ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ဝဏၰေက်ာ္ထင္အေမထိန္းခန္းမ ျပန္လည္တည္ေဆာက္ေရး အလႉေငြေပးအပ္ပြဲ(ပထမအႀကိမ္)အခမ္းအနားသို႔ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္

ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ဝဏၰေက်ာ္ထင္အေမထိန္းခန္းမ ျပန္လည္တည္ေဆာက္ေရး အလႉေငြေပးအပ္ပြဲ(ပထမအႀကိမ္)အခမ္းအနားသို႔ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္
==============
ဇူလိုင္ ၁၇၊ ေပ်ာ္ဘြယ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ငလ်င္ဒါဏ္ေၾကာင့္ ပ်က္စီးသြားသည့္ေပ်ာ္ဘြယ္ၿမိဳ႕၏ ၿမိဳ႕နယ္ခန္းမျဖစ္ေသာ
ဝဏၰေက်ာ္ထင္အေမထိန္းခန္းမအား ျပန္လည္ တည္ေဆာက္ေရးအတြက္ ဇူလိုင္လ ၁၇ ရက္ေန႔တြင္ ျပဳလုပ္သည့္ အလႉေငြေပးအပ္ပြဲ(ပထမအႀကိမ္)အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားတြင္ ပါတီအေထြေထြအတြင္းေရးမႉး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ၊ ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လုပ္ငန္းရွင္မ်ား၊ အလႉရွင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံ၍ ဝဏၰေက်ာ္ထင္အေမထိန္းခန္းမ ျပန္လည္တည္ေဆာက္ေရး လုပ္ငန္းစတင္ႏိုင္ရန္ ပထမအႀကိမ္အျဖစ္ အလႉေငြလႉဒါန္းျခင္း၊ အလႉရွင္လႉဒါန္းေသာ ဒါနဒါနအလႉေငြမ်ားအား လက္ခံခဲ့ၿပီး ေကာ္မတီမ်ား ဖြဲ႕စည္း၍ လုပ္ငန္းစဥ္မ်ားခ်မွတ္ကာ လုပ္ငန္းစတင္ေစခဲ့ပါသည္။

၎ေနာက္ အေထြေထြအတြင္းေရးမႉး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ဝဏၰေက်ာ္ထင္အေမထိန္းခန္းမ ျပန္လည္တည္ေဆာက္မႈ ေျမျပင္အေျခအေနအားၾကည့္ရႈၿပီး လိုအပ္သည္မ်ားမွာၾကားခဲ့ပါသည္။ အဆိုပါ အလႉေငြေပးအပ္ပြဲ အခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ျမင့္ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာအသီးသီးက တာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လုပ္ငန္းရွင္မ်ား၊ အလႉရွင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။


ပျော်ဘွယ်မြို့နယ် ဝဏ္ဏကျော်ထင်အမေထိန်းခန်းမ ပြန်လည်တည်ဆောက်ရေး အလှူငွေပေးအပ်ပွဲ(ပထမအကြိမ်)အခမ်းအနားသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တက်ရောက်
==============
ဇူလိုင် ၁၇၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ငလျင်ဒါဏ်ကြောင့် ပျက်စီးသွားသည့်ပျော်ဘွယ်မြို့၏ မြို့နယ်ခန်းမဖြစ်သော
ဝဏ္ဏကျော်ထင်အမေထိန်းခန်းမအား ပြန်လည် တည်ဆောက်ရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် အလှူငွေပေးအပ်ပွဲ(ပထမအကြိမ်)အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ အလှူရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ဝဏ္ဏကျော်ထင်အမေထိန်းခန်းမ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစတင်နိုင်ရန် ပထမအကြိမ်အဖြစ် အလှူငွေလှူဒါန်းခြင်း၊ အလှူရှင်လှူဒါန်းသော ဒါနဒါနအလှူငွေများအား လက်ခံခဲ့ပြီး ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းစဉ်များချမှတ်ကာ လုပ်ငန်းစတင်စေခဲ့ပါသည်။

၎င်းနောက် အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ဝဏ္ဏကျော်ထင်အမေထိန်းခန်းမ ပြန်လည်တည်ဆောက်မှု မြေပြင်အခြေအနေအားကြည့်ရှုပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။