Google ကုမၸဏီက ကမာၻ႔အႀကီးဆုံး ဘက္ထရီျဖင့္ ေဒတာစင္တာကို စြမ္းအင္ေထာက္ပံ့ေပးမည္

Google ကုမၸဏီက ကမာၻ႔အႀကီးဆုံး ဘက္ထရီျဖင့္ ေဒတာစင္တာကို စြမ္းအင္ေထာက္ပံ့ေပးမည္
======================
အေမရိကန္ နည္းပညာကုမၸဏီျဖစ္တဲ့ Google ဟာ မင္နီဆိုးတားျပည္နယ္ ပိုင္းအိုင္းလန္းမွာ ေဒတာစင္တာအသစ္တစ္ခု တည္ေဆာက္သြားမွာျဖစ္ၿပီး အဲဒီစင္တာအတြက္ ကမာၻ႔အႀကီးဆုံးလို႔ဆိုရမယ့္ ဘက္ထရီစနစ္ကို အသုံးျပဳသြားမယ္လို႔ေၾကညာလိုက္ပါတယ္။ ဒီေဒတာစင္တာက ေလအားနဲ႔ ေနေရာင္ျခည္စြမ္းအင္ကေနရရွိမယ့္ သန႔္စင္စြမ္းအင္ ၁ ဒသမ ၉ ဂစ္ဂါဝပ္ကို အသုံးျပဳမွာျဖစ္ၿပီး နာရီ ၁၀၀ အထိစြမ္းအင္သိုေလွာင္ေပးႏိုင္တဲ့ ၃၀ ဂစ္ဂါဝပ္နာရီ ပမာဏရွိ Iron-air ဘက္ထရီစနစ္နဲ႔ ခ်ိတ္ဆက္ထားမွာပါ။ Form Energy က တည္ေဆာက္တဲ့ ဒီဘက္ထရီဟာ သံကို သံေခ်းတက္ေစတဲ့ျဖစ္စဥ္နဲ႔ သံေခ်းကို သံအျဖစ္ ျပန္ေျပာင္းတဲ့ျဖစ္စဥ္ကိုအသုံးျပဳၿပီး စြမ္းအင္ သိုေလွာင္ထုတ္လုပ္တာျဖစ္ပါတယ္။
လီသီယံဘက္ထရီထက္ စြမ္းေဆာင္ရည္ အနည္းငယ္နိမ့္ေပမယ့္ ကုန္က်စရိတ္ သုံးဆေလာက္ ပိုမိုသက္သာတဲ့ အားသာခ်က္ရွိပါတယ္။ ဒီစီမံကိန္းအရ Google ဟာ ေဒသတြင္းလွ်ပ္စစ္ဓာတ္အားစနစ္ ပိုမိုေကာင္းမြန္လာေစဖို႔အတြက္ ေဒၚလာ သန္း ၅၀ ထည့္ဝင္သြားမွာျဖစ္တယ္လို႔ ဆိုထားပါတယ္။
Google ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး ဘက်ထရီဖြင့် ဒေတာစင်တာကို စွမ်းအင်ထောက်ပံ့ပေးမည်
======================
အမေရိကန် နည်းပညာကုမ္ပဏီဖြစ်တဲ့ Google ဟာ မင်နီဆိုးတားပြည်နယ် ပိုင်းအိုင်းလန်းမှာ ဒေတာစင်တာအသစ်တစ်ခု တည်ဆောက်သွားမှာဖြစ်ပြီး အဲဒီစင်တာအတွက် ကမ္ဘာ့အကြီးဆုံးလို့ဆိုရမယ့် ဘက်ထရီစနစ်ကို အသုံးပြုသွားမယ်လို့ကြေညာလိုက်ပါတယ်။ ဒီဒေတာစင်တာက လေအားနဲ့ နေရောင်ခြည်စွမ်းအင်ကနေရရှိမယ့် သန့်စင်စွမ်းအင် ၁ ဒသမ ၉ ဂစ်ဂါဝပ်ကို အသုံးပြုမှာဖြစ်ပြီး နာရီ ၁၀၀ အထိစွမ်းအင်သိုလှောင်ပေးနိုင်တဲ့ ၃၀ ဂစ်ဂါဝပ်နာရီ ပမာဏရှိ Iron-air ဘက်ထရီစနစ်နဲ့ ချိတ်ဆက်ထားမှာပါ။ Form Energy က တည်ဆောက်တဲ့ ဒီဘက်ထရီဟာ သံကို သံချေးတက်စေတဲ့ဖြစ်စဉ်နဲ့ သံချေးကို သံအဖြစ် ပြန်ပြောင်းတဲ့ဖြစ်စဉ်ကိုအသုံးပြုပြီး စွမ်းအင် သိုလှောင်ထုတ်လုပ်တာဖြစ်ပါတယ်။
လီသီယံဘက်ထရီထက် စွမ်းဆောင်ရည် အနည်းငယ်နိမ့်ပေမယ့် ကုန်ကျစရိတ် သုံးဆလောက် ပိုမိုသက်သာတဲ့ အားသာချက်ရှိပါတယ်။ ဒီစီမံကိန်းအရ Google ဟာ ဒေသတွင်းလျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန်လာစေဖို့အတွက် ဒေါ်လာ သန်း ၅၀ ထည့်ဝင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။




