မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီဗဟို ဒုတိယဥကၠဌ(၂)ဦးလွထြန္းႏွင့္ေတြ႕ဆုံပြဲျပဳလုပ္

မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီဗဟို ဒုတိယဥကၠဌ(၂)ဦးလွထြန္းႏွင့္ေတြ႕ဆုံပြဲျပဳလုပ္
=================
၂၀-၇-၂၀၂၆ ရက္ေန႔ ၁၃:၀၀မွ ၁၄:၀၀ အခ်ိန္ထိ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီဗဟို ဒုတိယဥကၠဌ(၂)ဦးလွထြန္းႏွင့္ ေတြ႕ဆုံပြဲ က်င္းပျပဳလုပ္ခဲ့ပါသည္။ ေတြ႕ဆုံပြဲသို႔ ပါတီဗဟို ဒုတိယဥကၠဌ(၂)ဦးလွထြန္း၊ ပါတီဗဟိုအလုပ္အမႈေဆာင္၊ မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊ ပါတီဗဟိုအလုပ္အမႈ ေဆာင္၊ စစ္ကိုင္းတိုင္းေဒသႀကီးပါတီဥကၠဌ ဦးမင္းမင္းေဇယ်ာျမင့္၊ ဗဟိုေကာ္မတီဝင္၊ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ေဒၚသန္းသန္းေအး၊ ဦးေ႐ႊနန္း၊ ဦးျမတ္သူ၊ ဦးေက်ာ္စန္း၊ ဦးမ်ိဳးျမင့္၊ ဗဟိုေကာ္မတီဝင္ ဦးေက်ာ္ျမင့္၊ ေအာင္ေျမသာစံခ႐ိုင္၊ မဟာေအာင္ေျမခ႐ိုင္၊ အမရပူရခ႐ိုင္တို႔မွ ဥကၠဌ၊ အတြင္းေရးမႈးမ်ား၊ အဆိုပါခ႐ိုင္မ်ားအတြင္းရွိ ၿမိဳ႕နယ္မ်ားမွ ဥကၠဌ၊ အတြင္းေရးမႈးမ်ား၊ စုစုေပါင္း ၃၀ဦး တက္ေရာက္ခဲ့ၾကပါသည္။

ေတြ႕ဆုံပြဲတြင္ ပါတီဗဟို ဒုတိယဥဥကၠဌ(၂)ဦးလွထြန္းမွ မိမိတို ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ ၂၀၁၀ ခုႏွစ္မွစ၍ ႏိူင္ငံေတာ္ကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ တင္ေပးခဲ့သည့္ ပါတီျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီး ေခတ္အဆက္ဆက္ ႀကဳံေတြ႕ ျဖတ္သန္းခဲ့ရသည့္ ျမန္မာ့ႏိူင္ငံေရး သမိုင္းေၾကာင္းျဖစ္စဥ္မ်ား၊ ျဖတ္သန္းခဲ့ရသည့္ ေ႐ြး ေကာက္ပြဲ ရလာဒ္မ်ား၊၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြ မဲမသမာမႈျဖစ္စဥ္မ်ားေၾကာင့္ တပ္မေတာ္မွ ႏိူင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့ရၿပီးေနာက္ အၾကမ္းဖက္အဖြဲ႕မ်ားမွ ႏိူင္ငံေတာ္ပ်က္စီးေအာင္ ဖ်က္ဆီးခဲ့မႈ အေျခအေနမ်ား၊ ကမာၻ႔ႏိူင္ငံမ်ား၏ အားၿပိဳင္မႈ အေျခအေနမ်ားအား အက်ယ္တဝင့္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ ပါတီအဆင့္ဆင့္ေ႐ြးခ်ယ္ဖြဲစည္းေရးႏွင့္ ပတ္သက္၍ ပါတီဗဟိုဌာနခ်ဳပ္မွ ၫႊန္ၾကားထားသည့္ ေ႐ြးခ်ယ္ဖြဲ႕စည္းေရး လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ပါတီအင္အားေတာင့္တင္းခိုင္မာေရးအတြက္ မ်ိဳးဆက္သစ္ လူငယ္၊အမ်ိဳးသမီးမ်ား၊ပညာတတ္လူငယ္မ်ား၊ျပည္သူလူထုက ေလးစားယုံၾကည္အားကိုးသူမ်ားပါဝင္ေအာင္ စည္း႐ုံး ေ႐ြးခ်ယ္ဖြဲ႕စည္းသြားရန္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။

၎ေနာက္ ပါတီဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးႏွင့္စစ္ကိုင္းတိုင္းေဒသႀကီးပါတီဥကၠဌ ဦးမင္းမင္းေဇယ်ာျမင့္တို႔က ပါတီအဆင့္ဆင့္ေ႐ြးခ်ယ္ဖြဲ႕စည္းေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္သြားမည့္ လုပ္ငန္းစဥ္မ်ားအား တင္ျပခဲ့ရာ ပါတီဗဟို ဒုတိယဥကၠဌ(၂)ဦးလွထြန္းက လိုအပ္သည္မ်ား ျဖည့္စြက္မွာၾကားခဲ့ၿပီး ေတြ႕ဆုံပြဲအား ႐ုပ္သိမ္းခဲ့ၾကပါသည္။


မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဗဟို ဒုတိယဥက္ကဌ(၂)ဦးလှထွန်းနှင့်တွေ့ဆုံပွဲပြုလုပ်
=================
၂၀-၇-၂၀၂၆ ရက်နေ့ ၁၃:၀၀မှ ၁၄:၀၀ အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဗဟို ဒုတိယဥက္ကဌ(၂)ဦးလှထွန်းနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ပါတီဗဟို ဒုတိယဥက္ကဌ(၂)ဦးလှထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ ပါတီဗဟိုအလုပ်အမှု ဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဦးမင်းမင်းဇေယျာမြင့်၊ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးရွှေနန်း၊ ဦးမြတ်သူ၊ ဦးကျော်စန်း၊ ဦးမျိုးမြင့်၊ ဗဟိုကော်မတီဝင် ဦးကျော်မြင့်၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်တို့မှ ဥက္ကဌ၊ အတွင်းရေးမှုးများ၊ အဆိုပါခရိုင်များအတွင်းရှိ မြို့နယ်များမှ ဥက္ကဌ၊ အတွင်းရေးမှုးများ၊ စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပါတီဗဟို ဒုတိယဥဥက္ကဌ(၂)ဦးလှထွန်းမှ မိမိတို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ နိူင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့သည့် ပါတီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခေတ်အဆက်ဆက် ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် မြန်မာ့နိူင်ငံရေး သမိုင်းကြောင်းဖြစ်စဥ်များ၊ ဖြတ်သန်းခဲ့ရသည့် ရွေး ကောက်ပွဲ ရလာဒ်များ၊၂၀၂၀ ခုနှစ် ရွေးကောက်ပွ မဲမသမာမှုဖြစ်စဥ်များကြောင့် တပ်မတော်မှ နိူင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရပြီးနောက် အကြမ်းဖက်အဖွဲ့များမှ နိူင်ငံတော်ပျက်စီးအောင် ဖျက်ဆီးခဲ့မှု အခြေအနေများ၊ ကမ္ဘာ့နိူင်ငံများ၏ အားပြိုင်မှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါတီအဆင့်ဆင့်ရွေးချယ်ဖွဲစည်းရေးနှင့် ပတ်သက်၍ ပါတီဗဟိုဌာနချုပ်မှ ညွှန်ကြားထားသည့် ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပါတီအင်အားတောင့်တင်းခိုင်မာရေးအတွက် မျိုးဆက်သစ် လူငယ်၊အမျိုးသမီးများ၊ပညာတတ်လူငယ်များ၊ပြည်သူလူထုက လေးစားယုံကြည်အားကိုးသူများပါဝင်အောင် စည်းရုံး ရွေးချယ်ဖွဲ့စည်းသွားရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဦးမင်းမင်းဇေယျာမြင့်တို့က ပါတီအဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား တင်ပြခဲ့ရာ ပါတီဗဟို ဒုတိယဥက္ကဌ(၂)ဦးလှထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြပါသည်။