Tesla ရဲ႕‌ေျခနင္းမဲ့စက္ဘီးထုတ္လုပ္ၿပီးခဏမွာပစၥည္းျပတ္သြား

Tesla ရဲ႕‌ေျခနင္းမဲ့စက္ဘီးထုတ္လုပ္ၿပီးခဏမွာပစၥည္းျပတ္သြား
========================
Tesla က လမ္းေလွ်ာက္ခါစ ကေလးငယ္ေတြအတြက္ ေျခနင္းမဲ့စက္ဘီးအေသးစားေလးတစ္မ်ိဳးကို မၾကာေသးမီကထုတ္လုပ္လိုက္ပါတယ္။ ဒီစက္ဘီးဟာ တျခား ေျခနင္းမဲ့စက္ဘီးလိုပဲ ေျခနင္းလည္းမပါ၊ ေမာ္တာလည္းမပါသလို ဘရိတ္လည္းမပါဘဲ ကေလးေတြရဲ႕ ေျခေထာက္အားနဲ႔ပဲ သြားရတာပါ။ သူ႔ရဲ႕ဒီဇိုင္းကေကာင္းမြန္ၿပီး ေပါ့ပါးတဲ့ မဂၢနီဆီယမ္ကိုယ္ထည္နဲ႔ ျပဳလုပ္ထားပါတယ္။ ဒီစက္ဘီးကို အသက္ ၂ ႏွစ္ကေန ၅ ႏွစ္ၾကားကေလးေတြအတြက္ ဒီဇိုင္းထုတ္ထားတာျဖစ္ၿပီး ထိုင္ခုံကိုငါးဆင့္အထိ အနိမ့္အျမင့္ညႇိလို႔ရပါတယ္။

ဒါေပမဲ့ျပႆနာကေတာ့ ေစ်းႏႈန္းဟာ ၂၂၅ ေဒၚလာဝန္းက်င္အထိ ရွိေနတာပါ။

ဒီေလာက္ေစ်းႀကီးေနေပမယ့္လည္း လက္ရွိမွာေတာ့ စက္ဘီးေရာ၊ ေဒၚလာ ၃၀ တန္ တီရွပ္ပါ ပစၥည္းျပတ္သြားခဲ့ပါၿပီ။ သူတို႔အေနနဲ႔ ပထမအသုတ္မွာ အေရအတြက္ပမာဏဘယ္ေလာက္ထုတ္ခဲ့လဲဆိုတာ မသိရေပမယ့္ သတင္းေကာင္းကေတာ့ လာမယ့္ ဇူလိုင္လ ၃၁ ရက္ေန႔မွာ ေနာက္ထပ္တစ္သုတ္အတြက္ႀကိဳတင္အမွာစာေတြကို ျပန္လက္ခံသြားမယ္လို႔ သိရပါတယ္။

ပုံမွန္အားျဖင့္ ဒီစက္ဘီးေတြက ေဒၚလာ၁၀၀ ဝန္းက်င္ပဲရွိတာေၾကာင့္ Tesla ရဲ႕ေစ်းႏႈန္းက ေတာ္ေတာ္ေလး ျမင့္ေနတာပါ။ Tesla ဟာ လူႀကီးေတြအတြက္ လွ်ပ္စစ္စက္ဘီးအစစ္အမွန္ကိုေတာ့ အႏၲရာယ္မ်ားတယ္ဆိုၿပီး မထုတ္ေပးပါဘူး။ ယခင္ကလည္း ကေလးစီး Cyberquad ATV ေတြထုတ္ခဲ့ဖူးၿပီး ေဘးကင္းလုံၿခဳံမႈမရွိလို႔ ထုတ္လုပ္မႈရပ္နားခဲ့ရပါတယ္။

Ref: EA


Tesla ရဲ့‌ခြေနင်းမဲ့စက်ဘီးထုတ်လုပ်ပြီးခဏမှာပစ္စည်းပြတ်သွား
========================
Tesla က လမ်းလျှောက်ခါစ ကလေးငယ်တွေအတွက် ခြေနင်းမဲ့စက်ဘီးအသေးစားလေးတစ်မျိုးကို မကြာသေးမီကထုတ်လုပ်လိုက်ပါတယ်။ ဒီစက်ဘီးဟာ တခြား ခြေနင်းမဲ့စက်ဘီးလိုပဲ ခြေနင်းလည်းမပါ၊ မော်တာလည်းမပါသလို ဘရိတ်လည်းမပါဘဲ ကလေးတွေရဲ့ ခြေထောက်အားနဲ့ပဲ သွားရတာပါ။ သူ့ရဲ့ဒီဇိုင်းကကောင်းမွန်ပြီး ပေါ့ပါးတဲ့ မဂ္ဂနီဆီယမ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပါတယ်။ ဒီစက်ဘီးကို အသက် ၂ နှစ်ကနေ ၅ နှစ်ကြားကလေးတွေအတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ထိုင်ခုံကိုငါးဆင့်အထိ အနိမ့်အမြင့်ညှိလို့ရပါတယ်။

ဒါပေမဲ့ပြဿနာကတော့ စျေးနှုန်းဟာ ၂၂၅ ဒေါ်လာဝန်းကျင်အထိ ရှိနေတာပါ။

ဒီလောက်စျေးကြီးနေပေမယ့်လည်း လက်ရှိမှာတော့ စက်ဘီးရော၊ ဒေါ်လာ ၃၀ တန် တီရှပ်ပါ ပစ္စည်းပြတ်သွားခဲ့ပါပြီ။ သူတို့အနေနဲ့ ပထမအသုတ်မှာ အရေအတွက်ပမာဏဘယ်လောက်ထုတ်ခဲ့လဲဆိုတာ မသိရပေမယ့် သတင်းကောင်းကတော့ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ နောက်ထပ်တစ်သုတ်အတွက်ကြိုတင်အမှာစာတွေကို ပြန်လက်ခံသွားမယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ဒီစက်ဘီးတွေက ဒေါ်လာ၁၀၀ ဝန်းကျင်ပဲရှိတာကြောင့် Tesla ရဲ့စျေးနှုန်းက တော်တော်လေး မြင့်နေတာပါ။ Tesla ဟာ လူကြီးတွေအတွက် လျှပ်စစ်စက်ဘီးအစစ်အမှန်ကိုတော့ အန္တရာယ်များတယ်ဆိုပြီး မထုတ်ပေးပါဘူး။ ယခင်ကလည်း ကလေးစီး Cyberquad ATV တွေထုတ်ခဲ့ဖူးပြီး ဘေးကင်းလုံခြုံမှုမရှိလို့ ထုတ်လုပ်မှုရပ်နားခဲ့ရပါတယ်။

Ref: EA