၆၀ အထိ ေမာင္းႏွင္ႏိုင္မည့္ DS N°7 လွ်ပ္စစ္ SUV
==========================
ဥေရာပေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္သည့္ Stellantis သည္ ၎၏ဇိမ္ခံအမွတ္တံဆိပ္ျဖစ္ေသာ DS အတြက္ သက္ေသာင့္သက္သာရွိမႈႏွင့္ ဇိမ္ခံမႈကို အဓိကဦးစားေပးထားသည့္ DS N°7 SUV အမ်ိဳးအစားအသစ္ကို တရားဝင္မိတ္ဆက္လိုက္ၿပီျဖစ္သည္။

လွ်ပ္စစ္သီးသန႔္အမ်ိဳးအစားျဖစ္သည့္ E-TENSE တြင္ ဗားရွင္းသုံးမ်ိဳးေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။ အေျခခံဗားရွင္းတြင္ ၇၃ ဒသမ ၇ ကီလိုဝပ္နာရီဘက္ထရီပါဝင္ၿပီး ျမင္းေကာင္ေရ ၂၃၀ အားရွိကာ တစ္ႀကိမ္အားသြင္း႐ုံျဖင့္ ၃၃၇ မိုင္အထိ ေမာင္းႏွင္ႏိုင္သည္။ ခရီးေဝးေမာင္းႏိုင္မည့္ Long-range FWD ဗားရွင္းတြင္မူ ၉၇ ဒသမ ၂ ကီလိုဝပ္နာရီရွိဘက္ထရီအသုံးျပဳထားၿပီး တစ္ႀကိမ္အားသြင္း႐ုံျဖင့္ မိုင္ ၄၆၀ အထိေမာင္းႏွင္ႏိုင္မည္ျဖစ္သည္။ အားအေကာင္းဆုံး AWD ဗားရွင္းတြင္ ေမာ္တာႏွစ္လုံးျဖင့္ ျမင္းေကာင္ေရ ၃၅၀ ထြက္ရွိကာ ၄၂၂ မိုင္အထိ ေမာင္းႏွင္ႏိုင္မည္ျဖစ္သည္။

နည္းပညာႏွင့္ အတြင္းပိုင္းျပင္ဆင္မႈမ်ားအေနျဖင့္ ၁၆ လက္မ infotainment screen ၊ ၁၀ လက္မ မီတာဒိုင္ခြက္၊ အဆင့္ ျမင့္ေမာင္းႏွင္မႈစနစ္၊ ညဘက္လမ္းကူးသူမ်ားကို အာ႐ုံခံႏိုင္သည့္ ညၾကည့္စနစ္တို႔ ပါဝင္မည္ျဖစ္သည္။ Hybrid အမ်ိဳးအစားတြင္မူ ၁ ဒသမ ၂ လီတာတာဘိုအင္ဂ်င္ႏွင့္ ၂၁ ကီလိုဝပ္ေမာ္တာ တြဲဖက္ထားၿပီး ျမင္းေကာင္ေရ ၁၄၅ ေကာင္အားထြက္ရွိမည္ျဖစ္ေၾကာင္းသိရသည္။

Ref: EA


ဇိမ်ခံမောင်းနှင်မှုပုံစံသစ်နှင့်အတူ မိုင် ၄၆၀ အထိ မောင်းနှင်နိုင်မည့် DS N°7 လျှပ်စစ် SUV
==========================
ဥရောပမော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် Stellantis သည် ၎င်း၏ဇိမ်ခံအမှတ်တံဆိပ်ဖြစ်သော DS အတွက် သက်သောင့်သက်သာရှိမှုနှင့် ဇိမ်ခံမှုကို အဓိကဦးစားပေးထားသည့် DS N°7 SUV အမျိုးအစားအသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

လျှပ်စစ်သီးသန့်အမျိုးအစားဖြစ်သည့် E-TENSE တွင် ဗားရှင်းသုံးမျိုးရွေးချယ်နိုင်မည်ဖြစ်သည်။ အခြေခံဗားရှင်းတွင် ၇၃ ဒသမ ၇ ကီလိုဝပ်နာရီဘက်ထရီပါဝင်ပြီး မြင်းကောင်ရေ ၂၃၀ အားရှိကာ တစ်ကြိမ်အားသွင်းရုံဖြင့် ၃၃၇ မိုင်အထိ မောင်းနှင်နိုင်သည်။ ခရီးဝေးမောင်းနိုင်မည့် Long-range FWD ဗားရှင်းတွင်မူ ၉၇ ဒသမ ၂ ကီလိုဝပ်နာရီရှိဘက်ထရီအသုံးပြုထားပြီး တစ်ကြိမ်အားသွင်းရုံဖြင့် မိုင် ၄၆၀ အထိမောင်းနှင်နိုင်မည်ဖြစ်သည်။ အားအကောင်းဆုံး AWD ဗားရှင်းတွင် မော်တာနှစ်လုံးဖြင့် မြင်းကောင်ရေ ၃၅၀ ထွက်ရှိကာ ၄၂၂ မိုင်အထိ မောင်းနှင်နိုင်မည်ဖြစ်သည်။

နည်းပညာနှင့် အတွင်းပိုင်းပြင်ဆင်မှုများအနေဖြင့် ၁၆ လက်မ infotainment screen ၊ ၁၀ လက်မ မီတာဒိုင်ခွက်၊ အဆင့် မြင့်မောင်းနှင်မှုစနစ်၊ ညဘက်လမ်းကူးသူများကို အာရုံခံနိုင်သည့် ညကြည့်စနစ်တို့ ပါဝင်မည်ဖြစ်သည်။ Hybrid အမျိုးအစားတွင်မူ ၁ ဒသမ ၂ လီတာတာဘိုအင်ဂျင်နှင့် ၂၁ ကီလိုဝပ်မော်တာ တွဲဖက်ထားပြီး မြင်းကောင်ရေ ၁၄၅ ကောင်အားထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

Ref: EA